The Republic of the union of myanmar

Ministry Of Electricity And Energy

Breaking News :

MOGE Geological Forum 2018 ကျင်းပပြုလုပ်သည့် သတင်း 

MOGE Geological Forum 2018 ကျင်းပပြုလုပ်သည့် သတင်း      

နေပြည်တော်၊ ၂၀၁၈ ခုနှစ်၊ မတ်လ ( ၁၅ ) ရက်

              လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်းမှ ကြီးမှူးပြီး ကုန်းတွင်းနှင့် ကမ်းလွန်လုပ်ကွက်များ၌ ရေနံနှင့်သဘာဝဓာတ်ငွေ့ရှာဖွေထုတ်လုပ်ရေးလုပ်ငန်းများ ကို အကျိုးတူ ပူးပေါင်းဆောင်ရွက်လျက်ရှိသော Total E & P , PETRONAS , PTTEP ကုမ္ပဏီ များနှင့်ပူးပေါင်း၍ MOGE Geological Forum 2018 အခမ်းအနားကို ၂၀၁၈ ခုနှစ်၊ မတ်လ ၁၅ ရက်နေ့ နံနက်ပိုင်းတွင် မင်္ဂလာသီရိ ဟိုတယ်၊ နေပြည်တော်၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

              အဆိုပါ အခမ်းအနားသို့ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်၊ ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်၊ ဌာနဆိုင်ရာ အကြီးအကဲများ ၊ ပြည်တွင်းပြည်ပမှ ရေနံဘူမိဗေဒဆိုင်ရာပညာရှင်များ၊ ရေနံအင်ဂျင်နီယာများ၊ ဆက်စပ်ကဏ္ဍများမှ ပညာရှင်များ၊ ပြည်ပရေနံ ကုမ္ပဏီများမှ ပုဂ္ဂိုလ်များနှင့် တက္ကသိုလ်/ ကောလိပ်များမှ ပညာရှင်များ ဖိတ်ကြား ထားသူများ တက်ရောက်ကြပါသည်။

              ယင်း အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာ၌ မြန်မာ့ ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်းက ဦးဆောင်ကျင်းပသည့် ဤ Forum မှာ မြန်မာနိုင်ငံ ရေနံဘူမိ ဗေဒကဏ္ဍတွင် “ New Concepts , New Technologies , New Discoveries” Themes ဖြင့် ဆွေးနွေးတင်ပြကြမှာ ဖြစ်ကြောင်း၊ အဓိက ဆွေးနွေးမည့် ခေါင်းစဉ်များမှာ General and Regional Framework Geology ၊ Hydrocarbon Assessment of Myanmar Onshore & Offshore Basins များဖြစ်ကြောင်း၊ ရေနံရှာဖွေရေးလုပ်ငန်းမှာ Geosciences ဘာသာရပ်က အဓိက အခန်းကဏ္ဍတွင် ပါဝင်နေကြောင်း၊ ယင်း Forum မှ ဘူမိဗေဒဆိုင်ရာ နည်းပညာများ ၊ အသိပညာများ ပြန့်ပွားရေးကို မျှဝေသွားနိုင်မည်ဖြစ်ကြောင်း၊ သုတေသနလုပ်ငန်းများကို ပညာရှင် များနှင့်ချိတ်ဆက်၍ တိုးမြှင့်ဆောင်ရွက်သွားနိုင်မည်ဖြစ်ကြောင်း၊ အပြန်အလှန်ဆွေးနွေးမှုများမှ တစ်ဆင့် မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်းနှင့် ရေနံဘူမိဗေဒ အသိုက်အဝန်းအတွက် အကျိုး ကျေးဇူးများစွာရရှိမည်ဖြစ်ကြောင်း ၊ အစိုးရသစ်အနေဖြင့် ကုန်းတွင်းနှင့် ကမ်းလွန် လုပ်ကွက်များမှ ရေနံနှင့်သဘာဝဓာတ်ငွေ့ ရှာဖွေ၊ တူးဖော်၊ ထုတ်လုပ်ရေးလုပ်ငန်းကို တိုးချဲ့ဆောင်ရွက်ရန် ဦးစားပေးဆောင်ရွက်မည် ဖြစ်ကြောင်း၊ နိုင်ငံ၏စွမ်းအင်ဖူလုံရေးနှင့် ပိုလျှံပါက ဒေသတွင်းနိုင်ငံ များနှင့်မျှဝေသုံးစွဲရန်ဖြစ်ကြောင်း၊ ယင်းဆွေးနွေးပွဲမှ ထွက်ပေါ်လာမည့်ရလဒ်ကောင်းများမှ ရေနံ လုပ်ငန်း၏ လိုအပ်ချက်များ ၊ အကျိုးတူ ပူးပေါင်းဆောင်ရွက်လျက်ရှိသော ပြည်တွင်းပြည်ပ ရေနံ ကုမ္ပဏီများ၏ လိုအပ်ချက်၊ မျှော်လင့်ချက်များကို ဖြည့်ဆည်းပေးနိုင်မည်ဖြစ်ကြောင်း မှတ်ချက် ပြုပြောကြားခဲ့ပါသည်။

              အဆိုပါ Forum အား (၁၅-၃-၂၀၁၈)ရက်နှင့် (၁၆-၃-၂၀၁၈)ရက် နေ့လည်ပိုင်းအထိ ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး PANEL Discussion မှ ဆွေးနွေးပွဲ၏ ရလာဒ်များကို စုစည်း သုံးသပ်အဖြေထုတ်သွားရန် စီစဉ်ထားကြောင်း သတင်းရရှိပါသည်။

Post under by : ဝန်ကြီးရုံး
15-Mar-2018