ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင် ရန်ကုန်တိုင်းဒေသကြီး မြောက်ပိုင်းခရိုင်အတွင်း ဓာတ်အားပြတ်တောက်မှုလျော့နည်းရေးဆောင်ရွက်မှုအခြေအနေများအား ကြည့်ရှုစစ်ဆေးခြင်းနှင့် ABB Licensed Products Launching Ceremony သို့ တက်ရောက်ခဲ့သည့်သတင်း
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်အတွင်းရှိ ပြည်သူများ လျှပ်စစ် ဓာတ်အား ကောင်းမွန်စွာ သုံးစွဲနိုင်ရေး၊ ဗို့အားစနစ်တည်ငြိမ်မှုရှိစေရေး၊ ဓာတ်အားပျောက်ဆုံးမှု လျှော့ချနိုင်ရေးနှင့် ဓာတ်အားပြတ်တောက်မှုလျော့နည်းရေးအတွက် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်သည် ဒုတိယဝန်ကြီး ဒေါက်တာ ထွန်းနိုင်နှင့် တာဝန်ရှိသူများလိုက်ပါလျက် ၂၀၁၈ ခုနှစ် ၊ ဇွန်လ ၂ ရက်နေ့ ၊ နံနက်ပိုင်း တွင် ရန်ကုန်မြို့၊ အင်းစိန်မြို့နယ်အတွင်းရှိ မြောက်ပိုင်းခရိုင်ရုံးခွဲရုံသို့ ရောက်ရှိရာ တာဝန် ရှိသူများမှ မြောက်ပိုင်းခရိုင်အတွင်း ဓာတ်အားပြတ်တောက်မှုလျော့နည်းရေးအတွက် ဆောင်ရွက်ထားရှိမှုအခြေအနေ၊ ဓာတ်အားဖြန့်ဖြူးပေးထားမှုအခြေအနေ၊ ဓာတ်အားလိုင်းများ လိုင်းအပြစ်ဖြစ်ပွားမှုလျော့နည်းရေးအတွက် ဆောင်ရွက်ထားမှုအခြေအနေ နှင့် ပြည်သူ များလျှပ်စစ်ဓာတ်အားပြည့်ဝစွာ ရရှိရေးအတွက် ဆောင်ရွက်ခဲ့သည့် အခြေအနေ တို့အား ရှင်းလင်းတင်ပြရာ ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း ဥက္ကဋ္ဌနှင့် ဒုတိယ ဝန်ကြီးဒေါက်တာထွန်းနိုင်တို့က ဖြည့်စွက်ရှင်းလင်းတင်ပြပါသည်။ တင်ပြမှုများအပေါ် ပြည်ထောင်စုဝန်ကြီးက ပြည်သူများလျှပ်စစ်အန္တရာယ်ကင်းရှင်းစွာဖြင့် ဗို့အားပြည့်ဝစွာ အသုံးပြုနိုင်ရေး၊ တိုးတက်သုံးစွဲလာမည့် ဓာတ်အားလိုအပ်ချက်အခြေအနေများအား မျှော်မှန်း၍ ကြိုတင်စီမံဆောင်ရွက်ထားရန်၊ ဝန်ကြီးဌာနနှင့် နိုင်ငံတော်အတွက် ဝင်ငွေတိုးတက်ရရှိရေး အလေးထားဆောင်ရွက်ရန်နှင့် ဓာတ်အားပြတ်တောက်မှုလျော့နည်းရေးအတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရန် မှာကြား၍ လုပ်ငန်းလိုအပ်ချက်များအား ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ပါသည်။
Read More...
Post under by : ဝန်ကြီးရုံး
: 02-Jun-2018
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်းနှင့် Mitsubishi Corporation တို့အကြားဓာတ်အားခွဲရုံ၄ရုံအဆင့်မြှင့်တင်ပြုပြင်ခြင်းလုပ်ငန်းအပ်နှံမှုသဘောတူစာချုပ်လက်မှတ်ရေးထိုးခြင်းအခမ်းအနားကျင်းပပြုလုပ်သည့်သတင်း
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်းနှင့် Mitsubishi Corporation တို့အကြားဓာတ်အားခွဲရုံ၄ရုံ (အလုံ၊ရွာမ၊လှော်ကား၊သာကေတ) အဆင့်မြှင့်တင်ပြုပြင်ခြင်းလုပ်ငန်းအပ်နှံမှုသဘောတူစာချုပ်လက်မှတ်ရေးထိုးခြင်းအခမ်းအနားကို၂၀၁၈ခုနှစ်၊မေလ၂၉ရက်နေ့၊ညနေ၀၆:၃၀နာရီအချိန်တွင် Horizon Lake View Resort Hotel ၊နေပြည်တော်၌ကျင်းပပြုလုပ်ခဲ့ပါသည်။
Read More...
