The Republic of the union of myanmar

Ministry Of Electricity And Energy

Breaking News :

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီးဒေါက်တာထွန်းနိုင် ကယားပြည်နယ်နှင့် ရှမ်းပြည်နယ်အတွင်းရှိ ဓာတ်အားခွဲရုံများအား ကြည့်ရှုစစ်ဆေးသည့်သတင်း

၂၀၁၈ ခုနှစ်၊ ဇူလိုင်လ (၆) ရက်

          ပြည်သူများ လျှပ်စစ်ဓာတ်အား တည်ငြိမ်ပြည့်ဝစွာရရှိရေးနှင့် ဓာတ်အားစနစ်ကြံ့ခိုင် ကောင်းမွန်စေရေးအတွက် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီးဒေါက်တာထွန်းနိုင်သည် လျှပ်စစ်ဓာတ်အားပို့လွှတ်ရေး နှင့်ကွပ်ကဲရေးဦးစီးဌာနနှင့် လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းမှ တာဝန်ရှိသူများလိုက်ပါလျက် ၂၀၁၈ခုနှစ်၊ ဇူလိုင်လ (၆) ရက်နေ့ညနေပိုင်းတွင် ရှမ်းပြည်နယ် ပင်လောင်းမြို့နှင့် ဖယ်ခုံမြို့တို့ရှိ ၃၃/၁၁ ကေဗွီ (၅) အမ်ဗွီအေ ဓာတ်အားခွဲရုံများသို့ ရောက်ရှိ စစ်ဆေးခဲ့ပြီး လျှပ်စစ်ဓာတ်အားများဗို့အား ပြည့်ဝစွာဖြန့်ဖြူးပေးနိုင်ရေးအတွက် ဓာတ်အားခွဲရုံရှိ Main Transformer များ၏ ဗို့အားအဝင်အထွက်များကို စိစစ်တွက်ချက်၍ Tapping အဆင့်မြင့်ခြင်း လုပ်ငန်းများကို ကျွမ်းကျင်ဝန်ထမ်းများနှင့် ဆောင်ရွက်ပေးခဲ့ပါသည်။

          ထို့နောက်ကယားပြည်နယ်၊ လွိုင်ကော်မြို့ရှိ ၃၃/၁၁ ကေဗွီ (၅)အမ်ဗွီအေ ကယန်းသာယာ ဓာတ်အားခွဲရုံသို့ရောက်ရှိပြီး Switchyard အတွင်း လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများနှင့် ဓာတ်အားထိန်းချုပ်ခန်းအတွင်း ဓာတ်အားဖြန့်ဖြူးပေးထားမှုအခြေအနေတို့အား ကြည့်ရှုစစ်ဆေး ခဲ့ပြီး လုပ်ငန်းလိုအပ်ချက်များအား လမ်းညွှန်မှာကြားခဲ့ပါသည်။

Post under by : ဝန်ကြီးရုံး
06-Jul-2018