လျှပ်စစ်စွမ်းအားစီမံရေးဦးစီးဌာန၏ ဖွဲ့စည်းပုံ
လျှပ်စစ်စွမ်းအားစီမံရေးဦးစီးဌာန၏ လုပ်ငန်းတာ၀န်များ
လျှပ်စစ်စွမ်းအားစီမံရေးဦးစီးဌာနသည် အောက်ဖော်ပြပါ လုပ်ငန်းတာ၀န်များကို ဆောင်ရွက် ရမည်။
(က) ပဏာမစူးစမ်းလေ့လာခြင်း၊ ဖြစ်မြောက်နိုင်စွမ်း ရှိ/မရှိ တွက်ချက် သုံးသပ်ခြင်းများ ပြုလုပ်ရာတွင် ဦးဆောင်ပါ၀င်ခြင်း။
( ခ ) ရေအားနှင့်ပြည်လည်ပြည့်ဖြိုးမြဲစွမ်းအင်စီမံကိန်းများ၏ ရေတို၊ ရေရှည်အစီအမံများ ရေးဆွဲရာတွင် ပါ၀င်ညှိနှိုင်းခြင်း။
( ဂ ) လျှပ်စစ်ဓာတ်အားပေးစက်ရုံ စီမံကိန်းအသစ်များနှင့်စပ်လျဉ်း၍ အသေးစိတ်လေ့လာ ခြင်း။
(ဃ) နှစ်စဉ်ဓာတ်အားထုတ်လုပ်မှုပမာဏ လျာထားချက်ပြည့်မီအောင် ထုတ်လုပ်နိုင်ရေး အတွက်စီမံခြင်း။
( င ) တိုးတက်ထုတ်လုပ်ရန်လိုအပ်လာသည့် ဓာတ်အားပမာဏအရ ဓာတ်အားပေးစက်ရုံ တိုးချဲ့တည်ဆောက်ရန် လိုအပ်ချက်များကို တွက်ချက်အကြံပြုတင်ပြခြင်း။
( စ ) တစ်နိုင်ငံလုံး ဓာတ်အားရရှိရေးအတွက် ဓာတ်အားထုတ်လုပ်မှု၊ သယ်ပို့ဖြန့်ဖြူးမှု စနစ် များတိုးချဲ့ရေးစီမံချက်များ ပေါင်းစပ်၍ ပင်မစီမံချက်ရေးဆွဲခြင်း။
(ဆ) စာချုပ်စာတမ်းများအား ဥပဒေလုပ်ထုံးလုပ်နည်းများနှင့် ကိုက်ညီရန်စီစစ်ခြင်း။
( ဇ ) စီမံကိန်းတစ်ခုချင်းအလိုက် ငွေကြေးအခြေအနေတွက်ချက်၍ သုံးစွဲမှုစိစစ် အကဲဖြတ် ခြင်း။
( စျ ) ဓာတ်အားခနှုန်းထားသတ်မှတ်ရေးစိစစ်လေ့လာခြင်း၊ သတ်မှတ်နိုင်ရေးတင်ပြခြင်း။
(ည) ချေးငွေနှင့် ထောက်ပံ့ငွေဆိုင်ရာကိစ္စရပ်များ စိစစ်သုံးသပ်ခြင်း။
( ဋ ) ဆက်စပ်ဆောင်ရွက်မည့်နိုင်ငံနှင့် နှစ်နိုင်ငံလျှပ်စစ်ကဏ္ဍ ပူးပေါင်းဆောင်ရွက်ရေး ဆိုင်ရာ ကိစ္စရပ်များ။
( ဌ ) နည်းပညာဖလှယ်ခြင်း၊ နည်းပညာပူးပေါင်းဆောင်ရွက်ခြင်းဆိုင်ရာကိစ္စရပ်များ။
( ဍ ) နှစ်နိုင်ငံဓာတ်အားထုတ်လုပ်၊ သယ်ပို့၊ ဖြန့်ဖြူးရေးကိစ္စရပ်များ။
( ဎ ) ဓာတ်အားကွန်ယက်ချိတ်ဆက်ရေးနှင့် ဓာတ်အားရောင်းဝယ်ရေးဆိုင်ရာကိစ္စရပ်များ။
(ဏ) ဒေသတွင်း အဖွဲ့အစည်းများနှင့် လျှပ်စစ်ဓာတ်အားဖွံ့ဖြိုးမှု ပူးပေါင်းဆောင်ရွက်ရေး ဆိုင်ရာကိစ္စရပ် များ။
(တ) HAPUA အဖွဲ့နှင့် ဓာတ်အားကွန်ယက်စနစ် ချိတ်ဆက်ခြင်းဆိုင်ရာကိစ္စရပ်များ။
(ထ) BIMSTEC အဖွဲ့ဝင်နိုင်ငံများ/ မဲခေါင်ဒေသတွင်းနိုင်ငံများနှင့် လျှပ်စစ်ဓာတ်အား ကုန်သွယ်ရေး ဆိုင်ရာ ကိစ္စရပ်များ
( ဒ ) ADB ၊ WB ၊ IFC ၊ JICA ၊ JEPIC စသည့် နိုင်ငံတကာအဖွဲ့အစည်းများနှင့် ဆက် သွယ် ဆောင်ရွက်မှု။
( ဓ ) ဝန်ကြီးဌာန ဝန်ထမ်းများ စီမံ၊ ဘဏ္ဍာ၊ အင်ဂျင်နီယာပိုင်း ကျွမ်းကျင်ဝန်ထမ်းပိုင်း တွင် စွမ်းဆောင်ရည် မြင့်မားရေးအတွက် လိုအပ်နေသော သင်တန်းအစီအစဉ်နှင့် သင်တန်းကျောင်းများ ထူထောင်ရေး စီမံချက်ရေးဆွဲခြင်း။
လျှပ်စစ်စွမ်းအားစီမံရေးဦးစီးဌာန၏ ဌာနခွဲများအလိုက် လုပ်ငန်းတာဝန်များ