အိမ်သုံးမီတာလျှောက်လွှာပုံစံ
သို့
မြို့နယ်လျှပ်စစ်မှူး/မြို့နယ်လျှပ်စစ်အင်ဂျင်နီယာ
လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်း
_____________________မြို့နယ်/မြို့
ရက်စွဲ ၊ . . ။
အကြောင်းအရာ။ အိမ်သုံးမီတာ တပ်ဆင်ခွင့်ပြုပါရန် လျှောက်ထားခြင်း။
အထက်ပါကိစ္စနှင့်ပတ်သက်၍ အမှတ်( )၊ __________________လမ်း
______________________ရပ်ကွက်နေ ကျွန်တော်/ကျွန်မ၏ ___________________တွင်
( အိမ်သုံး ) မီတာတစ်လုံး တပ်ဆင်သုံးစွဲခွင့်ပြုပါရန် လျှောက်ထားအပ်ပါသည်။
တပ်ဆင်သုံးစွဲခွင့်ပြုပါက လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းမှ သတ်မှတ်ထား သော အခွန်အခများကိုအကြေပေးဆောင်မည့်အပြင်တည်ဆဲဥပဒေများအတိုင်း လိုက်နာဆောင်ရွက် မည်ဖြစ်ပါကြောင်းနှင့် အိမ်တွင်းဝါယာသွယ်တန်းခြင်းလုပ်ငန်းများကို လျှပ်စစ်ကျွမ်းကျင်လက်မှတ် ရှိသူများနှင့်သာ ဆောင်ရွက်မည်ဖြစ်ကြောင်း ဝန်ခံကတိပြုလျှောက်ထားအပ်ပါသည်။
တပ်ဆင်သုံးစွဲလိုသည့်လိပ်စာ
__________________________
__________________________
__________________________
လေးစားစွာဖြင့်
________________________
________________________
________________________
________________________
( အခကြေးငွေဖြင့် ရောင်းချခြင်းခွင့်မပြု)
အိမ်သုံးမီတာ လျှောက်ထားရာတွင် အောက်ဖော်ပြပါအချက်များ ပြည့်စုံစွာပါရှိရန် သတ်မှတ်ထား ရှိပါသည်-
(၁) မှတ်ပုံတင်မိတ္တူ (မူရင်းယူဆောင်လာစေခြင်း)
(၂) သန်းခေါင်စာရင်းမိတ္တူ (မူရင်းယူဆောင်လာစေခြင်း)
(၃) ပိုင်ဆိုင်မှု စာချုပ်/ အထောက်အထား (မူရင်းယူဆောင်လာစေခြင်း)
၀န်ကြီးဌာနအနေဖြင့် လျှပ်စစ်ကြောင့် အန္တရာယ် မဖြစ်စေသည့် ဓာတ်အားသုံးစွဲမည့် အဆောက်အဦးများအတွက် အိမ်သုံးမီတာ၊ လုပ်ငန်းသုံးမီတာနှင့် ထရန်စဖော်မာ မီတာများ တင်ပြလျှောက်ထားရာတွင် လျှောက်ထားသည့် အချိန်မှစ၍ ဓာတ်အားဆက် သွယ်သည့်အချိန်အထိ အောက်ဖော်ပြပါ လုပ်ငန်းစဉ်များအတိုင်း စိစစ်ဆောင်ရွက်လျက်ရှိပါသည်-
