The Republic of the union of myanmar

Ministry Of Electricity And Energy

Breaking News :

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ လျှပ်စစ်နှင့်စွမ်းအင်ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများအား ကြည့်ရှုစစ်ဆေးသည့်သတင်း          

နေပြည်တော်၊၂၀၁၈ခုနှစ်၊မတ်လ ( ၂၄ ) ရက်

            ရန်ကုန်တိုင်းဒေသကြီး၊ရန်ကုန်အနောက်ပိုင်းခရိုင်၊ကမာရွတ်မြို့နယ်အတွင်းရှိပြည်သူများ လျှပ်စစ်ဓာတ်အားကောင်းမွန်စွာသုံးစွဲနိုင်ရေး၊ ဗို့အားစနစ်တည်ငြိမ်မှုရှိစေရေး၊ ဓာတ်အားပျောက် ဆုံးမှုလျော့ချနိုင်ရေးအတွက် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်သည် ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်၊ အမြဲတမ်းအတွင်းဝန် ဦးတင်မောင်ဦးနှင့် ရန်ကုန်လျှပ်စစ် ဓာတ်အားပေးရေးကော်ပိုရေးရှင်းမှ တာဝန်ရှိသူများလိုက်ပါလျက်၂ ၀၁၈ခုနှစ်၊ မတ်လ (၂၄) ရက်နေ့ နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်မြို့နယ်အတွင်းရှိ ၆၆-ကေဗွီ တက္ကသိုလ်ဓာတ်အား ခွဲရုံ၊ ၆၆ -ကေဗွီ MRTV-3 -ဓာတ်အားခွဲရုံ၊ ကမာရွတ်မြို့နယ်လျှပ်စစ်မန်နေဂျာရုံး၊ ၆၆-ကေဗွီ ဦးဝိစာရ (GIS) ဓာတ်အားခွဲရုံနှင့် ပစ္စည်းစီမံရေးဌာန၊ ပစ္စည်းသိုလှောင်ရုံတို့အား သွားရောက် ကြည့်ရှုစစ်ဆေးခဲ့ပါသည်။

            ရှေးဦးစွာပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ရန်ကုန်တက္ကသိုလ် ၆၆ ကေဗွီဓာတ်အားခွဲရုံသို့ ရောက်ရှိပြီး Switch Yard အတွင်း လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများနှင့် ဓာတ်အား ထိန်းချုပ်ခန်းအတွင်း ဓာတ်အားဖြန့်ဖြူးနေမှုအခြေအနေများအား ကြည့်ရှုစစ်ဆေးခဲ့ပါသည်။ ထို့နောက် ဓာတ်အားခွဲရုံ ဓာတ်အားထိန်းချုပ်ခန်းတွင် ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေး ကော်ပို ရေးရှင်း အထွေထွေမန်နေဂျာ (ဓာတ်/ဖြန့်)နှင့် ဓာတ်အားခွဲရုံမှူးတို့မှ ဓာတ်အားခွဲရုံအခြေအနေနှင့် ဓာတ်အားခွဲရုံမှ ဓာတ်အားများဖြန့်ဖြူးပေးနေမှု အခြေအနေတို့နှင့်ပတ်သက်၍ ရှင်းလင်းတင်ပြရာ ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း ဥက္ကဋ္ဌမှ ဖြည့်စွက်ရှင်းလင်းတင်ပြပြီး ဒုတိယ ဝန်ကြီးဒေါက်တာထွန်းနိုင်မှ လိုအပ်သည်များ ဖြည့်စွက်ရှင်းလင်းတင်ပြမှုများအပေါ် ပြည်ထောင်စု ဝန်ကြီးမှ သိလိုသည်များ မေးမြန်းဆွေးနွေးပြီး လုပ်ငန်းလိုအပ်ချက်များကို လမ်းညွှန်မှာကြားခဲ့ ပါသည်။

