The Republic of the union of myanmar

Ministry Of Electricity And Energy

Breaking News :

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင် ကယားပြည်နယ် လွိုင်ကော်ပင်မဓာတ်အားခွဲရုံနှင့် ရှမ်းပြည်နယ်အတွင်းရှိ ဓာတ်အားခွဲရုံများအား ကြည့်ရှုစစ်ဆေးသည့်သတင်း

၂၀၁၈ ခုနှစ်၊ ဇူလိုင်လ (၇) ရက်

         လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်သည်  ၂၀၁၈ခုနှစ်၊ ဇူလိုင်လ (၇) ရက်နေ့ နံနက်ပိုင်းတွင် ကယားပြည်နယ်၊ လွိုင်ကော်မြို့ရှိ လျှပ်စစ်ဓာတ်အားပို့လွှတ်ရေးနှင့် ကွပ်ကဲရေးဦးစီးဌာန၊ ၁၃၂ ကေဗွီ လွိုင်ကော်ပင်မဓာတ်အားခွဲရုံသို့ ရောက်ရှိရာ ဓာတ်အား ခွဲရုံမှူးမှ ဓာတ်အားခွဲရုံဆိုင်ရာ အချက်အလက်များ၊ ဓာတ်အားလက်ခံဖြန့်ဖြူးပေးထားမှု အခြေအနေနှင့် ဓာတ်အားပြတ်တောက်မှု လျှော့နည်းရေးအတွက် ဆောင်ရွက်ထားရှိမှုအခြေ အနေတို့အားလည်းကောင်း၊ မဟာဓာတ်အားလိုင်းမှူးမှ ဓာတ်အားလိုင်းများ ထိန်းသိမ်း ဆောင်ရွက်ထားမှုများအားလည်းကောင်း ရှင်းလင်းတင်ပြကြရာ ဒုတိယဝန်ကြီးမှ လုပ်ငန်း များဆောင်ရွက်ရာတွင် လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေး၊ ဓာတ်အားခွဲရုံပစ္စည်း များအား ပုံမှန်စစ်ဆေး ဆောင်ရွက်သွားရန်နှင့် စစ်ဆေးမှုမှတ်တမ်းများအား စနစ်တကျ ပြုစုထားရန်၊ ဓာတ်အားလိုင်းများ ထိန်းသိမ်းပြုပြင်ဆောင်ရွက်ရာတွင်လည်း မှတ်တမ်း များအား ပြည့်စုံစွာ စနစ်တကျပြုစုထားရှိရန် လမ်းညွှန်မှာကြားခဲ့ပြီး ဓာတ်အားခွဲရုံအတွင်း လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ပါသည်။

          ဆက်လက်၍ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် လွိုင်ကော်မြို့အတွင်းရှိ ၃၃/၁၁ ကေဗွီ (၅) အမ်ဗွီအေ ဧက (၅၀၀) ဓာတ်အားခွဲရုံ၊ ၃၃/၁၁ ကေဗွီ (၁၀) အမ်ဗွီအေ ရွာတန်းရှည် ဓာတ်အား ခွဲရုံနှင့် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့ရှိ ၃၃/၁၁ ကေဗွီ (၅) အမ်ဗွီအေ ဓာတ်အားခွဲရုံများအား ကြည့်ရှုစစ်ဆေးခဲ့ပြီး ဓာတ်အားဖြန့်ဖြူးပေးပို့ရာတွင် လျှပ်စစ် အန္တရာယ် ကင်းရှင်းရေး၊ လုံခြုံစိတ်ချရသည့် ဓာတ်အားစနစ်ဖြစ်စေရေးနှင့် ပြည်သူများ လျှပ်စစ်ဓာတ်အား ပုံမှန်ပြည့်ဝစွာရရှိရေးတို့အား အထူးဂရုပြုဆောင်ရွက်ရန် လမ်းညွှန် မှာကြားခဲ့ပါသည်။

          ထို့နောက် ဒုတိယဝန်ကြီးနှင့် အဖွဲ့သည် ရှမ်းပြည်နယ်၊ တောင်ကြီးမြို့ရှိ လျှပ်စစ် ဓာတ်အားပို့လွှတ်ရေးနှင့်ကွပ်ကဲရေးဦးစီးဌာန၊ ၁၃၂ ကေဗွီ တောင်ကြီးပင်ပဓာတ်အားခွဲရုံသို့ ရောက်ရှိရာ ဓာတ်အားခွဲရုံမှူးမှ ဓာတ်အားလက်ခံ၊ ပို့လွှတ်၊ ဖြန့်ဖြူးမှုအခြေအနေနှင့် ဆက်လက်အကောင်ထည်ဖော် ဆောင်ရွက်သွားမည့် ဓာတ်အားလိုင်းများနှင့် ဓာတ်အား ခွဲရုံများ၏လုပ်ငန်းဆောင်ရွက်မှု အ‌ခြေအနေများအား ရှင်းလင်းတင်ပြရာ ဒုတိယဝန်ကြီးက လုပ်ငန်းလိုအပ်ချက်များ မှာကြားပြီးဓာတ်အားခွဲရုံ ထိန်းချုပ်ခန်းအတွင်း ဓာတ်အား ဖြန့်ဖြူးပေးထားမှုအား ကြည့်ရှုစစ်ဆေးခဲ့ပါသည်။

Post under by : ဝန်ကြီးရုံး
07-Jul-2018