The Republic of the union of myanmar

Ministry Of Electricity And Energy

Breaking News :

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင် မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့ လုပ်ငန်းနှင့် အကျိုးတူပူးပေါင်းဆောင်ရွက်လျက်ရှိသော ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ PTTEP ကုမ္ပဏီ ရုံးချုပ် တွင် ကုမ္ပဏီမှ တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးသည့်သတင်း

         

၂၀၁၈ ခုနှစ်၊ ဧပြီလ  ၅  ရက်

          ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တွင် ကျင်းပပြုလုပ်သည့် 2nd Asian and Pacific Energy Forum သို့တက်ရောက်ရန် ရောက်ရှိနေသည့် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင် ဦးစီးသော မြန်မာကိုယ်စားလှယ်အဖွဲ့သည် ဧပြီလ ၅ ရက်နေ့ မွန်းလွဲပိုင်းက မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းနှင့် အကျိုးတူပူးပေါင်းဆောင်ရွက်လျက်ရှိသော PTTEP ကုမ္ပဏီရုံးချုပ်သို့ ရောက်ရှိခဲ့ရာ တာဝန်ရှိသူများက ကြိုဆိုပြီး ရှင်းလင်းခန်းမတွင် PTTEP ကုမ္ပဏီ၏ ရေနံနှင့် သဘာဝဓာတ်ငွေ့ရှာဖွေတူးဖော်ထုတ်လုပ် ဆောင်ရွက်နေမှုအခြေအနေများကို ရှင်းလင်းတင်ပြခဲ့ ပါသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့အား  Sub Surface Data Management System အား ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးမှလည်း မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့ လုပ်ငန်း၏ Data Management System အား အဆင့်မြှင့်တင်ဆောင်ရွက်ရန် အစီအစဉ်များကို ပြန်လည် ဆွေးနွေးခဲ့ပါသည်။

          ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးဦးစီးသော မြန်မာကိုယ်စားလှယ်အဖွဲ့သည် PTTEP Core Research Centre သို့ ရောက်ရှိခဲ့ရာ တာဝန်ရှိသူများကကြိုဆိုပြီး Core Research Centre တွင် လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများကို ရှင်းလင်းတင်ပြခဲ့ပါသည်။ ပြည်ထောင်စုဝန်ကြီးမှလည်း မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်း၏ Core Laboratory အား အဆင့်မြှင့်တင်ဆောင်ရွက်ရန် အခြေအနေများအား ပြန်လည်ဆွေးနွေးပြီး Core Research Centre အတွင်း လှည့်လည်လေ့လာ ခဲ့ပါသည်။

Post under by : ဝန်ကြီးရုံး
05-Apr-2018