အိမ်သုံးပါဝါမီတာလျှောက်လွှာပုံစံ
သို့
မြို့နယ်လျှပ်စစ်မှူး/မြို့နယ်လျှပ်စစ်အင်ဂျင်နီယာ
လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်း
_____________________မြို့နယ်/မြို့
ရက်စွဲ ၊ . . ။
အကြောင်းအရာ။ ( / ) အမ်ပီယာ အိမ်သုံးပါဝါမီတာ တပ်ဆင်ခွင့်ပြုပါရန် လျှောက်ထားခြင်း။
အထက်ပါကိစ္စနှင့်ပတ်သက်၍ အမှတ်( )၊ __________________လမ်း
______________________ရပ်ကွက်နေ ကျွန်တော်/ကျွန်မ၏ ___________________တွင်
( / ) အမ်ပီယာ အိမ်သုံးပါဝါမီတာတစ်လုံးတပ်ဆင်သုံးစွဲခွင့်ပြုပါရန် လျှောက်ထားအပ်ပါသည်။
တပ်ဆင်သုံးစွဲခွင့်ပြုပါက လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းမှ သတ်မှတ်ထား သော အခွန်အခများကိုအကြေပေးဆောင်မည့်အပြင်တည်ဆဲဥပဒေများအတိုင်း လိုက်နာဆောင်ရွက် မည်ဖြစ်ပါကြောင်းနှင့် အိမ်တွင်းဝါယာသွယ်တန်းခြင်းလုပ်ငန်းများကို ကျွမ်းကျင်လက်မှတ်ရှိသူများ နှင့်သာ ဆောင်ရွက်မည်ဖြစ်ကြောင်း ဝန်ခံကတိပြုလျှောက် ထားအပ်ပါသည်။
တပ်ဆင်သုံးစွဲလိုသည့်လိပ်စာ
__________________________
__________________________
__________________________
လေးစားစွာဖြင့်
________________________
________________________
________________________
________________________
( အခကြေးငွေဖြင့် ရောင်းချခြင်းခွင့်မပြု)
လုပ်ငန်းသုံးပါဝါမီတာလျှောက်လွှာပုံစံ
သို့
မြို့နယ်လျှပ်စစ်မှူး/မြို့နယ်လျှပ်စစ်အင်ဂျင်နီယာ
လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်း
_____________________မြို့နယ်/မြို့
ရက်စွဲ ၊ . . ။
အကြောင်းအရာ။ ( / ) အမ်ပီယာ လုပ်ငန်းသုံးပါဝါမီတာ တပ်ဆင်ခွင့်ပြုပါရန် လျှောက်ထားခြင်း။
အထက်ပါကိစ္စနှင့်ပတ်သက်၍ အမှတ်( )၊ __________________လမ်း
______________________ရပ်ကွက်နေ ကျွန်တော်/ကျွန်မ၏ ___________________တွင်
( / )အမ်ပီယာလုပ်ငန်းသုံးပါဝါမီတာတစ်လုံးတပ်ဆင်သုံးစွဲခွင့်ပြုပါရန်လျှောက်ထားအပ်ပါသည်။
တပ်ဆင်သုံးစွဲခွင့်ပြုပါက လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းမှ သတ်မှတ်ထား သော အခွန်အခများကိုအကြေပေးဆောင်မည့်အပြင်တည်ဆဲဥပဒေများအတိုင်း လိုက်နာဆောင်ရွက် မည်ဖြစ်ပါကြောင်းနှင့်အိမ်တွင်းဝါယာသွယ်တန်းခြင်းလုပ်ငန်းများကို ကျွမ်းကျင်လက်မှတ်ရှိသူများ နှင့်သာ ဆောင်ရွက်မည်ဖြစ်ကြောင်း ဝန်ခံကတိပြုလျှောက်ထားအပ်ပါသည်။
