The Republic of the union of myanmar

Ministry Of Electricity And Energy

Breaking News :

သတင်းထုတ်ပြန်ချက် ၂၀၁၈ ခုနှစ်၊ မေလ ၁၀ ရက်

သတင်းထုတ်ပြန်ချက်

၂၀၁၈ ခုနှစ်၊  မေလ  ၁၀  ရက်

သတင်းထုတ်ပြန်ခြင်း (၄/၂၀၁၈) အခမ်းအနားကို လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ရုံးအမှတ်(၂၇)၊ နေပြည်တော်၌ (၁၀.၅.၂၀၁၈)ရက်နေ့ ၊ နံနက် ၁၀ နာရီတွင် ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနား၌ ၁၃၂ ကေဗွီ ငှက်ပျောဒိုင်း ပင်မဓာတ်အားခွဲရုံတွင် Main Transformer တပ်ဆင်အင်အား တိုးမြှင့်ခြင်းလုပ်ငန်းဆောင်ရွက်မှု အခြေအနေ၊ ရွှေကျင်ရေအားလျှပ်စစ် ရေကာတာစီမံကိန်းကြောင့် ဒေသနေပြည်သူများ၏ နစ်နာမှုများအပေါ် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီး ဌာနမှ ထောက်ပံ့ကြေးများပေးအပ်ပြီးစီးမှုအခြေအနေ၊ အပူစွမ်းအင်သုံးစက်ရုံများဌာန၊ ဓာတ်အား ပေးစက်ရုံစီမံကိန်းများအခြေအနေ၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုးမိတ်ခရိုင်၊ မိုးမိတ်မြို့ပေါ်နှင့် အနီးဝန်းကျင်ကျေးရွာများနှင့် ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ရသေ့တောင်မြို့ပေါ်နှင့် အနီးဝန်းကျင်ကျေးရွာများအား ဓာတ်အားစနစ်မှ (၂၄)နာရီ ဓာတ်အားဖြန့်ဖြူးပေးနိုင်ရေး ဆောင်ရွက်နေမှုအခြေအနေ၊ ရန်ကုန်တိုင်းဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီး အပါအဝင် လျှပ်စစ် ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းလက်အောက်ရှိ တိုင်းဒေသကြီး/ ပြည်နယ်များအတွင်း လျှပ်စစ်ဓာတ်အား ပြတ်တောက်မှုများနှင့်ပတ်သက်၍ အလေးထား၍ ကြိုးပမ်းဖြေရှင်း ဆောင်ရွက်နေမှုအခြေအနေ၊ ရတနာစီမံကိန်း ရေနံနှင့်သဘာဝဓာတ်ငွေ့စမ်းသပ်ရှာဖွေမှုကြောင့် ဒေသနေငါးဖမ်းလုပ်ငန်းရှင်များ ထိခိုက်နစ်နာမှုရှိသည်ဆိုသည့်သတင်းနှင့်စပ်လျဉ်း၍ ဌာနမှ ဆောင်ရွက်ထားမှုအခြေအနေ၊ ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်တွင် ၃၃/၁၁ကေဗွီ၊ (၁၀) အမ်ဗွီအေ ဓာတ်အားခွဲရုံ (၂) ရုံအသစ် တည်ဆောက်ခဲ့မှု အခြေအနေနှင့် မကွေးပင်မဓာတ်အားခွဲရုံရှိ Transformer ချို့ယွင်းမှုဖြစ်ပေါ်ခဲ့ခြင်းနှင့် အစားထိုး Transformer လဲလှယ်တပ်ဆင်ပြီး လျှပ်စစ်ဓာတ်အားပြန်လည်ရရှိရန် ဆောင်ရွက်မှုများအခြေအနေ များနှင့်စပ်လျဉ်း၍ သတင်းထုတ်ပြန်ခဲ့ပါသည်။

အဆိုပါအခမ်းအနားသို့ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်နှင့် သတင်းထုတ်ပြန်ရေး အဖွဲ့တာဝန်ရှိသူများ၊ ဌာနဆိုင်ရာအကြီးအကဲများနှင့် သတင်းမီဒီယာသမားများ တက်ရောက်ခဲ့ပါသည်။

Post under by : ဝန်ကြီးရုံး
10-May-2018