လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်
မြန်မာ့ရေနံဓာတုဗေဒလုပ်ငန်းမှ တာဝန်ရှိသူများနှင့်တွေ့ဆုံဆွေးနွေးသည့်သတင်း
နေပြည်တော်၊ ၂၀၁၈ ခုနှစ်၊ မတ်လ (၇) ရက်
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်သည် ဒုတိယဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်တို့နှင့်အတူ (၆-၃-၂၀၁၈) ရက်နေ့မွန်းလွဲပိုင်း၌ ရုံးအမှတ်(၂၇)၊ လျှပ်စစ် နှင့်စွမ်းအင်ဝန်ကြီးဌာန အစည်းအဝေးခန်းမတွင် မြန်မာ့ရေနံဓာတုဗေဒလုပ်ငန်းမှ ဦးဆောင် ညွှန်ကြားရေးမှုးနှင့် တာဝန်ရှိသူများ၊ လုပ်ငန်းဌာနကြီးကြပ်မှုအောက်ရှိ ရေနံချက်စက်ရုံများ၊ ဓာတ်မြေသြဇာစက်ရုံများ၊ ရေနံဓာတ်ငွေ့ရည်စက်ရုံများ၊ မက်သနောစက်ရုံ(ဆိပ်သာ)၊ ရေနံ ဓာတုဗေဒပစ္စည်းများ သယ်ယူ/ပို့ဆောင်/ဖြန့်ဖြူးရေးဌာနတို့မှ စက်ရုံမှူးများနှင့် တာဝန်ရှိသူ များအားတွေ့ဆုံ၍ လုပ်ငန်းဆောင်ရွက်မှု အခြေအနေများအား ဆွေးနွေးလမ်းညွှန်မှာကြားခဲ့ ပါသည်။
အဆိုပါတွေ့ဆုံပွဲတွင် မြန်မာ့ရေနံဓာတုဗေဒလုပ်ငန်းမှ ဦးဆောင်ညွှန်ကြားရေးမှုးနှင့် စက်ရုံမှူးများမှ စက်ရုံများလည်ပတ်ထုတ်လုပ်မှုအခြေအနေများနှင့် ပြုပြင်ထိန်းသိမ်းမှု လုပ် ငန်းများတင်ပြမှုအပေါ် ပြည်ထောင်စုဝန်ကြီးမှ လည်ပတ်နေသောစက်ရုံများ စွမ်းအားပြည့် လည်ပတ်နိုင်ရေးနှင့် ရပ်ဆိုင်းထားသောစက်ရုံများမှ အချို့ကို ပြန်လည်လည်ပတ်နိုင်ရန်ကိစ္စ၊ အချို့ကို နိုင်ငံတော်အတွက် အကျိုးရှိမည့် လုပ်ငန်းအမျိုးအစားသို့ ပြောင်းလဲဆောင်ရွက် နိုင်ရေး သုံးသပ်စီမံဆောင်ရွက်ရန်၊ ရေနံဓာတ်ငွေ့ရည်စက်ရုံများ စွမ်းအားပြည့်လည်ပတ်ပြီး ထုတ်လုပ်မှုတိုးကာ အများပြည်သူသို့ ပိုမိုတိုးတက်ဖြန့်ဖြူးနိုင်ရန် စျေးကွက်လိုအပ်ချက်အပေါ် မူတည်၍ အဆင့်မြင့် ဓာတ်ဆီနှင့် ရေနံထွက်ပစ္စည်းများ တိုးမြှင့်ထုတ်လုပ်နိုင်ရေး ကြိုးပမ်း ဆောင်ရွက်ရန်၊ ကျွမ်းကျင်ဝန်ထမ်းများ ခါးဆက်မပြတ်စေရေးအတွက် မျိုးဆက်သစ်ဝန်ထမ်း များအား တွဲဘက်တာဝန်ပေးအပ်ရန်၊ စက်ရုံများနှင့် ဓာတ်ခွဲခန်းများအား အဆင့်မြှင့်တင် နိုင်ရေးတို့အတွက် လေ့လာသုံးသပ်စီမံ ဆောင်ရွက်ရန်တို့အား ဆွေးနွေးမှာကြားခဲ့ပါသည်။