တပ်ဆင်သုံးစွဲလိုသည့်လိပ်စာ
__________________________
__________________________
__________________________
လေးစားစွာဖြင့်
________________________
________________________
________________________
________________________
( အခကြေးငွေဖြင့် ရောင်းချခြင်းခွင့်မပြု)
ပါဝါမီတာ(အိမ်သုံး+လုပ်ငန်းသုံး/ စက်မှုသုံး) လျှောက်ထားရာတွင် အောက်ဖော်ပြပါအချက်များ ပြည့်စုံစွာပါရှိရန် သတ်မှတ်ထားရှိပါသည်-
(၁) မှတ်ပုံတင်မိတ္တူ (မူရင်းယူဆောင်လာစေခြင်း)
(၂) သန်းခေါင်စာရင်းမိတ္တူ (မူရင်းယူဆောင်လာစေခြင်း)
(၃) အိမ်သုံးမီတာ ဘေလ်မိတ္တူ (မူရင်းယူဆောင်လာစေခြင်း)
(၄) ပိုင်ဆိုင်မှုစာချုပ်/ အထောက်အထား (မူရင်းယူဆောင်လာစေခြင်း)
(၅) အသုံးပြုမည့်ဝန်အားစာရင်း
(၆) လုပ်ငန်းလိုင်စင်/ ကုမ္ပဏီမှတ်ပုံတင်(လုပ်ငန်းသုံး/ စက်မှုသုံးပါဝါမီတာအတွက်)
၀န်ကြီးဌာနအနေဖြင့် လျှပ်စစ်ကြောင့် အန္တရာယ်မဖြစ်စေရေး ဓာတ်အားသုံးစွဲမည့် အဆောက်အဦး များအတွက် ပါဝါမီတာ(အိမ်သုံး+လုပ်ငန်းသုံး/စက်မှုသုံး) တင်ပြလျှောက်ထားရာတွင် လျှောက်ထား သည့် အချိန်မှစ၍ ဓာတ်အားဆက်သွယ်သည့်အချိန်အထိ အောက်ဖော်ပြပါ လုပ်ငန်းစဉ်များအတိုင်း စိစစ်ဆောင်ရွက်လျက်ရှိပါသည်-
(၁) သတ်မှတ်ချက်များနှင့် ပြည့်စုံကိုက်ညီမှု ရှိ/ မရှိ စာရွက်စာတမ်းနှင့် အထောက် အထားပိုင်းဆိုင်ရာများ စစ်ဆေးခြင်း၊ ၄၀၀ ဗို့ (3F 4 W)ဓာတ်အားလိုင်းနှင့် ပေ ၃၀၀ အတွင်း ရှိ/ မရှိ ၊ ဓာတ်အားဆက်သွယ်ပေးမည့် ဓာတ်အားလိုင်းနှင့် ထရန်စဖော်မာ များ ဝန်အားနိုင်နင်းမှု ရှိ/ မရှိ ကွင်းဆင်းစစ်ဆေးခြင်း
(၂) သတ်မှတ်ချက်များနှင့် ကိုက်ညီမှုရှိပါက ခရိုင်လျှပ်စစ်မန်နေဂျာရုံးသို့ တင်ပြ ၍ ခွင့်ပြုမိန့် ရယူခြင်း
(၃) ခရိုင်လျှပ်စစ်မန်နေဂျာရုံးမှ ခွင့်ပြုချက်ရရှိပါက မြို့နယ်လျှပ်စစ်မန်နေဂျာရုံးမှ ခွင့်ပြုမိန့် ရရှိပါက မီတာတပ်ဆင်ခြင်းအတွက် အောက်ဖော်ပြပါ လျှောက်ထား သည့် ပါဝါမီတာ(ကီလိုဝပ်) အလိုက် သတ်မှတ်နှုန်းထားများအား ပေးသွင်းစေ ရာတွင် Infrastructure ကြေးများအား ကာယကံရှင် ကိုယ်တိုင် ဘဏ်သို့ ပေးသွင်းစေခြင်း၊ အုပ်ချုပ်မှုစရိတ်နှင့် ကြီးကြပ်ခများကို သက်ဆိုင်ရာ မြို့နယ် လျှပ်စစ်မန်နေဂျာရုံးတွင် ကာယကံရှင်ကိုယ်တိုင် ပေးသွင်းစေခြင်း၊ ရန်ကုန်တိုင်း ဒေသကြီးစက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာန၊(လျှပ်စစ်စစ်ဆေးရေး)သို့ Internal Wiring အား စစ်ဆေးစေပြီး လျှပ်စစ်အန္တရာယ်ကင်းရှင်းကြောင်း လက်မှတ်ရယူစေခြင်း
