The Republic of the union of myanmar

Ministry Of Electricity And Energy

Breaking News :

၂၃၀ကေဗွီ လှိုင်သာယာ-ကျိုက်လတ် ဓာတ်အားလိုင်း (၅၂.၂၆) မိုင်နှင့် ၂၃၀/၆၆/၁၁ ကေဗွီ၊ (၁၀၀) အမ်ဗွီအေ ကျိုက်လတ်ဓာတ်အားခွဲရုံ ဖွင့်ပွဲအခမ်းအနားကျင်းပပြုလုပ်

၂၀၁၈ခုနှစ်၊ နိုဝင်ဘာလ  (   ၁၇ )   ရက်

          ၂၃၀ ကေဗွီ လှိုင်သာယာ-ကျိုက်လတ်ဓာတ်အားလိုင်း (၅၂.၂၆) မိုင်နှင့် ၂၃၀/၆၆/၁၁ ကေဗွီ၊ (၁၀၀) အမ်ဗွီအေ ကျိုက်လတ်ဓာတ်အားခွဲရုံ ဖွင့်ပွဲအခမ်းအနားကို ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလ (၁၇) ရက်နေ့၊ နံနက် (၀၉:၀၀) နာရီအချိန်တွင် ဧရာဝတီတိုင်းဒေသကြီး၊ ကျိုက်လတ်ပင်မဓာတ်အားခွဲရုံ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

          အခမ်းအနားသို့ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်၊ ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးလှမိုးအောင်၊ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ဥက္ကဌ ဦးတင်မောင်ထွန်း၊ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်၊ ဧရာဝတီတိုင်းဒေသကြီးလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးစံမင်းအောင်၊ တိုင်းဒေသကြီးအစိုးရ အဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ဒေသခံ ပြည်သူများနှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ကြပါသည်။

          ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်မှ အဖွင့်အမှာစကားပြောကြားရာတွင် ဧရာဝတီတိုင်းဒေသကြီး အရှေ့ဘက်ခြမ်းရှိ မအူပင်၊ ကျိုက်လတ်၊ ဒေးဒရဲ၊ ဖျာပုံ၊ ဘိုကလေး၊ မော်လမြိုင်ကျွန်း စသည့်ဒေသနေပြည်သူများ လျှပ်စစ်မီးဗို့အား ပြည့်ဝစွာနှင့် လုံလောက်စွာ အသုံးပြုနိုင်ရန်အတွက် ၂၃၀ ကေဗွီ လှိုင်သာယာ-ကျိုက်လတ် မဟာဓာတ်အားလိုင်း (၅၂.၂၆)မိုင်၊ ၂၃၀/၆၆/ ၁၁ကေဗွီ၊ (၁၀၀) အမ်ဗွီအေနှင့်၆၆ /၃၃ကေဗွီ၊ (၃၀) အမ်ဗွီအေ ကျိုက်လတ်ပင်မဓာတ်အားခွဲရုံ တည်ဆောက်ခြင်းလုပ်ငန်းများကို ဆောင်ရွက်ပေးခဲ့ခြင်း ဖြစ်ပါကြောင်း၊ အဆိုပါ စီမံကိန်းလုပ်ငန်းအတွက် နိုင်ငံတော်က အမေရိကန်ဒေါ်လာ (၄၂.၉) သန်းနှင့် ပြည်တွင်းငွေကျပ် (၁၂.၉) ဘီလီယံကျခံဆောင်ရွက်ပေးခဲ့ခြင်းဖြစ်ပါကြောင်း၊ ၂၃၀ကေဗွီ လှိုင်သာယာ-ကျိုက်လတ်ဓာတ်အားလိုင်းနှင့် ကျိုက်လတ်ပင်မဓာတ်အားခွဲရုံ တည်ဆောက်ခြင်းလုပ်ငန်းကို ၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ်က စတင်ပြီးဆောင်ရွက်ခဲ့ပါကြောင်း၊ ထို့အပြင် လျှပ်စစ်မီးရရှိသုံးစွဲနိုင်ခြင်းမရှိသေးတဲ့ ကော့မှူးမြို့နယ်အတွင်းရှိ နတ်ရေတွင်း၊ တလုတ္တော်၊ တကူပုံ၊ မဆယ်ဆိပ်ကျေးရွာများအား လျှပ်စစ်မီးရရှိသုံးစွဲနိုင်ရေးကိုလည်း စီမံဆောင်ရွက်ပေးခဲ့ပါကြောင်း၊ စီမံကိန်းလုပ်ငန်းများ ဆောင်ရွက်သည့်နေရာမှာ မြစ်ချောင်းများပေါများသည့်အတွက် တည်ဆောက်ရေးပစ္စည်းများကို ကုန်းတစ်တန်၊ ရေတစ်တန်၊ ကျွဲ၊ နွား၊ လှေ၊ သင်္ဘောများဖြင့် သယ်ပို့ခဲ့ရပြီးမြစ်များကို ဖြတ်ကျော်တည်ဆောက်ခဲ့သည့် မြစ်ကျော်တာဝါတိုင်များမှာ ကားလမ်းနှင့် အလှမ်းကွာသည့် နေရာများတွင် တည်ဆောက်ခဲ့ရသည့်အတွက် မြစ်ကျော်ကြိုးဆွဲခြင်းလုပ်ငန်းများကိုလည်း ခက်ခက်ခဲခဲကြိုးစားဆောင်ရွက်ခဲ့ရပါကြောင်း၊ ထိုသို့ ကြိုးပမ်းဆောင်ရွက်ခဲ့သည့်အတွက် (၂၄-၆-၂၀၁၈) ရက်နေ့တွင် စီမံကိန်းလုပ်ငန်းများအားလုံးပြီးစီးခဲ့၍ (၂၈-၆-၂၀၁၈)ရက်နေ့ (၁၀:၀၀) နာရီတွင် လှိုင်ယာယာဓာတ်အားခွဲရုံမှ ဓာတ်အားကို ၂၃၀ ကေဗွီ လှိုင်သာယာ-ကျိုက်လတ် မဟာဓာတ်အားလိုင်းမှတဆင့် ကျိုက်လတ်ဓာတ်အားခွဲရုံသို့ ဓာတ်အားပို့လွှတ် နိုင်ခဲ့ပါကြောင်း၊ ယခင်က ဧရာဝတီတိုင်းဒေသကြီးအရှေ့ဘက်ခြမ်းရှိ မြို့နယ်များမှာ ရန်ကုန်တိုင်းဒေသကြီးရှိ ၂၃၀ ကေဗွီ ကနောင် (လှိုင်သာယာ) ပင်မဓာတ်အားခွဲရုံနှင့် လှိုင်သာယာပင်မဓာတ်အားခွဲရုံတို့မှ ဖြန့်ဖြူးထားသော ၃၃ ကေဗွီ တွံတေး-ကော့မှူး-ကွမ်းခြံကုန်း ဓာတ်အားလိုင်းနှင့် ၃၃ကေဗွီ ညောင်ကုန်း-မအူပင်ဓာတ်အားလိုင်းများမှ ဓာတ်အားရယူသုံးစွဲခဲ့ရပြီး မိုင် (၉၀) ခန့်ရှည်လျားသည့်အတွက် ဗို့အားကျဆင်းမှုများရှိရာ ဖျာပုံ၊ ဘိုကလေး၊ မော်လမြိုင်ကျွန်းဒေသနေပြည်သူများ လျှပ်စစ်မီးဗို့အားပြည့်မီ လုံလောက်စွာမရှိခဲ့ပါကြောင်း၊ ယခုအခါ ဗို့အားပြည့်ဝစွာနှင့် လုံလောက်စွာအသုံးပြုနိုင် နေပြီဖြစ်ပါကြောင်း၊ မအူပင်၊ ကျိုက်လတ်၊ ဖျာပုံ၊ ဘိုကလေးစသည့် မြို့နယ်များ၏ သုံးစွဲမှုကို ကျိုက်လတ်ဓာတ်အားခွဲရုံကနေ ဖြန့်ဝေပေးနိုင်ခဲ့ခြင်းဖြစ်သည့်အတွက် လှိုင်သာယာဓာတ်အား ခွဲရုံ၏ ဝန်အားကို လျှော့ချပေးနိုင်သည့်အပြင် ရန်ကုန်တိုင်းဒေသကြီးအတွင်း ဓာတ်အားပိုမို ဖြန့်ဖြူးပေးနိုင်ခဲ့ပါကြောင်း၊ ဧရာဝတီတိုင်းဒေသကြီး အရှေ့ဘက်ခြမ်းရှိ မြို့နယ်တွေကို ဓာတ်အားပြည့်ဝစွာဖြန့်ဖြူးပေးနိုင်ရန်အတွက် ကျိုက်လတ်ဓာတ်အားခွဲရုံတွင် ၂၃၀/၆၆/၁၁ ကေဗွီ၊ (၁၀၀) အမ်ဗွီအေ ထရန်စဖော်မာကို ရေရှည်မျှော်မှန်း၍ တပ်ဆင်ပေးခဲ့ပြီး ကျိုက်လတ်မြို့အပါအဝင် ပတ်ဝန်းကျင်ဒေသတွေကို ဓာတ်အားကွန်ယက်နှင့် ချိတ်ဆက်၍ ဓာတ်အားပေးနိုင်ရေးအတွက် ၆၆/၃၃ကေဗွီ၊ (၃၀) အမ်ဗွီအေ ထရန်စဖော်မာကို ထပ်မံ တပ်ဆင်ပေးခဲ့ခြင်းဖြစ်ပါကြောင်း၊ ထို့ကြောင့် ကျိုက်လတ်ပင်မဓာတ်အားခွဲရုံတွင် တပ်ဆင်ထားသည့် ၂၃၀/၆၆/၁၁ ကေဗွီ၊ (၁၀၀)အမ်ဗွီအေ ထရန်စဖော်မာအင်အားအတိုင်း ဓာတ်အားဖြန်ဖြူးပေးနိုင်ရန်အတွက် ကျိုက်လတ်-ဖျာပုံ-ဘိုကလေး-မော်လမြိုင်ကျွန်း၊ ကျိုက်လတ်-ဒေးဒရဲ၊ ကျိုက်လတ်-မအူပင် စသည့် ၆၆ကေဗွီ ဓာတ်အားလိုင်းများနှင့် ကျိုက်လတ်၊ ဖျာပုံ၊ ဘိုကလေး၊ မော်လမြိုင်ကျွန်း၊ ဒေးဒရဲမြို့နှင့် မအူပင်မြို့များတွင် ၆၆ကေဗွီ ဓာတ်အားခွဲရုံစီမံကိန်းလုပ်ငန်းများကို ဆောင်ရွက်ပြီး လျှပ်စစ်ဓာတ်အားကို ဗို့အားပြည့်ဝစွာဖြင့် လုံလုံလောက်လောက်ဖြန့်ဖြူးပေးနိုင်ရန် ဆက်လက်စီမံဆောင်ရွက် လျက်ရှိပါကြောင်း၊ စီမံကိန်းလုပ်ငန်းများ ဆောင်ရွက်ပြီးစီးပါက ၄င်းမြို့များအပြင် အနီးပတ်ဝန်းကျင်ရှိ ကျေးရွာများသို့ နိုင်ငံတော်ဓာတ်အားစနစ်မှ ဓာတ်အားဖြန့်ဖြူးပေး နိုင်မှာဖြစ်ပါကြောင်း၊ ဧရာဝတီတိုင်းဒေသကြီး မီးလင်းဂျိုင်ဒေသတွင်လည်း မြန်မာနိုင်ငံမှာ အကြီးမားဆုံးဖြစ်သည့် (၁၃၉၀) မဂ္ဂါဝပ်ထုတ်လုပ်နိုင်မည့် LNG ဓာတ်ငွေ့ရည်သုံး ဓာတ်အားပေးစက်ရုံကိုလည်း တည်ဆောက်ရန် စီမံဆောင်ရွက်လျက်ရှိပါကြောင်း၊ ဓာတ်အားပေးစက်ရုံ တည်ဆောက်ပြီးစီးသွားပါက ဧရာဝတီတိုင်းဒေသကြီးအတွင်း လိုအပ်လျက်ရှိသည့် လျှပ်စစ်ဓာတ်အားကို ပိုမိုဖြည့်ဆည်းပေးနိုင်မည်ဖြစ်ပြီး နိုင်ငံတော်၏ ဓာတ်အားစနစ်ကိုလည်း အထောက်အကူပြုနိုင်မည့် စီမံကိန်းတစ်ခုဖြစ်ပါကြောင်း၊ ဝန်ကြီး ဌာနအနေဖြင့် နိုင်ငံအဝှမ်းလျှပ်စစ်ဓာတ်အား အပြည့်အဝထုတ်လုပ်သုံးစွဲနိုင်ရေးအတွက် ဘက်ပေါင်းစုံ၊ နည်းလမ်းပေါင်းစုံနှင့် စွမ်းအင်အရင်းအမြစ်အမျိုးမျိုးမှ ဓာတ်အားထုတ်လုပ် ပေးနိုင်မည့် နည်းလမ်းများကို ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါ ကြောင်း၊ ထိုကဲ့သို့ ဆောင်ရွက်သည့်နေရာတွင် ဧရာဝတီတိုင်းဒေသကြီးဖွံ့ဖြိုးတိုးတက်ရေး အတွက် နိုင်ငံတော်ဓာတ်အားစနစ်မှ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးပေးနိုင်ရေး ကြိုးပမ်း ဆောင်ရွက်လျက်ရှိပါကြောင်း၊ ယခင်က ဧရာဝတီတိုင်းဒေသကြီးကို ၆၆ကေဗွီ ပြည်-မြန်အောင်-ဟင်္သာတ-ပုသိမ် နှစ်ထပ်ဓာတ်အားလိုင်းတစ်လိုင်းဖြင့်သာ ဖြန့်ဖြူးပေးနိုင်ခဲ့ရာမှ ၂၀၀၅ ခုနှစ်မှစတင်ပြီး ၂၃၀ကေဗွီ လှိုင်သာယာ- အသုတ်ဓာတ်အားလိုင်း ၂၃၀/၆၆/၁၁ ကေဗွီ၊ (၁၀၀) အမ်ဗွီအေ အသုတ်ပင်မဓာတ်အားခွဲရုံ၊ ပုသိမ်၊ ရေကြည်၊ ဟင်္သာတမြို့များရ ၆၆/၁၁ ကေဗွီဓာတ်အားခွဲရုံများနှင့် ၂၃၀ ကေဗွီ အသုတ်-ပုသိမ်မဟာဓာတ်အားလိုင်း (၃၀.၂၆)မိုင်နှင့် ၂၃၀/၆၆/၁၁ကေဗွီ၊ (၂x၅၀)အမ်ဗွီအေ ပုသိမ်ပင်မဓာတ်အားခွဲရုံစီမံကိန်း တို့ကို ဆောင်ရွက်ပေးခဲ့၍ ၂၀၁၆ ခုနှစ်မှာ စီမံကိန်းလုပ်ငန်းများပြီးစီးခဲ့သည့်အတွက် ဧရာဝတီတိုင်းဒေသကြီး အနောက်ဘက်ခြမ်းဒေသများကို ယခင်ထက် ဗို့အားပြည့်ဝစွာဖြင့် လျှပ်စစ်ဓာတ်အားပိုမိုဖြန့်ဖြူးပေးနိုင်ခဲ့ပါကြောင်း၊ ဧရာဝတီတိုင်းဒေသကြီးအတွင်း၌ မြို့နယ် စုစုပေါင်း (၄၄) မြို့နယ်၊ ကျေးရွာပေါင်း (၁၁၉၀၈) ရွာရှိသည့်အနက် ယခင်ဓာတ်အား ရရှိသည့်မြို့နယ် (၃၉) မြို့နယ်ရှိခဲ့ရာမှ ယခုအခါမြို့နယ်များအားလုံးသို့ ဓာတ်အားဖြန့်ဖြူး နိုင်ခဲ့ပြီဖြစ်သလို ကျေးရွာများအနေဖြင့်လည်း စုစုပေါင်း (၆၆၉၇) ရွာသာ ဖြန့်ဖြူးပေးနိုင်ခဲ့ရာမှ ယခုအခါ ကျေးရွာ (၆၈၂၃) ရွာသို့ တိုးတက်ဖြန့်ဖြူးပေးနိုင်ခဲ့ပြီဖြစ်ရာ စုစုပေါင်း (၁၂၆)ရွာ တိုးတက်ဖြန့်ဖြူးပေးနိုင်ခဲ့ပါကြောင်း၊ ဆက်လက်ပြီး ၂၀၂၁ ခုနှစ်တွင် ဧရာဝတီတိုင်းဒေသကြီးတစ်ခုလုံးရှိ လျှပ်စစ်ဓာတ်အားသုံးစွဲမှုရာခိုင်နှုန်းအား ၅၀ ရာခိုင်နှုန်း အထိရရှိအောင် စီမံဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ နိုင်ငံတော်အစိုးရအနေဖြင့် တိုင်းဒေသကြီးများနှင့် ပြည်နယ်များအားလုံးရှိ ပြည်သူတွေလျှပ်စစ်ဓာတ်အားရရှိသုံးစွဲနိုင်ပြီး လူမှုစီးပွားဘဝတိုးတက်မြင့်မားလာစေရေး၊ စိုက်ပျိုးရေးအခြေခံအသေးစားနှင့် အလတ်စား စက်မှုလုပ်ငန်းများဖွံ့ဖြိုးတိုးတက်စေရေး၊ အလုပ်အကိုင်အခွင့်အလမ်းများနှင့် တစ်ဦးချင်း ဝင်ငွေများတိုးတက်လာရေးတို့ကို အထူးအလေးထားပြီး လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်အောင် တစိုက်မတ်မတ် ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ပြည်သူတွေ၏ လူမှုစီးပွားဘဝဖွံ့ဖြိုး တိုးတက်စေရန်အတွက် အခြေခံအကျဆုံးဟာ လျှပ်စစ်မီးဖြစ်တာနှင့်အညီ တစ်နိုင်ငံလုံး လျှပ်စစ်ဓာတ်အားရရှိရေးကို ဦးစားပေးဆောင်ရွက်လျက်ရှိပါကြောင်း၊ လျှပ်စစ်ဓာတ်အား တိုးတက်ရရှိလာသည်နှင့်အမျှ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေးအစရှိသည့် ကဏ္ဍအားလုံးတွင် ဘက်ပေါင်းစုံဖွံ့ဖြိုးတိုးတက်လာမည် ဖြစ်ပါကြောင်းပြောကြားခဲ့ပါသည်။

