The Republic of the union of myanmar

Ministry Of Electricity And Energy

Breaking News :

နောက်ဆုံးရသတင်း


လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနနှင့် ဂရိတ်ဟော်ခမ်းအများပိုင်ကုမ္ပဏီလီမိတက်တို့အကြား လျှပ်စစ်ဓာတ်အားဝယ်ယူရေး သဘောတူစာချုပ် လက်မှတ်ရေးထိုးပွဲ အခမ်းအနား ကျင်းပသည့်သတင်း
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်းနှင့် ဂရိတ်ဟော်ခမ်းအများပိုင် ကုမ္ပဏီလီမိတက် တို့အကြား လျှပ်စစ်ဓာတ်အားဝယ်ယူရေး သဘောတူစာချုပ် လက်မှတ်ရေးထိုးပွဲအခမ်းအနားကို ၂၀၁၈ ခုနှစ်၊ ဇူလိုင်လ (၅) ရက်နေ့ ညနေ(၀၆:၃၀)နာရီအချိန်တွင် နေပြည်တော်ရှိ Park Royal Hotel ၌ ကျင်းပပြုလုပ်ခဲ့ ပါသည်။


Read More...

Post under by : ဝန်ကြီးရုံး
: 05-Jul-2018
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်မှ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ အခြေစိုက် မြန်မာနိုင်ငံဆိုင်ရာ သြစတြီးယားနိုင်ငံ သံအမတ်ကြီး H.E. Dr. Eva Hager နှင့် ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ ဆွေးနွေးသည့် သတင်း
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်သည် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့အခြေစိုက် မြန်မာနိုင်ငံဆိုင်ရာ သြစတြီးယားနိုင်ငံ သံအမတ်ကြီး H.E. Dr. Eva Hager နှင့် ကိုယ်စားလှယ်အဖွဲ့အား ယနေ့မွန်းလွဲ (၁၄:၀၀) နာရီတွင် လျှပ်စစ်နှင့်စွမ်းအင် ဝန်ကြီးဌာန၊ ရုံးအမှတ် (၂၇)၊ ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံခဲ့ပါသည်။


Read More...

Post under by : ဝန်ကြီးရုံး
: 03-Jul-2018
ကုန်းပိုင်းနှင့်ကမ်းလွန်လစ်လပ်လုပ်ကွက်များတွင် ရေနံနှင့်သဘာဝဓာတ်ငွေ့ရှာဖွေ၊ တူးဖော်၊ ထုတ်လုပ်ခြင်း လုပ်ငန်းများကို နိုင်ငံခြားရေနံကုမ္ပဏီများနှင့် ရင်းနှီးမြှုပ်နှံပူးပေါင်း ပါဝင် ဆောင်ရွက်ရန်အတွက် စိတ်ဝင်စားသည့် မြန်မာနိုင်ငံသားပိုင်ကုမ္ပဏီများအား မှတ်ပုံတင်နိုင်ရန် အသိပေးကြေညာခြင်း
၁။     ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ၊ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ မြန်မာ့ ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်းသည် ကုန်းပိုင်းနှင့်ကမ်းလွန် လစ်လပ်လုပ်ကွက်များတွင် ရေနံနှင့်သဘာဝဓာတ်ငွေ့ရှာဖွေ၊ တူးဖော်၊ ထုတ်လုပ်ခြင်းလုပ်ငန်းများကို ထုတ်လုပ်မှုအပေါ် ခွဲဝေခံစားရေးစာချုပ်ဖြင့်လည်းကောင်း၊ ရေနံတိုးတက်ထုတ်ယူရရှိရေးစာချုပ်ဖြင့်လည်းကောင်း နိုင်ငံခြားရေနံကုမ္ပဏီများနှင့် အကျိုးတူပူးပေါင်းဆောင်ရွက်ရန် အပြည်ပြည်ဆိုင်ရာ တင်ဒါ ခေါ်ယူ ဆောင်ရွက်မည်ဖြစ် ပါသည်။


Read More...

Post under by : ရေနံနှင့် သဘာဝဓာတ်ငွေ့စီမံရေးဦးစီးဌာန(OGPD)
: 03-Jul-2018

ပြည်ထောင်စုဝန်ကြီးဦးဝင်းခိုင် မကွေးတိုင်းဒေသကြီးအတွင်းရှိ သာကြီးတောင်/စပယ်ရေနံမြေ ၊ ကျွန်းချောင်းဓာတ်အားပေးစက်ရုံနှင့် ဓာတ်မြေဩဇာစက်ရုံတို့အား ကြည့်ရှုစစ်ဆေးသည့်သတင်း
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်သည် ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင် ၊ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်သယံဇာတ ၊ သဘာဝပတ်ဝန်းကျင်၊ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီး ဦးမြင့်ဇော်နှင့် တာဝန်ရှိသူများလိုက်ပါလျက် ၂၀၁၈ ခုနှစ် ၊ ဇူလိုင်လ(၁)ရက်နေ့ နံနက်ပိုင်းတွင် မကွေးတိုင်းဒေသကြီး ၊ ပခုက္ကူမြို့နယ်ရှိ မြန်မာ့ရေနံ နှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း ၊ သာကြီးတောင်/စပယ်ရေနံမြေသို့ ရောက်ရှိရာ ရေနံမြေ ရှင်းလင်းဆောင်၌ တာဝန်ရှိသူများက သာကြီးတောင်/စပယ်ရေနံမြေ၏ လုပ်ငန်း ဆောင်ရွက်မှုအခြေအနေများနှင့်ပတ်သက်၍ ရေနံစိမ်းနှင့်သဘာဝဓာတ်ငွေ့အထွက်တိုးရေး အတွက်ဆောင်ရွက်နေမှု၊ ရေနံရှာဖွေရေးနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှု၊ လူမှုရေးတာဝန်သိမှု (CSR)လုပ်ငန်းများဆောင်ရွက်ပေးခဲ့မှုနှင့် ဆက်လက်ဆောင်ရွက်မည့်


Read More...

Post under by : ဝန်ကြီးရုံး
: 01-Jul-2018