(၁) သတ်မှတ်ချက်များနှင့် ပြည့်စုံကိုက်ညီမှု ရှိ/ မရှိ စာရွက်စာတမ်းနှင့် အထောက် အထားပိုင်းဆိုင်ရာများ စစ်ဆေးခြင်း၊ ၂၃၀ (သို့) ၄၀၀ ဗို့ ဓာတ်အားလိုင်းနှင့် ပေ ၃၀၀ အတွင်း ရှိ/ မရှိ ၊ ဓာတ်အားဆက်သွယ်ပေးမည့် ဓာတ်အားလိုင်းနှင့် ထရန်စဖော်မာများ ဝန်အားနိုင်နင်းမှု ရှိ/ မရှိ ကွင်းဆင်းစစ်ဆေးခြင်း
(၂) သတ်မှတ်ချက်များနှင့် ကိုက်ညီမှုရှိပါက အောက်ဖော်ပြပါ သတ်မှတ်နှုန်းထား များအတိုင်း ပေးသွင်းစေခြင်း
စဉ် |
အကြောင်းအရာ |
ကောက်ခံရမည့်နှုန်းထား (ကျပ်) |
|||
ကျေးလက်ဒေသသုံး (၅/၃၀) (Man al) |
မြို့ငယ်သုံး (၅/၃၀) (HHU) |
မြို့ကြီးသုံး (၁၀/၆၀) (HHU) |
|||
၁ ၂
|
က ခ ဂ ဃ င |
အိမ်သုံးမီတာသတ်မှတ်ကြေး အခြားကုန်ကျစရိတ် အာမခံစဘော်ငွေ ကြိုးသွယ်ခ မီးဆက်ခ ကြီးကြပ်ခ မီတာလျှောက်လွှာမှတ်ပုံတင်ကြေး |
၃၅၀၀၀
၄၀၀၀ ၂၀၀၀ ၂၀၀၀ ၁၀၀၀ ၁၀၀၀ |
၆၅၀၀၀
၄၀၀၀ ၂၀၀၀ ၂၀၀၀ ၁၀၀၀ ၁၀၀၀ |
၈၀၀၀၀
၄၀၀၀ ၂၀၀၀ ၂၀၀၀ ၁၀၀၀ ၁၀၀၀ |
|
|
စုစုပေါင်း |
၄၅၀၀၀ |
၇၅၀၀၀ |
၉၀၀၀၀ |
(၃) သတ်မှတ်ကြေးများ ပေးသွင်းပြီးပါက မီတာ တပ်ဆင်ပေးပြီး မီတာအထွက် Breaker အထိ ဓာတ်အားဆက်သွယ်ပေးခြင်း
အထက်ဖော်ပြပါ အိမ်သုံးမီတာ၊ အသစ်တပ်ဆင်ခြင်း (မီးသုံးသူအသစ် စာရင်းရေးသွင်းခြင်း)နှင့် စပ်လျဉ်း၍ မီတာစတင်လျှောက်ထားသည့်မှ မီတာဖတ် မှတ်တမ်းထွက်ပြီးသည်အထိ သက်ဆိုင်ရာ မြို့နယ်လျှပ်စစ်မန်နေဂျာရုံးများရှိ ဌာနအသီးသီးမှ အောက် ဖော်ပြပါအတိုင်း လုပ်ငန်းစဉ်အဆင့်ဆင့်အား လိုက်နာဆောင်ရွက်လျက် ရှိပါသည်-
(က) စီမံခန့်ခွဲရေးဌာန။ လျှောက်လွှာသစ်များ လက်ခံခြင်းဘုံမှတ်တမ်း(လျှပ်စစ်ပုံစံ -၂၈၄)ရေးသွင်းခြင်း၊ သတ်မှတ်ထားသော အချက်များနှင့်အညီ ဓာတ်အားဆက် သွယ်ရန် လျှောက်လွှာပုံစံနှင့် စာချုပ်ပုံစံ(လျှပ်စစ်ပုံစံ-၁၆)၊ ဓာတ်ကြိုးတပ်ဆင်ရန် လျှောက်လွှာ(လျှပ်စစ်ပုံစံ-၂၅၈)လက်ခံခြင်း