          ဆက်လက်၍ ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်ကိုယ်စား တိုင်းဒေသကြီးလျှပ်စစ်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးဝင်းဌေးမှ ဖွင့်ပွဲအခမ်းအနားအထိမ်းအမှတ် ဂုဏ်ပြုအမှာစကားပြောကြားပြီး ကျိုက်လတ်မြို့နယ်၊ ဖျာပုံမြို့နယ်၊ ဒေးဒရဲမြို့နယ်၊ ဘိုကလေးမြို့နယ်၊ မအူပင်မြို့နယ်နှင့် မော်လမြိုင်ကျွန်းမြို့နယ်များရှိ ဒေသခံပြည်သူများမှ ကျေးဇူးတင်စကားများ ပြန်လည်ပြောကြားကြပါသည်။

          ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် တိုင်းဒေသကြီးဝန်ကြီးချုပ်တို့မှ ၂၃၀/၆၆/၁၁ ကေဗွီ၊ (၁၀၀) အမ်ဗွီအေ ဓာတ်အားခွဲရုံ၏ ကမ္ဗည်းကျောက်စာအား စက်ခလုတ်နှိပ်၍ ဖွင့်လှစ်ပေးပြီး အမွှေးနံ့သာရည်များ ပက်ဖျန်းပေးခဲ့ကြပါသည်။

