၂၀၁၉ ခုနှစ်၊ ဇွန်လ ၁ ရက်
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ၊ ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်သည် အမြဲတမ်း အတွင်းဝန် ဦးတင်မောင်ဦး ၊ လျှပ်စစ်ဓာတ်အားပို့လွှတ်ရေးနှင့်ကွပ်ကဲရေးဦးစီးဌာနနှင့် လျှပ်စစ် ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းမှ တာဝန်ရှိသူများလိုက်ပါလျက် ၂၀၁၉ ခုနှစ် ဇွန်လ ၁ ရက်နေ့တွင် စိုက်ပျိုးရေး ၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ကျေးလက်ဒေသ ဖွံဖြိုးတိုးတက်ရေးဦးစီးဌာန မှ မိတ္ထီလာခရိုင် ၊ မိတ္ထီလာမြို့နယ် ဆပ်ပြာကျင်းကျေးရွာအုပ်စု ၊ ဒီးဒုတ်တောင်ကျေးရွာတွင် အကောင်အထည်ဖော် ဆောင်ရွက်ထားသည့် 56.1 kWP Mini Grid Solar Plant သို့ ရောက်ရှိရာ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ၊ တာဝန်ရှိသူများမှ Solar Plant မှ ဓာတ်အား ထုတ်လုပ်ပေးနေမှုအခြေအနေများအား ရှင်းလင်းပြောကြားရာ ဒုတိယဝန်ကြီးမှ သိရှိလိုသည်များ မေးမြန်းပြီး ကျေးရွာအတွင်းပြည်သူများ လျှပ်စစ်ဓာတ်အားအသုံးပြု၍ စက်မှုလုပ်ငန်းများ ဆောင် ရွက်နေမှုအခြေအနေများအားကြည့်ရှုစစ်ဆေးခဲ့ပါသည်။
ထို့နောက် ဒုတိယဝန်ကြီးဒေါက်တာထွန်းနိုင်နှင့်အဖွဲ့သည် မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်၊ တယ်ပင်တဲကျေးရွာအနီးတွင် အကောင်အထည်ဖော်ဆောင်ရွက်မည့် ၁၃၂ ကေဗွီ ၊ ပင်မဓာတ်အားခွဲရုံအသစ် တည်ဆောက်မည့် မြေနေရာအား သွားရောက်ကြည့်ရှု စစ်ဆေးပြီး လုပ်ငန်းလိုအပ်ချက်များအား ပေါင်းစပ်ညိှနှိုင်းဆောင် ရွက်ပေးခဲ့ပါသည်။
ထို့နောက် ဒုတိယဝန်ကြီးဒေါက်တာထွန်းနိုင်သည် မန္တလေးလျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်း(ရုံးချုပ်)သို့ ရောက်ရှိပြီး မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ခရိုင်လျှပ်စစ်အင်ဂျင်နီယာ များနှင့် တွေ့ဆုံပွဲသို့ တက်ရောက်ပါသည်။ တွေ့ဆုံပွဲတွင် ဒုတိယဝန်ကြီးဒေါက်တာထွန်းနိုင်က (မန္တလေးတိုင်းဒေသကြီးအတွင်း ဓာတ်အားတိုးတက်ဖြန့်ဖြူးနိုင်ရန်) မန္တလေးခရိုင် ၊ အမရပူရ မြို့နယ်တွင် ၂၃၀ ကေဗွီ ဒေါင်းရွေးပင်မဓာတ်အားခွဲရုံ စီမံကိန်းကို လျှပ်စစ်ဓာတ်အားပို့လွှတ်ရေး နှင့်ကွပ်ကဲရေးဦးစီးဌာနမှ စတင်အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါကြောင်း ၊ မန္တလေး လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းအနေဖြင့်လည်း အဆိုပါပင်မဓာတ်အားခွဲရုံ ပြီးစီးချိန်တွင် ဓာတ်အားခွဲရုံ မှ ဓာတ်အားရယူမည့် အစီအမံများကို ကြိုတင်စဉ်းစား ဆောင်ရွက်ထားကြစေ လိုကြောင်း လမ်းညွှန်မှာကြားပါသည်။ ထို့နောက် လျှပ်စစ်ဓာတ်အားပို့လွှတ်ရေးနှင့် ကွပ်ကဲရေး ဦးစီးဌာနမှ စီမံကိန်းညွှန်ကြားရေးမှူး (မြောက်ပိုင်း) မှ ၂၃၀ ကေဗွီ ဒေါင်းရွေးပင်မဓာတ်အားခွဲရုံ စီမံကိန်းဆောင်ရွက်နေမှုအခြေအနေ ၊ နှစ်အလိုက် ဘတ်ဂျက်လျာထားဆောင်ရွက်ထားရှိမှုနှင့် ပင်မ ဓာတ်အားခွဲရုံ စီမံကိန်းမှ ဓာတ်အားလိုင်းများ အဝင်အထွက်အတွက် စီမံထားရှိမှုများအား ရှင်းလင်း တင်ပြရာ ဒုတိယဝန်ကြီးမှ လုပ်ငန်းလိုအပ်ချက်များ လမ်းညွှန်မှာကြားပါသည်။ ထို့နောက် ဒုတိယ ညွှန်ကြားရေးမှူးချုပ် (ဓာတ်အားစနစ်)မှ မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ပင်မဓာတ်အားခွဲရုံကြီး များ၏ ဝန်အားနိုင်နင်းမှုရှိစေရေးအတွက် နှစ်အလိုက် ထရန်စဖော်မာများ တိုးချဲ့တပ်ဆင်ရန် ဆောင်ရွက်ထားရှိမှု အခြေအနေများအားလည်းကောင်း ၊ မန္တလေးလျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်းမှ ခေတ္တဥက္ကဌ ဦးတိုးအောင် ၊ ခေတ္တအမှုဆောင်အရာရှိချုပ်နှင့် ဌာနဆိုင်ရာ အကြီးအကဲများမှ ၂၃၀ ကေဗွီ ဒေါင်းရွေးပင်မဓာတ်အားခွဲရုံမှ ဓာတ်အားရယူဖြန့်ဖြူးရန် ဆောင်ရွက်မည့် အစီအမံများနှင့် မန္တလေးတိုင်းဒေသကြီးအတွင်း လျှပ်စစ်ဓာတ်အားဖြန့်ဖြူး ဆောင်ရွက်နေမှု အခြေအနေများအား ရှင်းလင်းပြောကြားကြပြီး အမြဲတမ်းအတွင်းဝန် ဦးတင်မောင်ဦးမှ လုပ်ငန်းလိုအပ်ချက်များအား ဖြည့်စွက်အကြံပြု ပြောကြားပါသည်။ ဆက်လက်၍ ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်က နောင်အနာဂတ်တွင် ဆောင်ရွက်မည့် ဓာတ်အားခွဲရုံ ၊ ဓာတ်အားလိုင်းတည်ဆောက်ရာတွင် စဉ်းစားဆောင်ရွက်စေလိုသည့် နည်းပညာပိုင်းဆိုင်ရာ အကြံပြုချက်များအား လမ်းညွှန်မှာကြားခဲ့ပါသည်။