            ၆၆-ကေဗွီ ရန်ကုန်တက္ကသိုလ်ဓာတ်အားခွဲရုံတွင် ၆၆/၁၁-၆.၆ကေဗွီ၊ (၃၀) အမ်ဗွီအေ ထရန်စဖော်မာတပ်ဆင်ထားပြီး၊ (၂၃၀)ကေဗွီ အလုံပင်မဓာတ်အားခွဲရုံမှ ဓာတ်အားလက်ခံရယူ၍ ကမာရွတ်မြို့နယ်အတွင်းရှိ ရန်ကုန်တက္ကသိုလ်ဝင်း၊ အဆင့်မြင့်ပညာဦးစီးဌာနနှင့် အမှတ်(၂)၊ အမှတ် (၉)၊ အမှတ် (၁၀) ရပ်ကွက်များသို့ဓာတ်အားဖြန့်ဖြူးပေးလျက်ရှိပါသည်။

            ၎င်းနောက် ကမာရွတ်မြို့နယ် လျှပ်စစ်မန်နေဂျာရုံးသို့ ရောက်ရှိပြီး အစည်းအဝေးခန်းမ တွင် ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း၊ အထွေထွေမန်နေဂျာ (ဓာတ်/ဖြန့်)မှ ကမာ ရွတ်မြို့နယ်အတွင်းရှိ ဓာတ်အားခွဲရုံများ အဆင့်မြှင့်တင်ခြင်း လုပ်ငန်းဆောင်ရွက်ထားရှိမှု အခြေ အနေ၊ မြို့နယ်လျှပ်စစ်မန်နေဂျာမှ ကမာရွတ်မြို့နယ်အတွင်း လျှပ်စစ်ဓာတ်အားသုံးစွဲမှု အခြေအနေ များနှင့် လျှပ်စစ်ဓာတ်အားဖြန့်ဖြူးမှုအခြေအနေများအား ရှင်းလင်းတင်ပြရာ ရန်ကုန်လျှပ်စစ် ဓာတ်အားပေးရေးကော်ပိုရေးရှင်း ဥက္ကဋ္ဌမှ ဖြည့်စွက်ရှင်းလင်းတင်ပြပြီး ဒုတိယဝန်ကြီးဒေါက်တာ ထွန်းနိုင်မှ လိုအပ်သည်များ ဖြည့်စွက်ရှင်းလင်းတင်ပြမှုများအပေါ် ပြည်ထောင်စုဝန်ကြီးမှ သိလို သည်များမေးမြန်းဆွေးနွေးပြီး လုပ်ငန်းလိုအပ်ချက်များကို လမ်းညွှန်မှာကြားခဲ့ပါသည်။

            ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် MRTV-3 ခွဲရုံသို့ ရောက်ရှိပြီး ဓာတ်အား ခွဲရုံတွင် ၆၆/၃၃ကေဗွီ (၃၀) အမ်ဗွီအေထရန်စဖော်မာ၊ ၆၆/၁၁ကေဗွီ (၃၀)အမ်ဗွီအေ ထရန်စဖော်မာ၊ ၆၆/၆.၆ကေဗွီ (၃၀) အမ်ဗွီအေထရန်စဖော်မာ စုစုပေါင်းထရန်စဖော်မာ (၃) လုံးတပ်ဆင်ထား ရှိပြီး၂၃၀-ကေဗွီအလုံပင်မဓာတ်အားခွဲရုံ၊ ဘုရင့်နောင်ပင်မဓာတ်အားခွဲရုံတို့မှ ဓာတ်အားရယူ၍ ကမာရွတ်မြို့နယ်၊ စမ်းချောင်းမြို့နယ်နှင့် ကြည့်မြင်တိုင်မြို့နယ်များသို့ ဓာတ်အားဖြန့်ဖြူးပေးနေမှု အခြေအနေများအား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပြီး လုပ်ငန်းလိုအပ်ချက်များအား မှာကြားခဲ့ ပါသည်။ ထို့နောက် ကမာရွတ်မြို့နယ် လျှပ်စစ်မန်နေဂျာရုံးမှ ဝန်ဆောင်မှုလုပ်ငန်းများ (ဘီလ်/ မီတာ) ဆောင်ရွက်နေမှု အခြေအနေများအား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပါသည်။