          ဆက်လက်၍ ၂၃၀ ကေဗွီ လှိုင်သာယာ-ကျိုက်လတ်ဓာတ်အားလိုင်း (၅၂.၂၆) မိုင်နှင့် ၂၃၀/၆၆/၁၁ကေဗွီ (၁၀၀) အမ်ဗွီအေ ကျိုက်လတ်ဓာတ်အားခွဲရုံ ဖွင့်ပွဲအခမ်းအနားအား ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးတင်မောင်ထွန်း၊ ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်၊ ဧရာဝတီတိုင်းဒေသကြီးလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးစံမင်းအောင်၊ ရန်ကုန်တိုင်းဒေသကြီး လျှပ်စစ်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော်၊ ဧရာဝတီတိုင်းဒေသကြီး လျှပ်စစ်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးဝင်းဌေး၊ ကော့မှူးမြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဆွေဝင်း၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါ်မေသန်းနွဲ့၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဇေယျနှင့် ဦးဝင်းလှိုင် တို့မှ ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေးပြီး အမှတ်တရစုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခဲ့ကြပါသည်။

          ထို့နောက် ပြည်ထောင်စုဝန်ကြီး၊ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ၂၃၀/၆၆/၁၁ ကေဗွီ၊ (၁၀၀) အမ်ဗွီအေ ကျိုက်လတ်ဓာတ်အားခွဲရုံ၏ Switch Yard နှင့် ဓာတ်အားခွဲရုံအတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြပါသည်။

၂၃၀ကေဗွီ လှိုင်သာယာ-ကျိုက်လတ် ဓာတ်အားလိုင်း (၅၂.၂၆) မိုင်နှင့် ၂၃၀/၆၆/၁၁ ကေဗွီ၊ (၁၀၀) အမ်ဗွီအေ ကျိုက်လတ်ဓာတ်အားခွဲရုံ ဖွင့်ပွဲအခမ်းအနားကျင်းပပြုလုပ် း

Post under by : ဝန်ကြီးရုံး
17-Nov-2018