(ခ) ဘဏ္ဍာရေးဌာန။ မှတ်ပုံတင်ကြေးအား ငွေရပြေစာ(လျှပ်စစ်ပုံစံ -၂၃) ဖြင့် လက်ခံခြင်း
(ဂ) အင်ဂျင်နီယာဌာန။ လုပ်ငန်းကုန်ကျစရိတ် တွက်ချက်ခြင်းနှင့် လုပ်ငန်းဆောင် ရွက်ရန် ညွှန်ကြားခြင်း၊ (လျှပ်စစ်ပုံစံ -၁၃၈) ဖြင့် မီတာတပ်ဆင်ရန် စစ်ဆေးခြင်း
(ဃ) စီမံခန့်ခွဲရေးဌာန။ မီတာတပ်ဆင်ရန် စစ်ဆေးပြီးပါက ကျသင့်ငွေ ပေးသွင်း ရန် အကြောင်းကြားစာ(လျှပ်စစ်ပုံစံ-၂၄) ရေးသွင်းခြင်း
(င) ဘဏ္ဍာရေးဌာန။ ကြိုးသွယ်ခ၊ ကြီးကြပ်ခ၊ မီးဆက်ခအား (လျှပ်စစ်ပုံစံ-၂၃) မီတာသတ်မှတ်ကြေး(လျှပ်စစ်ပုံစံ-၂၃)နှင့် အာမခံစဘော်ငွေ(လျှပ်စစ်ပုံစံ-၉၅)လက်ခံခြင်း၊ (လျှပ်စစ်ပုံစံ-၂၆၈) မှတ်ပုံတင် ရေးသွင်းခြင်း
(စ) စီမံခန့်ခွဲရေးဌာန။ လျှပ်စစ်ပုံစံ-၁၃၈တွင် ငွေရပြေစာအမှတ် ရေးသွင်းပြီး မြို့နယ်လျှပ်စစ်မန်နေဂျာမှ လက်မှတ်ရေးထိုး၍ မီတာထုတ်ယူရန် အင်ဂျင်နီယာဌာန သို့ ပေးပို့ခြင်း
(ဆ) အင်ဂျင်နီယာဌာန။ မီတာတပ်ဆင်ရန်အတွက် ပစ္စည်းစီမံရေးဌာနသို့ ပစ္စည်း တောင်းခံလွှာ လျှပ်စစ်ပုံစံ-၂၅(က)ဖြင့် မီတာတောင်းခံခြင်း
(ဇ) ပစ္စည်းစီမံရေးဌာန။ မီတာအား ပစ္စည်းထုတ်ပေးလွှာပုံစံ-၂၅(ခ)ဖြင့် ထုတ်ပေးခြင်း၊ မီတာမှတ်ပုံတင်စာအုပ်(လျှပ်စစ်ပုံစံ-၆၆)၊ ဘင်းကဒ်(လျှပ်စစ်ပုံစံ-၂၆) ရေးသွင်းခြင်း
(စျ) အင်ဂျင်နီယာဌာန။ ထုတ်ယူရရှိသော မီတာကို သွားရောက်တပ်ဆင်ခြင်း၊ ပုံစံ များပါသော အမှုတွဲကို စီမံခန့်ခွဲရေးဌာနသို့ ပေးပို့ခြင်း
(ည) စီမံခန့်ခွဲရေးဌာန။ မီတာအသစ်ဆက်ခြင်း၊ ဘုံမှတ်တမ်း(လျှပ်စစ်ပုံစံ-၂၈၀) ရေးသွင်းခြင်း
(ဋ) ဘဏ္ဍာရေးဌာန။ မီတာဖတ်ကဒ်ပြား(လျှပ်စစ်ပုံစံ-၇၆) ရေးသွင်းခြင်း၊ ဓာတ် အားသုံးစွဲသူများလယ်ဂျာ(လျှပ်စစ်ပုံစံ-၄၃)ရေးသွင်းခြင်း၊ လျှပ်စစ်ပုံစံ-၉၅ လက်ခံ တွင် မီတာအမှတ်နှင့် စာရင်းအမှတ် ရေးသွင်းခြင်း၊ မီတာဖတ်ခြင်း၊ ဘီလ်ထုတ်ခြင်း