The Republic of the union of myanmar

Ministry Of Electricity And Energy

Breaking News :

၆၆ကေဗွီပုဏ္ဏားကျွန်း - ရသေ့တောင်ဓာတ်အားလိုင်း (၂၂.၂)မိုင်နဲ့၆၆/၁၁ကေဗွီ၊ (၅)အမ်ဗွီအေ ရသေ့တောင်ဓာတ်အားခွဲရုံမှ ရသေ့တောင်မြို့သို့ လျှပ်စစ်ဓာတ်အားစတင်ပို့လွှတ်ခြင်း

 

၁။             ရခိုင်ပြည်နယ်အတွင်း ဓာတ်အားစနစ်မှ  ဓာတ်အားမရရှိသေးသည့်  ရသေ့တောင်၊ ဘူးသီးတောင်၊ မောင်တောမြို့နဲ့ ပတ်ဝန်းကျင်ဒေသများမှာ အမြန်ဆုံး လျှပ်စစ်ဓာတ်အားရရှိရေး ဆောင်ရွက်သွားရန် လမ်းညွှန်ချက်များအရ စီမံကိန်းလုပ်ငန်းများကို ၂၀၁၇ ခုနှစ်၊ စက်တင်ဘာလမှ စတင်၍ အကောင် အထည်ဖော်ဆောင်ရွက်ခဲ့ရာ  ၆၆ ကေဗွီ ပုဏ္ဏားကျွန်း - ရသေ့တောင် ဓာတ်အားလိုင်း(၂၂.၂)မိုင်၊ ၂၃၀ ကေဗွီ ပုဏ္ဏားကျွန်း ဓာတ်အားခွဲရုံ Switch Bay တိုးချဲ့ တည်ဆောက်ခြင်း နှင့်  ၆၆/၁၁ ကေဗွီ၊ (၅) အမ်ဗွီအေ ရသေ့တောင်ဓာတ်အားခွဲရုံ တည်ဆောက်ခြင်းလုပ်ငန်းများမှာ ဆောင်ရွက်ပြီးစီးပြီ ဖြစ်သဖြင့်  ရသေ့တောင်မြို့အား  (၂၅-၃-၂၀၁၈) ရက်နေ့  မှစတင်ကာ နိုင်ငံတော် ဓာတ်အားစနစ်ဖြင့် ဓာတ်အား ပို့လွှတ်ထားပြီးဖြစ်ပါသည်။

၂။          ထို့အပြင် ဓာတ်အားဖြန့်ဖြူးရေးလိုင်းများနှင့် ထရန်စဖော်မာများကို  ဆက်လက် တည်ဆောက်ပေးလျက်ရှိရာ ရသေ့တောင်မြို့ပတ်ဝန်းကျင်ရှိ ကျေးရွာပေါင်း (၁၉၆) ရွာ (အိမ်ထောင်စုအနေဖြင့် (၂၈,၅၉၄)စုရှိတဲ့အနက် ကျေးရွာ(၂၆) ရွာ၊ အိမ်ထောင်စုပေါင်း (၅,၉၁၈ စု) အား နိုင်ငံတော် ဓာတ်အားစနစ်မှ ထပ်မံဓာတ်အားဖြန့်ဖြူးပေးနိုင်တော့မည်ဖြစ်ပြီး အသေးစားစက်မှုလက်မှု လုပ်ငန်း များလည်း ဖွံ့ဖြိုးတိုးတက်လာခြင်းနှင့်အတူ ဒေသခံ ပြည်သူများ၏ လူမှုစီးပွားဘဝများလည်း ဖွံ့ဖြိုးတိုးတက်လာတော့မည် ဖြစ်ပါသည်။

Post under by : ဝန်ကြီးရုံး
30-Mar-2018