သတင်းထုတ်ပြန်ချက်
၂၀၁၈ ခုနှစ်၊ မတ်လ ၁၄ ရက်
အခမ်းအနား၌ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၏ ဆောင်ရွက်ဆဲ/ဆောင်ရွက်မည့်အစီအမံများ အပါအဝင် LNG ( Liquefied Natural Gas ) မှ လျှပ်စစ်ဓာတ်အားပေးစက်ရုံ ၄ ခုကို NTP ဆောင်ရွက် ခဲ့သည့်အခြေအနေ၊ မဟာဓာတ်အားလိုင်းများ တည်ဆောက်နေသည့်အခြေအေန၊ အိမ်သုံးမီတာများ နှင့်ပတ်သက်၍ ဆောင်ရွက်ထားရှိမှုနှင့် ဆက်လက်ဆောင်ရွက်မည့်အခြေအနေ၊ မီတာခနှုန်းထား ပြင်ဆင်ခြင်းနှင့်ပတ်သက်၍ အခြေခံကျသည့်အချက်များအား စဉ်စားတွက်ချက်မှုအခြေအနေ၊ မီတာများ နှင့်ပတ်သက်၍ Test Lab ဌာနများ၏ ဆောင်ရွက်ပုံအဆင့်ဆင့်၊ ကမ်းလွန်လုပ်ကွက် A-6 နှင့် AD-7 တို့မှ သဘာဝဓာတ်ငွေ့ထုတ်ယူနိုင်မည့်အခြေအနေ၊ ရေနံနှင့်သဘာဝဓာတ်ငွေ့ပိုမိုထုတ်လုပ်နိုင်ရေး ဆောင်ရွက်ထားမှုအခြေအနေ၊ ထုတ်လုပ်ဆဲသဘာဝဓာတ်ငွေ့မြေများတွင် ထုတ်လုပ်မှုမကျဆင်းစေရန် ဆောင်ရွက်လျက်ရှိသည့်အခြေအနေ၊ စက်သုံးဆီဖြန့်ဖြူးရောင်းချခွင့်လိုင်စင် လျှောက်ထားရာတွင် ပိုမိုအဆင်ပြေချောမွေ့စေရန်နှင့် လုပ်ငန်းလျင်မြန်မှုရှိစေရန် ဆောင်ရွက်ထားမှုအခြေအနေနှင့် အာဆီယံ စွမ်းအင်ဆိုင်ရာဆုတံဆိပ်ပြိုင်ပွဲများတွင် မြန်မာနိုင်ငံမှ စိတ်ပါဝင်စားသည့်အဖွဲ့အစည်းများ ဝင်ရောက် ယှဉ်ပြိုင်နိုင်ရေးအတွက် ဆောင်ရွက်မည့်အခြေအနေများနှင့်စပ်လျဉ်း၍ သတင်းထုတ်ပြန်ခဲ့ပါသည်။
အဆိုပါအခမ်းအနားသို့ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီးနှင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ ပြောရေးဆိုခွင့်နှင့်သတင်းထုတ်ပြန်ရေးအဖွဲ့တာဝန်ရှိသူများနှင့် ပြည်တွင်းပြည်ပ မီဒီယာသတင်းဌာန (၆၀) ကျော်ခန့် တက်ရောက်ခဲ့ပါသည်။