၁။ ဝန်ကြီးရုံးနှင့်အမြဲတမ်းအတွင်းဝန်၏ အုပ်ချုပ်မှုကိစ္စရပ်များဆောင်ရွက်ခြင်း။
၂။ ဝန်ကြီးဌာန ဝန်ထမ်းစီမံရေးနှင့် အထွေထွေစီမံခန့်ခွဲမှုကိစ္စများ၊ တာဝန်ယူညွှန်ကြားခြင်း။
၃။ ပြည်တွင်း/ပြည်ပသို့ သင်တန်းများ ရွေးချယ်စေလွှတ်ခြင်းနှင့် ဝန်ကြီးဌာနအစီအစဉ်ဖြင့် သင်တန်းများဖွင့်လှစ်ခြင်း။
၄။ ပြည်တွင်း/ ပြည်ပနှီးနှောဖလှယ်ပွဲများ၊ ပြပွဲ/ဆွေးနွေးပွဲများသို့ကိုယ်စားလှယ်များ ရွေးချယ် စေလွှတ်ရန် ကြီးကြပ်ခြင်း။
၅။ မှတ်ပုံတင်လုပ်ငန်းများနှင့် ဝန်ကြီးဌာန၏လုပ်ငန်းလိုင်စင်နှင့် အခွန်အခဆိုင်ရာကိစ္စရပ်များ ဆောင်ရွက်ခြင်း။
၁။ မူဝါဒ၊ ဥပဒေများနှင့် လုပ်ထုံးလုပ်နည်းများ၊ အမိန့်များထုတ်ပြန်ခြင်း၊ ပြင်ဆင်ခြင်း၊ ဖြည့်စွက်ခြင်း။
၂။ ဝန်ကြီးဌာနလက်အောက်ရှိဌာနအသီးသီးမှ တင်ပြလာသည့်လုပ်ငန်းဆိုင်ရာ တင်ပြချက်များ ကို မူဝါဒလုပ်ထုံးလုပ်နည်းနှင့် ညီမညီစိစစ်ခြင်း။
၃။ နိုင်ငံတကာအဖွဲ့အစည်းများ၊ ဒေသတွင်း အဖွဲ့အစည်းများနှင့် သဘောတူထားသည့် ဥပေဒများ၊ လုပ်ထုံးလုပ်နည်းများထုတ်ပြန်ခြင်း၊ ပူးပေါင်းဆောင်ရွက်ခြင်းတို့ကို ကြီးကြပ် ခြင်း။
၄။ လွှတ်တော်အပါအဝင် အထက်အဖွဲ့အစည်းများမှ မေးမြန်းသည့်မေးခွန်းများ ဖြေကြားခြင်း၊ ကတိကဝတ်ဆိုင်ရာများစိစစ်ဆောင်ရွက်ခြင်း။
၅။ အစိုးရအဖွဲ့သို့ အမှာစာများ ပြုစုခြင်း။
၆။ ဝန်ကြီးဌာန၏ မူဝါဒသာမကဝန်ကြီးဌာန မှ တာဝန်ယူဆောင်ရွက်နေသော လုပ်ငန်းများနှင့် စပ်ဆက်နေသော ကဏ္ဍအလိုက် မူဝါဒများကို လေ့လာစိစစ်တင်ပြခြင်း။
၁။ နှစ်ရှည်/နှစ်တို၊ နှစ်စဉ်စီမံကိန်းများ ရေးဆွဲခြင်းနှင့် တိုးတက်မှုအစီရင်ခံခြင်း။
၂။ ဝန်ကြီးဌာနမှ အကောင်အထည်ဖော်သည့် စီမံကိန်းလုပ်ငန်းများနှင့် တိုင်းဒေသကြီး/ ပြည်နယ်များ၏ စီမံကိန်းလုပ်ငန်းများ ညှိနှိုင်းပေါင်းစပ် အကောင်အထည်ဖော်နိုင်ရန် စီစဉ်ခြင်း။
၃။ ဝန်ကြီးဌာနလက်အောက်ရှိဌာနအားလုံး၏ စီမံကိန်းစာရင်းအင်းများကို စုစည်း၍ ဝန်ကြီးဌာန ကိုယ်စားအစီရင်ခံခြင်း။
၄။ စာရင်းအင်းကိန်းဂဏန်းအချက်အလက်များအား ရယူစုဆောင်းရာတွင် တိုင်းဒေသကြီး/ ပြည်နယ်အလိုက် ကောက်ခံမှုများပြည့်စုံမှန်ကန်စေရန် ဆောင်ရွက်ခြင်း။
၅။ သတင်းအချက်အလက်ကိန်းဂဏန်းများအား ICT နည်းပညာသုံးစွဲ၍ စုစည်းထိန်းသိမ်းခြင်း။
