The Republic of the union of myanmar

Ministry Of Electricity And Energy

Breaking News :

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင် ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်နှင့် မြောက်ဦးခရိုင်အတွင်း လျှပ်စစ်ဓာတ်အားဖြန့်ဖြူးပေးသည့် ဓာတ်အားခွဲရုံများအား စစ်ဆေးသည့် သတင်း

         

          ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်နှင့် မြောက်ဦးခရိုင်အတွင်းရှိ ပြည်သူများ လျှပ်စစ်ဓာတ်အား ကောင်းမွန်စွာသုံးစွဲနိုင်ရေး၊ ဗို့အားစနစ်တည်ငြိမ်မှုရှိစေရေး၊ ဓာတ်အားပျောက်ဆုံးမှုလျော့ချနိုင်ရေး အတွက်  လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင် သည် အမြဲတမ်းအတွင်းဝန် ဦးတင်မောင်ဦး၊ လျှပ်စစ်စွမ်းအားစီမံရေးဦးစီးဌာန၊ လျှပ်စစ်ဓာတ်အားပို့လွှတ်ရေးနှင့်ကွပ်ကဲရေး ဦးစီးဌာနနှင့် လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်း မှ တာဝန်ရှိသူများ လိုက်ပါလျက် ၂၀၁၈ ခုနှစ်၊ မတ်လ (၃၀) ရက်နေ့ မွန်းလွဲပိုင်းတွင် ပုဏ္ဍားကျွန်းမြို့ရှိ ၂၃၀/၆၆/၁၁ ကေဗွီ ၊ ၁၀၀ အမ်ဗွီအေ ပုဏ္ဍားကျွန်း ပင်မဓာတ်အားခွဲရုံသို့ သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ပါသည်။

          ပင်မဓာတ်အားခွဲရုံမှူးမှ ဓာတ်အားခွဲရုံအခြေနေနှင့် ဓာတ်အားခွဲရုံမှ ဓာတ်အားများဖြန့်ဖြူးပေး နေမှုအ​ခြေအနေများအား လည်းကောင်း၊ မဟာဓာတ်အားလိုင်းမှူးရုံး (အမ်း) မှ တာဝန်ရှိသူမှလည်း အမ်း၊ တောင်ကုတ်၊ ကျောက်ဖြူ၊ ပုဏ္ဍားကျွန်း၊ မအီနှင့် မြောက်ဦးမြို့တို့တွင် လိုင်းထိန်းသိမ်းရေး စခန်းခွဲများ ဖွင့်လှစ်၍ ပုံမှန်လိုင်းစစ်ဆေးခြင်းနှင့် အရေးပေါ် လိုင်းစစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေများအား ရှင်းလင်းတင်ပြရာ ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်မှ သိရှိလိုသည်များ မေးမြန်းဆွေးနွေးပြီး လုပ်ငန်းလိုအပ်ချက်များကို လမ်းညွှန်မှာကြားခဲ့ပါသည်။

          ဆက်လက်၍ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင် သည် တာဝန်ရှိသူများ လိုက်ပါလျက် မတ်လ (၃၁) ရက်နေ့ နံနက်ပိုင်းတွင် မြောက်ဦးခရိုင် ကျောက်တော်မြို့ရှိ ၆၆/၃၃ ကေဗွီ ၊ ၃ အမ်ဗွီအေ၊ ၆၆/၁၁ ကေဗွီ ၊ ၅ အမ်ဗွီအေ ဓာတ်အားခွဲရုံသို့ သွားရောက်၍ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးနေမှု အခြေအနေများအား ကြည့်ရှုစစ်ဆေးခဲ့ပြီး လုပ်ငန်းလိုအပ်ချက်များအား ညှိနှိုင်းဆောင် ရွက်ပေးခဲ့ကြောင်း သတင်းရရှိပါသည်။

Post under by : ဝန်ကြီးရုံး
31-Mar-2018