(ဂ)-ကျောင်းကုန်းမြို့နယ်အတွင်းရှိ ကျေးရွာများ လျှပ်စစ်မီးပျံ့နှံ့စွာရရှိစေရန် မြို့နယ်နှင့် ဆက်သွယ်သည့် ၁၁ ကေဗွီ လျှပ်စစ်ဓာတ်အားလိုင်းများ တိုးချဲ့ချိတ်ဆက်ပေးရန် အစီအစဉ်ရှိ/ မရှိနှင့် စပ်လျဉ်းသည့်မေးခွန်း
ကျောင်းကုန်းမြို့နယ်တွင် ရပ်ကွက်သုံးခု၊ ကျေးရွာအုပ်စု ၆၅ အုပ်စု၊ ကျေးရွာခွဲပေါင်း ၄၁၆ ရွာရှိရာ မဟာဓာတ်အားလိုင်းရရှိသည့် ကျေးရွာများတွင် ၁၈ ရွာသာရှိခဲ့ပြီး ၎င်းကျေးရွာများအနေဖြင့် လျှပ်စစ်မီး ဆွဲခွင့်ကို ခွင့်ပြုချက်ရရှိ၍ ကိုယ်ထူကိုယ်ထ ငွေကြေးသုံးစွဲပြီး ဆောင်ရွက်ခဲ့ခြင်းမျှသာ ဖြစ်ပါကြောင်း၊ ယခုအချိန်တွင် NEP အစီအစဉ်နှင့် နှစ်မိုင်အတွင်း ကျေးရွာငါးရွာမှာလည်း မြို့နှင့်ဆက်စပ်သည့် မြို့အဖျားကျေးရွာများသာ ဖြစ်ပါကြောင်း၊ ကျေးလက်ဖွံ့ဖြိုးမှု ဦးစီးဌာန အစီအစဉ်နှင့် ကျေးရွာများကို ဆိုလာစနစ်ဖြင့် မီးရရှိအောင် ဆောင်ရွက်ပေးသည့်အခါ ယခင်ဆောင်ရွက်ခဲ့သည့် ကျေးရွာ ၃၂ ရွာမှာလည်း ဆိုလာစနစ်များက အဆင်မပြေပါကြောင်း၊
Read More...