၆။ တိုင်းဒေသကြီး/ပြည်နယ်များနှင့် Network ချိတ်ဆက်၍ သတင်းအချက်အလက်များ စုဆောင်းခြင်း၊ ဖြန့်ဝေခြင်းတို့ကို ဆောင်ရွက်နိုင်ရန် အစဉ်ကြီးကြပ်ခြင်း။
၇။ e-government နှင့် သတင်းအချက်အလက်နှင့် နည်းပညာဆိုင်ရာလုပ်ငန်းများကို အကောင် အထည်ဖော်ဆောင်ရွက်ခြင်း။
၈။ သုတေသနလုပ်ငန်းများဆောင်ရွက်၍ အကဲဖြတ်စိစစ်ခြင်း။
၉။ ဝန်ကြီးဌာနမှ တာဝန်ယူကြီးကြပ်သည့် အသင်းအဖွဲ့များ၏ လုပ်ငန်းဆောင်ရွက်မှု မှတ်တမ်း များ ICT နည်းပညာဖြင့် သုံးသပ်၍ ထိန်းသိမ်းခြင်း။
၁။ ဝန်ကြီးဌာနလက်အောက်ရှိဌာနအသီးသီး၏ ဘဏ္ဍာငွေအရ အသုံးများကို လစဉ်ရယူစိစစ်ခြင်း။
၂။ ရငွေသုံးငွေသုံးစွဲမှုမှန်ကန်ရေး စောင့်ကြည့်လေ့လာခြင်းနှင့် စိစစ်ကြီးကြပ်ခြင်း။
၃။ လုပ်ငန်းများအား ဘဏ္ဍာရေး လုပ်ထုံးလုပ်နည်းနှင့် ညီ/မညီ စိစစ်ခြင်း။
၄။ ဝန်ကြီးဌာနအတွင်း စာရင်းစစ် လုပ်ငန်းများ (Internal Audit) ဆောင်ရွက်ခြင်း။
၅။ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး ၏ စာရင်းစစ်ဆေးမှုခံယူရန် စီစဉ်ခြင်းနှင့်စာရင်းစစ်ကန့်ကွက် ချက်များကို သက်ဆိုင်ရာဌာန အလိုက်ဖြေရှင်းဆောင်ရွက်မှု အပေါ် ကြီးကြပ်ခြင်း။
၁။ အပြည်ပြည်ဆိုင်ရာအဖွဲ့များနှင့် ဒေသတွင်း အဖွဲ့အစည်းများပူးပေါင်း ဆောင်ရွက်နိုင်ရေး ညွှန်ကြားခြင်း။
၂။ ပြည်တွင်း/ပြည်ပအစည်းအဝေးပွဲများ၊ ဆွေးနွေးပွဲများနှင့်ပတ်သက် သည့်လုပ်ငန်းကိစ္စများ အား စိစစ်ဆောင်ရွက်ခြင်း။
၃။ တိုင်းဒေသကြီး/ပြည်နယ်များ အခြားဝန်ကြီးဌာနများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ခြင်း။
၄။ နိုင်ငံတကာသတင်းအချက်အလက် များရယူစုဆောင်းခြင်း သတင်းထုတ် ပြန်ခြင်း။
၅။ မိမိဝန်ကြီးဌာနများနှင့်ပတ်သက်သည့် သတင်းအချက်အလက်များ၊ စာရွက်စာတမ်းများ၊ စာစောင်များ ထုတ်ဝေ ဖြန့်ချီခြင်း။
၆။ မိမိဝန်ကြီးဌာန၏ လုပ်ငန်းဆောင်ရွက်မှုများ၊ ပြည်ပသတင်း မီဒီယာများမှ မမှန်မကန် သတင်း ဖြန့်ဝေမှုများအား Public Media, Social Media နှင့် Print Media များမှ တစ်ဆင့်တုံ့ပြန်ဖြေရှင်း ဆောင်ရွက်ခြင်း။
၁။ ဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့် အမြဲတမ်းအတွင်းဝန်တို့၏ အုပ်ချုပ်မှုကိစ္စများဆောင် ရွက်ခြင်း။
၂။ ကိုယ်ရေးအရာရှိများ။
၃။ ရုံးအဖွဲ့နှင့်ယာဉ်မောင်းများ။