Post under by : ဝန်ကြီးရုံး
: 30-May-2018
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊အင်ဂျင်နီယာများမွမ်းမံသင်တန်း အမှတ်စဉ် (၁/၂၀၁၈) ဖွင့်ပွဲအခမ်းအနားကျင်းပပြုလုပ်သည့်သတင်း
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၏အင်ဂျင်နီယာများမွမ်းမံသင်တန်းအမှတ်စဉ် (၁/၂၀၁၈) ဖွင့်ပွဲအခမ်းအနားကို၂၀၁၈ခုနှစ်၊မေလ၂၈ရက်နေ့၊နံနက် (၀၉:၀၀)နာရီအချိန်တွင်လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ဗဟိုသင်တန်းကျောင်း (နေပြည်တော်) ၌ကျင်းပပြုလုပ်ခဲ့ပါသည်။
Read More...
Post under by : ဝန်ကြီးရုံး
: 29-May-2018
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင် သဘာဝပိုဇိုလန်ထုတ်လုပ်ရေးစက်ရုံ(ပုပ္ပါး) သို့ သွားရောက်ကြည့်ရှုစစ်ဆေးသည့်သတင်း
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်သည် လျှပ်စစ် ဓာတ်အား ပို့လွှတ်ရေးနှင့်ကွပ်ကဲရေးဦးစီးဌာနနှင့် မန္တလေးလျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်းမှ တာဝန်ရှိသူများလိုက်ပါလျက် ၂၀၁၈ ခုနှစ်၊ မေလ ၂၇ ရက်နေ့တွင် မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်း မြို့နယ်ရှိ ရေအားလျှပ်စစ်အကောင်အထည် ဖော်ရေးဦးစီးဌာန၏ သဘာဝပိုဇိုလန်ထုတ်လုပ်ရေး စက်ရုံ(ပုပ္ပါး)သို့ သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ပါသည်။
Read More...
Post under by : ဝန်ကြီးရုံး
: 28-May-2018
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင် မန္တလေးတိုင်းဒေသကြီးနှင့် မကွေးတိုင်းဒေသကြီးတို့တွင် လျှပ်စစ်နှင့်စွမ်းအင်ဆိုင်ရာ ကိစ္စရပ်များအတွက် လှည့်လည်ကြည့်ရှု စစ်ဆေး
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှဒုတိယဝန်ကြီးဒေါက်တာထွန်းနိုင်သည်ဌာနဆိုင်ရာတာဝန်ရှိသူများလိုက်ပါလျက် ၂၀၁၈ ခုနှစ်၊ မေလ (၂၇) ရက်နေ့တွင် မကွေးတိုင်းဒေသကြီး၊ ချောက်မြို့နယ်ရှိ မြန်မာ့ရေနံထွက်ပစ္စည်းရောင်းဝယ်ရေးလုပ်ငန်း၏ ပင်မသိုလှောင်ဖြန့်ဖြူးရေး ဌာနကြီး (ဂ) အဆင့်(ချောက်) သို့ ရောက်ရှိခဲ့ပြီး ပင်မမန်နေဂျာမှ စက်သုံးဆီများ လက်ခံ/သိုလှောင်/ ဖြန့်ဖြူးပေးနေမှု အခြေအနေများအား ရှင်းလင်းတင်ပြခဲ့ရာ ဒုတိယဝန်ကြီးမှ စက်သုံးဆီများ လက်ခံ/ သိုလှောင်/ ဖြန့်ဖြူးရာတွင် စနစ်တကျရှိစေရေး၊ လေလွင့်လျော့နည်းမှုမရှိစေရေးနှင့် မီးဘေး အန္တရာယ်မဖြစ်ပေါ်စေရေးအတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားကြရန် လမ်းညွှန်မှာကြားခဲ့ ပါသည်။
Read More...
Post under by : ဝန်ကြီးရုံး
: 27-May-2018