ပစ္စည်းဈေးနှုန်းတောင်းခံလွှာ
ရေအားလျှပ်စစ်အကောင်အထည်ဖော်ရေးဦးစီးဌာနတွင် အသုံးပြုရန်အတွက် ပူးတွဲဖော်ပြပါ ပစ္စည်းများကို ဝယ်ယူရန် ဂိုဒေါင်ရောက်တန်းဖိုး D.D.P (Paung Laung) မြန်မာကျပ်ငွေဖြင့် အိတ်ဖွင့်တင်ဒါအဆိုပြုလွှာများတင်သွင်းရန် အကြောင်းကြားအပ်ပါသည်။ တင်ဒါအဆိုပြုလွှာများကို ညွှန်ကြားရေးမှူးချုပ်၊ ရေအားလျှပ်စစ်အကောင်အထည်ဖော်ရေးဦးစီးဌာန၊ ရုံးအမှတ် (၂၇) ၊ နေပြည်တော်သို့ လိပ်မူ၍ တင်ဒါပိတ်မည့် ၂၀၁၈ ခုနှစ်၊ ဇူလိုင်လ (၁၀) ရက်နေ့ (၁၂:၀၀) နာရီ နောက်ဆုံးထား၍ ပေးပို့ရမည်။