The Republic of the union of myanmar

Ministry Of Electricity And Energy

Breaking News :

နောက်ဆုံးရသတင်း


လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး(လျှပ်စစ်) ဦးခင်မောင်ဝင်း Trimble Solutions Corporation မှ ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံဆွေးနွေး
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး(လျှပ်စစ်) ဦးခင်မောင်ဝင်းသည် Trimble Solutions Corporation မှ Regional Director ဖြစ်သူ Mr. Pekka Hamalainen ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ ၁၀ ရက်နေ့၊ ၁၃:၀၀ နာရီအချိန်တွင် လျှပ်စစ် နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ရုံးအမှတ် (၂၇)၊ ဒုတိယဝန်ကြီး၏ ရုံးခန်း၌ လက်ခံတွေ့ဆုံခဲ့ပါသည်။


Read More...

Post under by : ဝန်ကြီးရုံး
: 11-Dec-2019
တိုင်းဒေသကြီး /ပြည်နယ်များရှိ မြို့နယ်များ၏ အိမ်သုံးမီတာများ ရရှိ / ထုတ်ပေး / လက်ကျန် စာရင်း ( ၂.၁၂.၂၀၁၉)
တိုင်းဒေသကြီး /ပြည်နယ်များရှိ မြို့နယ်များ၏ အိမ်သုံးမီတာများ ရရှိ / ထုတ်ပေး / လက်ကျန် စာရင်း ( ၂.၁၂.၂၀၁၉)


Read More...

Post under by : လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်း(ESE)
: 11-Dec-2019
ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များတွင် ဓာတ်အားပိတ်၍ လုပ်ငန်းဆောင်ရွက်သွားမည် ဖြစ်ပါသဖြင့် ဓာတ်အားပြတ်ဧရိယာများကို ကြိုတင်အသိပေးပန်ကြားခြင်း
ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ခရိုင်နှင့် မြို့နယ်များတွင် (၆၆)ကေဗွီ၊ (၃၃)ကေဗွီ ဓာတ်အားခွဲရုံများ၊ Distribution Transformerများ ထိန်းသိမ်း ပြုပြင်ခြင်းလုပ်ငန်းများ ၊ ရေရှည်ဓာတ်အား တည်ငြိမ်ပြည့်ဝစွာပေးနိုင်ရေးအတွက် ဟောင်းနွမ်း၍ ဝန်အားမနိုင်တော့သော (၁၁)ကေဗွီ ဓာတ်အားလိုင်းကြိုးများအား လျှပ်ကာပါသော ဓာတ်အားလိုင်းကြိုးအသစ်များဖြင့် လဲလှယ်ခြင်းလုပ်ငန်းများနှင့် ဓာတ်အားပြတ်တောက်မှု လျော့ နည်း ကျဆင်းစေရေးအတွက် သစ်ပင်သစ်ကိုင်းများ ခုတ်ထွင်ရှင်းလင်းခြင်းလုပ်ငန်း များကို (၁၀.၁၂.၂၀၁၉) ရက်နေ့ (အင်္ဂါနေ့) နှင့် (၁၂.၁၂.၂၀၁၉) ရက်နေ့ (ကြာသပတေးနေ့) များတွင် (၀၉:၀၀) နာရီမှ (၁၂:၀၀) နာရီ အထိ ဓာတ်အား ပိတ်၍ လုပ်ငန်းဆာင်ရွက်သွားမည် ဖြစ်ပါ ထိုသို့လုပ်ငန်း ဆောင်ရွက်နေစဉ် အတွင်း အောက်ဖော်ပြပါဓာတ်အားလိုင်းများနှင့် မြို့နယ် များရှိ ရပ်ကွက် အချို့တို့တွင် ဓာတ်အားပြတ်တောက်နေမည်ဖြစ်ပါကြောင်း အများပြည်သူသို့ လေးစားစွာဖြင့် ကြိုတင်အသိပေးပန်ကြားအပ်ပါသည်-


Read More...

Post under by : ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း(YESC)
: 09-Dec-2019
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးခင်မောင်ဝင်း ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ သဘာဝဓာတ်ငွေ့သုံး ဓာတ်အားပေးစက်ရုံများနှင့် ဓာတ်အားပေးစက်ရုံအသစ်စီမံကိန်းများအား သွားရောက် ကြည့်ရှုစစ်ဆေး
၂၀၂၀ ခုနှစ် နွေရာသီတွင် နိုင်ငံတော်၏ တိုးတက်သုံးစွဲလာမည့် လျှပ်စစ်ဓာတ်အား လိုအပ်ချက်ကို အချိန်မီဖြည့်ဆည်းပေးနိုင်ရန်အတွက် ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ သီလဝါ၊ သာကေတ၊ အလုံ၊ ဓာတ်အားပေးစက်ရုံများနှင့် ဓာတ်အားပေးစက်ရုံ စီမံကိန်း အသစ် များသို့ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးခင်မောင်ဝင်းသည် ဌာနဆိုင်ရာ တာဝန်ရှိသူများ လိုက်ပါလျက် ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ ၈ ရက်နေ့တွင် သွားရောက် ကြည့်ရှုစစ်ဆေးခဲ့ပါသည်။


Read More...

Post under by : ဝန်ကြီးရုံး
: 08-Dec-2019
ရန်ကုန်တိုင်းဒေသကြီး၊ ကော့မှူးမြို့နယ်ရှိ ဝါးဘလောက်သောက်ဓာတ်အားခွဲရုံနှင့် ကွမ်းခြံကုန်းမြို့နယ် လက်ခုပ်ကုန်း-ပိုးယဉ်စုဓာတ်အားခွဲရုံ ဖွင့်ပွဲအခမ်းအနားများကျင်းပ
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းမှ အကောင်အထည်ဖော် တည်ဆောက်ပြီးစီးခဲ့သည့် ကော့မှူးမြို့နယ်ရှိ ဝါးဘလောက်သောက် ဓာတ်အားခွဲရုံနှင့် ကွမ်းခြံကုန်းမြို့နယ်ရှိ လက်ခုပ်ကုန်း-ပိုးယဉ်စုဓာတ်အားခွဲရုံတို့၏ ဖွင့်ပွဲ အခမ်းအနားများကို ၂၀၁၉ခုနှစ်၊ ဒီဇင်ဘာလ (၇)ရက်နေ့တွင် အဆိုပါဓာတ်အားခွဲရုံများ၌ အသီးသီး ကျင်းပပြုလုပ်ခဲ့ပါသည်။


Read More...

Post under by : ဝန်ကြီးရုံး
: 07-Dec-2019