The Republic of the union of myanmar

Ministry Of Electricity And Energy

Breaking News :

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဦးဝင်းခိုင် Latitude Capital Company မှကြီးမှူးကျင်းပသည့် Electric Utility Leadership Seminar တွင်အဖွင့်အမှာစကားပြောကြားသည့်သတင်း

နေပြည်တော်၊ ၂၀၁၈ ခုနှစ်၊ဧပြီလ( ၂၇)ရက်

          လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၏အစီအစဉ်ဖြင့် အမေရိကန်နိုင်ငံအခြေစိုက် Latitude Capital Company မှကြီးမှူးကျင်းပပြုလုပ်သည့် Electric Utility Leadership Seminar အခမ်းအနားအား ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်၊ Hilton Hotel ၌ ကျင်းပပြုလုပ် ခဲ့ပါသည်။

          အဆိုပါအခမ်းအနားသို့ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်၊ ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်၊ အမြဲတမ်းအတွင်းဝန် ဦးတင်မောင်ဦး၊ Latitude Capital Company မှ Mr. Frank Perez ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ တာဝန်ရှိသူများနှင့် ဖိတ်ကြား ထားသူများ တက်ရောက်ကြပါသည်။

          အဆိုပါအခမ်းအနား၌ ပြည်ထောင်စုဝန်ကြီးမှ အဖွင့်အမှာစကားပြောကြားရာတွင် နိုင်ငံတကာ Electric Utility Leadership ဆိုင်ရာ အတွေ့အကြုံများအား ယခု Seminar တွင်မျှဝေဆွေးနွေးနိုင်မည် ဖြစ်သောကြောင့် ကြီးမှူးကျင်းပပြုလုပ်သော သက်ဆိုင်ရာအဖွဲ့ အစည်းများအားကျေးဇူးတင်ပါကြောင်း၊ တက်ရောက်လာသူများမှ စိတ်ပါဝင်စားစွာ ဆွေးနွေး ကြမည်ဟု အပြည့်အဝယုံကြည်ပါကြောင်း၊ ဝန်ကြီးဌာန၏ ရည်မှန်းချက်ဖြစ်သော “Reliable, Affordable and Sustainable Electricity” အရ နိုင်ငံတော်၏ အနာဂတ် လျှပ်စစ်နှင့်စွမ်းအင် လိုအပ်ချက်အား ပြည့်ဝတည်ငြိမ်စွာဖြင့် ပံ့ပိုးပေးနိုင်ရေးကြိုးပမ်းရာတွင် စီမံခန့်ခွဲမှုဆိုင်ရာ ဦးဆောင်မှု အရည်အသွေးများမြင့်မားရေးသည် အထူးအရေးကြီးကြောင်း၊ အနာဂတ် စျေးကွက် လိုအပ်ချက်အား ပြည့်ဝစွာဖြည့်ဆည်းဆောင်ရွက်နိုင်ရေးအတွက် ခေတ်မီနည်းပညာများဖြင့် လျှပ်စစ်ဓာတ်အားထုတ်လုပ်နိုင်မည့် အရင်းအမြစ်များအား ရှာဖွေဖော်ထုတ်ခြင်း၊ High Voltage Direct Current (HVDC) နည်းပညာသုံး မဟာဓာတ်အား လိုင်းများတည်ဆောက်ခြင်း နှင့် Smart Grid Distribution စနစ်များအားတည်ဆောက်သွားမည်ဖြစ်ကြောင်း၊ စီမံခန့်ခွဲမှုဆိုင်ရာ ရှုထောင့်အရ ဖြစ်နိုင်ချေရှိသည့် လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှုနှင့်ဖြန့်ဖြူးမှုများဖြင့် ပြည်သူများ အတွက် လျှပ်စစ်ဓာတ်အားပိုမို ထုတ်လုပ်ဖြန့်ဖြူးရေးအတွက် နည်းလမ်းများစွာဖြင့် ကြိုးပမ်း ဆောင်ရွက်သွားရာတွင် Liquefied Natural Gas (LNG) to Power Projects များမှ လျှပ်စစ်ဓာတ်အားထုတ်လုပ်ခြင်းအား အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ ဒေသအတွင်း ပူးပေါင်းဆောင်ရွက်မှုအရ အိမ်နီးချင်းနိုင်ငံများနှင့် လျှပ်စစ်ဓာတ်အားကုန်သွယ်မှု လုပ်ငန်းစဉ်များအား အသေးစိတ်ညှိနှိုင်းဆွေးနွေးလျက်ရှိပါကြောင်း၊ ယနေ့နိုင်ငံတော်ဖွံ့ဖြိုး တိုးတက်မှုအတွက် ပြုပြင်ပြောင်းလဲမှုများကြိုးပမ်းဆောင်ရွက်လျက်ရှိရာတွင် စိန်ခေါ်မှုများစွာ ရှိပါကြောင်း၊ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၏ အဓိကရည်မှန်းချက် တာဝန်ဝတ္တရားသည် ပြည်သူလူထုအတွက် လုံခြုံစိတ်ချပြီး အရည်အသွေးပြည့်ဝသော လျှပ်စစ်ဓာတ်အားဖြန့်ဖြူးနိုင်ရေး ဖြစ်ကြောင်း၊ အဆိုပါရည်မှန်းချက်များအား အကောင်အထည်ဖော်နိုင်ရေးအတွက် Institution Mechanism သည်လိုက်လျောညီထွေရှိရန် နှင့် အားနည်းချက်များအား မှန်ကန်စွာသုံးသပ် ပြုပြင်ရန် အရေးကြီးကြောင်း၊ Wind of Changes အားသုံးသပ်၍ မိမိတို့၏အတွေ့အကြုံ၊ ကျွမ်းကျင်မှုနည်းပညာ၊ မှန်ကန်သည့်ဦးဆောင်မှုနှင့် ထိရောက်သောစီမံခန့်ခွဲမှုများတို့ဖြင့် ရည်မှန်းချက်အား အပြည့်အဝ အကောင် အထည်ဖော်ဆောင်ရမည်ဖြစ်ကြောင်း၊ ယနေ့ Seminar တွင်ပါဝင်ဆွေးနွေးသူများ၏ နိုင်ငံတကာအတွေ့အကြုံများအား အပြန်အလှန်မျှဝေဆွေးနွေးခြင်း၊ နိုင်ငံတကာ Case Studies များအား လေ့လာသုံးသပ်ခြင်းတို့မှ Electric Utility Leadership ဆိုင်ရာရလဒ်၊ နည်းလမ်းကောင်းများဖြင့် လျှပ်စစ်နှင့်စွမ်းအင်ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် ပံ့ပိုးပေးနိုင်မည်ဖြစ်၍ ရလဒ်ကောင်းများရရှိအောင် ဆောင်ရွက်သွားကြရန်ပြောကြားခဲ့ပါသည်။

Post under by : ဝန်ကြီးရုံး
27-Apr-2018