၁။ နှစ်ရှည်/နှစ်တို၊ နှစ်စဉ်စီမံကိန်းများ ရေးဆွဲခြင်းနှင့် တိုးတက်မှုအစီရင်ခံခြင်း။
၂။ ဝန်ကြီးဌာနမှ အကောင်အထည်ဖော်သည့် စီမံကိန်းလုပ်ငန်းများနှင့် တိုင်းဒေသကြီး/ ပြည်နယ်များ၏ စီမံကိန်းလုပ်ငန်းများ ညှိနှိုင်းပေါင်းစပ် အကောင်အထည်ဖော်နိုင်ရန် စီစဉ်ခြင်း။
၃။ ဝန်ကြီးဌာနလက်အောက်ရှိဌာနအားလုံး၏ စီမံကိန်းစာရင်းအင်းများကို စုစည်း၍ ဝန်ကြီးဌာန ကိုယ်စားအစီရင်ခံခြင်း။
၄။ စာရင်းအင်းကိန်းဂဏန်းအချက်အလက်များအား ရယူစုဆောင်းရာတွင် တိုင်းဒေသကြီး/ ပြည်နယ်အလိုက် ကောက်ခံမှုများပြည့်စုံမှန်ကန်စေရန် ဆောင်ရွက်ခြင်း။
၅။ သတင်းအချက်အလက်ကိန်းဂဏန်းများအား ICT နည်းပညာသုံးစွဲ၍ စုစည်းထိန်းသိမ်းခြင်း။
၆။ တိုင်းဒေသကြီး/ပြည်နယ်များနှင့် Network ချိတ်ဆက်၍ သတင်းအချက်အလက်များ စုဆောင်းခြင်း၊ ဖြန့်ဝေခြင်းတို့ကို ဆောင်ရွက်နိုင်ရန် အစဉ်ကြီးကြပ်ခြင်း။
၇။ e-government နှင့် သတင်းအချက်အလက်နှင့် နည်းပညာဆိုင်ရာလုပ်ငန်းများကို အကောင် အထည်ဖော်ဆောင်ရွက်ခြင်း။
၈။ သုတေသနလုပ်ငန်းများဆောင်ရွက်၍ အကဲဖြတ်စိစစ်ခြင်း။
၉။ ဝန်ကြီးဌာနမှ တာဝန်ယူကြီးကြပ်သည့် အသင်းအဖွဲ့များ၏ လုပ်ငန်းဆောင်ရွက်မှု မှတ်တမ်း များ ICT နည်းပညာဖြင့် သုံးသပ်၍ ထိန်းသိမ်းခြင်း။