The Republic of the union of myanmar

Ministry Of Electricity And Energy

Breaking News :

နောက်ဆုံးရသတင်း


လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ဝန်ထမ်းမိသားစုများ၏ ပထမအကြိမ် ကထိန်သင်္ကန်း ကပ်လှူပူဇော်ပွဲ
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးအမှူးပြု၍ ဝန်ထမ်းမိသားစုများ၏ တတိယအကြိမ်မြောက် စုပေါင်းမဟာဘုံကထိန်လျာသင်္ကန်း ကပ်လှူပူဇော်ပွဲကို ယနေ့နံနက် ၀၅:၀၀ နာရီအချိန်တွင် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ရတနာခန်းမ၌ ကျင်းပပြုလုပ်ရာ မဟာဝိသုတာရာမ စျေးကုန်းကျောင်းတိုက်ဆရာတော် နိုင်ငံတော်ဩဝါဒစရိယ အဘိဓဇမဟာရဌဂုရု အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တ ကဝိသာရ အရှင်သူမြတ်ထံမှ ကထိန် အနုမောဒနာတရားတော်များ နာကြား၍ ဆရာတော် သံဃာတော်များအား ငွေကျပ် ၃၂,၅၆၃,၆၉၀/- တန်ဖိုးရှိ ကထိန်သင်္ကန်းနှင့် လှူဖွယ်ဝတ္ထု ပစ္စည်းများ ဆက်ကပ်လှူဒါန်းကြပြီး လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေခဲ့ကြပါသည်။


Read More...

Post under by : ဝန်ကြီးရုံး
: 15-Nov-2018
ဖြည့်တင်းပြီးရေနံဓာတ်ငွေ့ရည်ဆလင်ဒါများဖြန့်ဖြူးရောင်းချခွင့် လိုင်စင်(ဃ)နှင့်(င) အသစ်လျှောက်ထားခြင်းနှင့် လိုင်စင်ရရှိထားသူများ သက်တမ်းတိုးရန် နှိုးဆော်ခြင်း
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ မြန်မာ့ရေနံဓာတုဗေဒလုပ်ငန်းမှ ခွင့်ပြုထုတ်ပေးထားသော ဖြည့်တင်းပြီးရေနံဓာတ်ငွေ့ရည်ဆလင်ဒါများ ဖြန့်ဖြူးရောင်းချခွင့်လိုင်စင်(လိုင်စင်(ဃ)နှင့်(င)) များသည် ၂၀၁၈ ခုနှစ် ဒီဇင်ဘာလ ၃၁ ရက်နေ့တွင် သက်တမ်းကုန်ဆုံးမည်ဖြစ်ပါသဖြင့်  သက်တမ်းကုန်ဆုံးသောနေ့ရက်မတိုင်မီ နောင်လာမည့်နှစ်အတွက် လိုင်စင်သက်တမ်းတိုးမြှင့် လျှောက်ထားရန် လိုအပ်ပါသည်။


Read More...

Post under by : မြန်မာ့ရေနံဓာတုဗေဒလုပ်ငန်း(MPE)
: 15-Nov-2018
၆၆ကေဗွီ မြင်းခြံ - ငါန်းဇွန် ဓာတ်အားလိုင်း(၀.၆၇) မိုင်၊ ၆၆/၁၁ကေဗွီ ( ၁၀ )အမ်ဗွီအေ ငါန်းဇွန် ဓာတ်အားခွဲရုံတည်ဆောက်ခြင်းလုပ်ငန်း
မန္တလေးတိုင်းဒေသကြီး ငါန်းဇွန်မြို့သို့ နိုင်ငံတော်ဓာတ်အားစနစ်မှ ဓာတ်အားပြည့်ဝစွာ ဖြန့်ဖြူးပေးနိုင်ရေးအတွက် ၆၆ကေဗွီ မြင်းခြံ - ငါန်းဇွန်ဓာတ်အားလိုင်း (၀.၆၇)မိုင် နှင့် ၆၆/၁၁ ကေဗွီ (၁၀) အမ်ဗွီအေ ငါန်းဇွန် ဓာတ်အားခွဲရုံ တည်ဆောက်ရေး စီမံကိန်းအား (၇.၃.၂၀၁၆) ရက်နေ့တွင် စတင်အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ရာ


Read More...

Post under by : ဝန်ကြီးရုံး
: 15-Nov-2018
၆၆ကေဗွီ ရသေ့တောင် - ဘူးသီးတောင် ဓာတ်အားလိုင်း(၃၃)မိုင်၊ ၆၆/၁၁ကေဗွီ ( ၅ ) အမ်ဗွီအေ ဘူးသီးတောင် ဓာတ်အားခွဲရုံတည်ဆောက်ခြင်းလုပ်ငန်း
ရခိုင်ပြည်နယ် ရသေ့တောင်၊ ဘူးသီးတောင်၊ မောင်တောဒေသရှိ ပြည်သူများ လူမှုဘဝ တိုးတက်ရေးမှာ လိုအပ်သော လျှပ်စစ်ဓာတ်အားကို နိုင်ငံတော်ဓာတ်အားစနစ်မှ ရရှိ သုံးစွဲ နိုင်ရေး ၆၆ကေဗွီ ပုဏ္ဏားကျွန်း - ရသေ့တောင် - ဘူးသီးတောင် - မောင်တော ဓာတ်အားလိုင်း (၆၄.၃၁)မိုင်နှင့် ၆၆ကေဗွီ ဓာတ်အားခွဲရုံများတည်ဆောက်ရေးစီမံကိန်းအား အကောင်အထည် ဖော်ဆောင်ရွက်လျက်ရှိရာ


Read More...

Post under by : ဝန်ကြီးရုံး
: 15-Nov-2018
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ မြန်မာ့ရေနံဓာတုဗေဒလုပ်ငန်း၊ ရေနံမီးသွေး Petroleum Coke ရောင်းချရန်ကြေညာခြင်း
မြန်မာ့ရေနံဓာတုဗေဒလုပ်ငန်းကြီးကြပ်မှုအောက်ရှိ မကွေးတိုင်းဒေသကြီး၊ မင်းလှမြို့နယ် တွင် တည်ရှိသော ရေနံဓာတုဗေဒစက်ရုံစု(သံပရာကန်)မှ ထွက်ရှိသည့်  ရေနံမီးသွေး ​Petroleum Coke များကို စက်ရုံရှိလက်ကျန် Stock အခြေအနေအပေါ်မူတည်၍ လစဉ်ပြောင်းလဲသတ်မှတ် သည့်ရောင်းစျေးနှုန်းဖြင့် ရောင်းချပေးမည်ဖြစ်ပါ၍ မြန်မာ့ရေနံဓာတုဗေဒလုပ်ငန်း၊ ရုံးချုပ်       (ရုံးအမှတ်(၄၄)၊ နေပြည်တော်)တွင် မည်သူမဆို လျှောက်ထားဝယ်ယူနိုင်ပါသည်။


Read More...

Post under by : မြန်မာ့ရေနံဓာတုဗေဒလုပ်ငန်း(MPE)
: 14-Nov-2018