အိမ်သုံးပါဝါမီတာအတွက် ပေးသွင်းရမည့် သတ်မှတ်နှုန်းထားများ
စဉ် |
မီတာ အမျိုး အစား (kW) |
သတ်မှတ် ကြေး (Infrastuc- ture) (ကျပ်) |
အာမခံ စဘော်ငွေ (Deposit) (ကျပ်) |
ကြိုး သွယ်ခ/ဆက်ခ (ကျပ်) |
မှတ်ပုံ တင် ကြေး (ကျပ်) |
Composit Box (ကျပ်) |
စုစုပေါင်း (ကျပ်) |
၁ |
၁၀ |
၈၀၀,၀၀၀ |
၄,၀၀၀ |
၆,၀၀၀ |
၂,၀၀၀ |
၃၄,၀၀၀ |
၈၄၆,၀၀၀ |
၂ |
၂၀ |
၁,၀၀၀,၀၀၀ |
၄,၀၀'၀ |
၆,၀၀၀ |
၂,၀၀၀ |
၃၄,၀၀၀ |
၁,၀၄၆,၀၀၀ |
၃ |
၃၀ |
၁,၂၀၀,၀၀၀ |
၄,၀၀၀ |
၆,၀၀၀ |
၂,၀၀၀ |
၃၄,၀၀၀ |
၁,၂၄၆,၀၀၀ |
မှတ်ချက်။ အထက်ပါ နှုန်းထားများနှင့်အတူ ပါဝါမီတာ(ကီလိုဝပ်) အလိုက် ပေးသွင်းရမည့် ကြီးကြပ်ခမှာ အလုပ်ရုံအတွင်း ဝါယာသွယ်တန်း တပ်ဆင်ခ၏ ၁၅ % ပေးသွင်းရမည် ဖြစ်ပါသည်။
စဉ် |
မီတာ အမျိုး အစား (kW) |
သတ်မှတ် ကြေး (Infrastuc- ture) (ကျပ်) |
အာမခံ စဘော်ငွေ (Deposit) (ကျပ်) |
ကြိုး သွယ်ခ/ဆက်ခ (ကျပ်) |
မှတ်ပုံ တင် ကြေး (ကျပ်) |
Composit Box (ကျပ်) |
စုစုပေါင်း (ကျပ်) |
၁ |
၁၀ |
၈၀၀,၀၀၀ |
၈၂,၅၀၀ |
၈,၀၀၀ |
၂၀,၀၀၀ |
၃၄,၀၀၀ |
၉၄၄,၅၀၀ |
၂ |
၂၀ |
၁,၀၀၀,၀၀၀ |
၁၅၇,၅၀၀ |
၈,၀၀၀ |
၂၀,၀၀၀ |
၃၄,၀၀၀ |
၁,၂၁၉,၅၀၀ |
၃ |
၃၀ |
၁,၂၀၀,၀၀၀ |
၂၃၂,၅၀၀ |
၈,၀၀၀ |
၂၀,၀၀၀ |
၃၄,၀၀၀ |
၁,၄၉၄,၅၀၀ |
စက်မှုသုံးပါဝါမီတာအတွက် ပေးသွင်းရမည့် သတ်မှတ်နှုန်းထားများ
မှတ်ချက်။ အထက်ပါ နှုန်းထားများနှင့်အတူ ပါဝါမီတာ(ကီလိုဝပ်)အလိုက် ပေးသွင်းရမည့် ကြီးကြပ်ခမှာ အလုပ်ရုံအတွင်း ဝါယာသွယ်တန်း တပ်ဆင်ခ၏ ၁၅ % ပေးသွင်းရမည် ဖြစ်ပါသည်။
(၄) ကာယကံရှင်မှ သတ်မှတ်ကြေးများ ပေးသွင်းပြီးပါက ၄င်းပြေစာနှင့်အတူ မီတာထုတ်ယူရန်အတွက် ခရိုင်လျှပ်စစ်မန်နေဂျာရုံးသို့ Indent ဖြင့် တင်ပြ တောင်းခံ၍ ရရှိပါက မီတာတပ်ဆင်ပေးပြီး ၄၀၀ ဗို့ Breaker အထိ ဓာတ် အားဆက်သွယ်ပေးခြင်း
အထက်ဖော်ပြပါ ပါဝါမီတာ(အိမ်သုံး+လုပ်ငန်းသုံး/ စက်မှုသုံး) အသစ်တပ်ဆင်ခြင်း (မီးသုံးသူအသစ် စာရင်းရေးသွင်းခြင်း)နှင့် စပ်လျဉ်း၍ မီတာစတင်လျှောက်ထားသည့်မှ မီတာဖတ် မှတ်တမ်းထွက်ပြီးသည်အထိ သက်ဆိုင်ရာ မြို့နယ်လျှပ်စစ်မန်နေဂျာရုံးများရှိ ဌာနအသီးသီးမှ အောက် ဖော်ပြပါအတိုင်း လုပ်ငန်းစဉ်အဆင့်ဆင့်အား လိုက်နာဆောင်ရွက်လျက် ရှိပါသည်-