            ထို့နောက်ဦးဝိစာရ ၆၆ကေဗွီ GIS ခွဲရုံသို့ရောက်ရှိ၍ ဓာတ်အားခွဲရုံတွင် ၆၆/၁၁-၆.၆ကေဗွီ (၃၀) အမ်ဗွီအေ ထရန်စဖော်မာတပ်ဆင်ထားပြီး (၂၃၀) ကေဗွီ ဘုရင့်နောင်ပင်မဓာတ်အားခွဲရုံမှ ဓာတ်အားရယူ၍ ကမာရွတ်မြို့နယ်၊ စမ်းချောင်းမြို့နယ်၊ ဗဟန်းမြို့နယ်များသို့ဓာ တ်အားဖြန့်ဖြူးမှု အခြေအနေများအား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပါသည်။ ၎င်းနောက် ရန်ကုန်လျှပ်စစ်ဓာတ်အားပေး ရေးကော်ပိုရေးရှင်း၊ ပစ္စည်းစီမံရေးဌာနခွဲ၊ ပစ္စည်းသိုလှောင်ရုံများအတွင်းရှိ ဓာတ်အားခွဲရုံ၊ ဓာတ်အား လိုင်းနှင့် ဓာတ်အားဖြန့်ဖြူးရေး လုပ်ငန်းသုံးပစ္စည်းများ ထိန်းသိမ်းထားရှိမှု အခြေအနေများအား ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက ရှင်းလင်းတင်ပြကြပြီး တင်ပြချက်များအပေါ် ပြည်ထောင်စု ဝန်ကြီးက လုပ်ငန်းသုံးပစ္စည်းများအား စနစ်တကျ ဂရုပြုသုံးစွဲသွားကြရန်နှင့် လုပ်ငန်းသုံးပစ္စည်းများ အား လေလွင့်ဆုံးရှုံးမှုမရှိစေရေး ဂရုပြုဆောင်ရွက်သွားကြရန် မှာကြားခဲ့ပါသည်။

            ၎င်းနောက် လျှပ်စစ်ဓာတ်အားပို့လွှတ်ရေးနှင့်ကွပ်ကဲရေးဦးစီးဌာန၊ ဓာတ်အားစနစ် ကာကွယ်ရေးနှင့် လျှပ်စစ်စမ်းသပ်ရေးဌာန(ရန်ကုန်)သို့ရောက်ရှိရာ တာဝန်ရှိသူများမှ မီတာ (အသစ်)များ စမ်းသပ်စစ်ဆေးခြင်း၊ ရပ်၊ ပျက်၊ နှေးမီတာအဟောင်းများ စမ်းသပ်စစ်ဆေးခြင်း၊ စက်ရုံ၊ ဓာတ်အားခွဲရုံ စီမံကိန်းများမှ တည်ဆောက်ပြီးစီးသော Transformer များ၊ Switch Bay များ၊ Control Pannel များ၊ Protection Relay များအား ဓာတ်အားပို့လွှတ်နိုင်ရန်အတွက် စမ်းသပ်စစ်ဆေးပေးခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေများ ရှင်းလင်းတင်ပြပြီး ဒုတိယ ဝန်ကြီးဒေါက်တာထွန်းနိုင်မှ လိုအပ်သည်များ ဖြည့်စွက်ရှင်းလင်းတင်ပြမှုများအပေါ် ပြည်ထောင်စု ဝန်ကြီးမှ သိလိုသည်များ မေးမြန်းဆွေးနွေးပြီး လုပ်ငန်းလိုအပ်ချက်များကို လမ်းညွှန်မှာကြားခဲ့ ပါသည်။

           

Post under by : ဝန်ကြီးရုံး
24-Mar-2018