The Republic of the union of myanmar

Ministry Of Electricity And Energy

Breaking News :

ကျောက်ဖြူနေ့စဉ်သတင်း Face Book မှဖော်ပြသော မဒဲကျွန်းရေနက်ဆိပ်ကမ်းအထက်ပိုင်း တွင် ရေနံသင်္ဘောမှ ရေနံဆေးကြောရေစွန့်ထုတ်မှုသတင်း မှန်ကန်မှုမရှိ

၁။      ကျောက်ဖြူမြို့နယ်၊ မြဒေးကျွန်း(ဒေသခေါ်) ရေနက်ဆိပ်ကမ်း အထက်ပိုင်းမြစ်ချောင်းများရှိ ရေများမှာမိုင်(၄၀)ကျော်အထိ ရေနံဆီ​ရောင်ဖြစ်ပေါ်နေသဖြင့် ငါးပုဇွန်ရှားပါးနေပြီး ရေနံတင်သင်္ဘောမှ ရေနံကန်များအားဆေးကြောပြီး မသန့်ရှင်းတဲ့ရေများအား မြစ်ထဲသို့စွန့်ပစ်ထားသောကြောင့်ဖြစ်ကြောင်း  ကျောက်ဖြူနေ့စဉ်သတင်း Face Book စာမျက်နှာမှ ၂၆.၇.၂၀၁၈ တွင် ထုတ်ပြန်ခဲ့ ပါသည်။

၂။      အဆိုပါသတင်းနှင့်စပ်လျဉ်း၍ ၂၈.၇.၂၀၁၈နံနက် ၀၉:၃၅ နာရီခန့်တွင် ကျောက်ဖြူခရိုင် အထွေထွေအုပ်ချုပ်ရေးမှူး၊မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူး၊ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်မှ တာဝန် ရှိသူများ၊ အမှတ်(၂)ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်၊ သစ်တောအရာရှိ၊ မြန်မာ့ရေနံနှင့်သဘာဝ ဓာတ်ငွေ့လုပ်ငန်းမှကိုယ်စားလှယ်အရာရှိများ၊ SEAOPကုမ္ပဏီမှ တာဝန်ရှိသူများသည် မဒဲကျွန်း ရေနံဆိပ်ကမ်းမှပန်းတောင်းကွေးမြစ်ပြင်နေရာအားသွားရောက်ကြည့်ရှုစစ်ဆေးခဲ့ ပါသည်။       

၃။      အဆိုပါနေရာသည် မဒဲဆိပ်ကမ်း၏ရေဆန်ဘက် ၅မိုင်ခွဲခန့် အကွာတွင်ရှိပြီးသင်္ဘောဖြင့် မိနစ် ၄၀ ခန့် ဆန်တက်မောင်းနှင်ရပါသည်။ ထိုနေရာသည် ရေနံသင်္ဘောများဝင်ရောက် သောလမ်းကြောင်း နေရာမဟုတ်ပါ။ မဒဲကျွန်းရေနံဆိပ်ကမ်း၏ရေဆန်ဘက်တွင်ရှိပါသည်။ အဆိုပါနေရာ ဒေသအခေါ် ပန်းတောင်းကွေးမြစ်ပြင် သို့ရောက်ရှိချိန်တွင် ရေအရောင်သည် အခြားနေရာများနှင့် တူညီမှုမရှိပဲကွဲပြား လျက်ရှိသောကြောင့်ခရိုင်အထွေထွေအုပ်ချုပ်ရေးမှူးမှသင်္ဘောအားရပ်စေလျက်ရေများအားခပ်၍ကြည့်ရှုစစ်ဆေးရာ ဆီငွေ့သန်းခြင်း၊ အနံ့ရခြင်းမရှိသောကြောင့် ရေနံမဖြစ်နိုင်ကြောင်းနှင့် ပင်လယ်အောက်ခြေ တွင် တစ်ခုခုဖြစ်နေနိုင်ခြင်းကြောင့်သာ ရေအရောင်ပြောင်းခြင်းဖြစ်နိုင်ကြောင်း ရေနမူနာ အားပြည်နယ် ဓါတ်ခွဲခန်းသို့ပို့၍စစ်ဆေးမည်ဖြစ်ကြောင်းပြောကြားခဲ့ပါသည်။လိုက်ပါစစ်ဆေးသောကျောက်ဖြူမြို့ဆိပ်ကမ်းအာဏာပိုင်အရာရှိမှလည်း အဆိုပါရေများသည် မျက်မြင်စစ်ဆေးတွေ့ရှိချက်အရ ရေနံလုံး၀ မဟုတ်ကြောင်း ပြောကြားပါသည်။

၄။      ထို့နောက် အနီးနားဝန်းကျင်တွင် ငါးဖမ်းလုပ်ငန်းများ လုပ်ကိုင်နေကြသောဒေသခံရေလုပ်သား များအားခရိုင်အထွထွေအုပ်ချုပ်ရေးမှူးနှင့် အမှတ်(၂) ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်တို့မှ တွေ့ဆုံ မေးမြန်းရာ ​ငါးပုဇွန်များဖမ်း၍ရကြောင်းနှင့်လုပ်ငန်းများအဆင်ပြေကြောင်းပြန်လည်ဖြေ ကြားခဲ့သဖြင့် ကျောက်ဖြူနေ့စဉ်သတင်း Face Book စာမျက်နှာ မှဖော်ပြသော သတင်းသည် မှန်ကန်မှုမရှိပါကြောင်း အသိပေး တင်ပြအပ်ပါသည်။

Post under by : ဝန်ကြီးရုံး
29-Jul-2018