(က) စီမံခန့်ခွဲရေးဌာန။ လျှောက်လွှာသစ်များ လက်ခံခြင်းဘုံမှတ်တမ်း(လျှပ်စစ်ပုံစံ -၂၈၄)ရေးသွင်းခြင်း၊ သတ်မှတ်ထားသော အချက်များနှင့်အညီ ဓာတ်အားဆက် သွယ်ရန် လျှောက်လွှာပုံစံနှင့် စာချုပ်ပုံစံ(လျှပ်စစ်ပုံစံ-၁၆)၊ ဓာတ်ကြိုးတပ်ဆင်ရန် လျှောက်လွှာ(လျှပ်စစ်ပုံစံ-၂၅၈)လက်ခံခြင်း
(ခ) ဘဏ္ဍာရေးဌာန။ မှတ်ပုံတင်ကြေးအား ငွေရပြေစာ(လျှပ်စစ်ပုံစံ -၂၃) ဖြင့် လက်ခံခြင်း
(ဂ) အင်ဂျင်နီယာဌာန။ လုပ်ငန်းကုန်ကျစရိတ် တွက်ချက်ခြင်းနှင့် လုပ်ငန်းဆောင် ရွက်ရန် ညွှန်ကြားခြင်း၊ (လျှပ်စစ်ပုံစံ -၁၃၈) ဖြင့် မီတာတပ်ဆင်ရန် စစ်ဆေးခြင်း
(ဃ) စီမံခန့်ခွဲရေးဌာန။ မီတာတပ်ဆင်ရန် စစ်ဆေးပြီးပါက ကျသင့်ငွေ ပေးသွင်း ရန် အကြောင်းကြားစာ(လျှပ်စစ်ပုံစံ-၂၄) ရေးသွင်းခြင်း
(င) ဘဏ္ဍာရေးဌာန။ ကြိုးသွယ်ခ၊ ကြီးကြပ်ခ၊ မီးဆက်ခအား (လျှပ်စစ်ပုံစံ-၂၃) မီတာသတ်မှတ်ကြေး(လျှပ်စစ်ပုံစံ-၂၃)နှင့် အာမခံစဘော်ငွေ(လျှပ်စစ်ပုံစံ-၉၅)လက်ခံခြင်း၊ (လျှပ်စစ်ပုံစံ-၂၆၈) မှတ်ပုံတင် ရေးသွင်းခြင်း
(စ) စီမံခန့်ခွဲရေးဌာန။ လျှပ်စစ်ပုံစံ-၁၃၈တွင် ငွေရပြေစာအမှတ် ရေးသွင်းပြီး မြို့နယ်လျှပ်စစ်မန်နေဂျာမှ လက်မှတ်ရေးထိုး၍ မီတာထုတ်ယူရန် အင်ဂျင်နီယာဌာန သို့ ပေးပို့ခြင်း
(ဆ) အင်ဂျင်နီယာဌာန။ မီတာတပ်ဆင်ရန်အတွက် ပစ္စည်းစီမံရေးဌာနသို့ ပစ္စည်း တောင်းခံလွှာ လျှပ်စစ်ပုံစံ-၂၅(က)ဖြင့် မီတာတောင်းခံခြင်း
(ဇ) ပစ္စည်းစီမံရေးဌာန။ မီတာအား ပစ္စည်းထုတ်ပေးလွှာပုံစံ-၂၅(ခ)ဖြင့် ထုတ်ပေးခြင်း၊ မီတာမှတ်ပုံတင်စာအုပ်(လျှပ်စစ်ပုံစံ-၆၆)၊ ဘင်းကဒ်(လျှပ်စစ်ပုံစံ-၂၆) ရေးသွင်းခြင်း
(စျ) အင်ဂျင်နီယာဌာန။ ထုတ်ယူရရှိသော မီတာကို သွားရောက်တပ်ဆင်ခြင်း၊ ပုံစံ များပါသော အမှုတွဲကို စီမံခန့်ခွဲရေးဌာနသို့ ပေးပို့ခြင်း
(ည) စီမံခန့်ခွဲရေးဌာန။ မီတာအသစ်ဆက်ခြင်း၊ ဘုံမှတ်တမ်း(လျှပ်စစ်ပုံစံ-၂၈၀) ရေးသွင်းခြင်း
(ဋ) ဘဏ္ဍာရေးဌာန။ မီတာဖတ်ကဒ်ပြား(လျှပ်စစ်ပုံစံ-၇၆) ရေးသွင်းခြင်း၊ ဓာတ် အားသုံးစွဲသူများလယ်ဂျာ(လျှပ်စစ်ပုံစံ-၄၃)ရေးသွင်းခြင်း၊ လျှပ်စစ်ပုံစံ-၉၅ လက်ခံ တွင် မီတာအမှတ်နှင့် စာရင်းအမှတ် ရေးသွင်းခြင်း၊ မီတာဖတ်ခြင်း၊ ဘီလ်ထုတ်ခြင်း