နေပြည်တော်၊ ဧပြီလ ၁၇ ရက်
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင် ခေါင်းဆောင်သော မြန်မာ ကိုယ်စားလှယ်အဖွဲ့သည် ယနေ့နံနက်ပိုင်း၌ ဂျာမဏီနိုင်ငံ၊ ဘာလင်မြို့တွင် ကျင်းပလျက်ရှိသော Berlin Energy Transition Dialogue 2018 ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ပါသည်။
အဆိုပါဖွင့်ပွဲအခမ်းအနားတွင် ဂျာမဏီနိုင်ငံ Federal Foreign Minister Mr. Heiko Maas နှင့် Federal Minister for Economic affairs and Energy ဖြစ်သူ Mr. Peter Altmaier တို့မှ နှုတ်ခွန်းဆက်စကားများ ပြောကြားခဲ့ပါသည်။
ထို့နောက်အစည်းအဝေးကို အစီအစဉ်အတိုင်း ဆက်လက်ကျင်းပရာ ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့မှ ဆက်လက်တက်ရောက်ခဲ့ပြီးနောက် မွန်းလွဲပိုင်းတွင် Contribution of Renewables to Energy Security ခေါင်းစဉ်ဖြင့် ကျင်းပသော Ministerial Panel Section တွင် ပြည်ထောင်စု ဝန်ကြီးမှ Panelist အဖြစ် ပါဝင်ဆွေးနွေးခဲ့ပါသည်။