The Republic of the union of myanmar

Ministry Of Electricity And Energy

Breaking News :

နောက်ဆုံးရသတင်း


ဦးစီးအရာရှိအဆင့် အရာထမ်းများ လုပ်ငန်းခွင်ဝင် အကြိုသင်တန်း အမှတ်စဉ် (၁/၂၀၁၉) ဖွင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ဦးစီးအရာရှိအဆင့် အရာထမ်းများ လုပ်ငန်းခွင်ဝင် အကြိုသင်တန်း အမှတ်စဉ် (၁/၂၀၁၉) ဖွင့်ပွဲအခမ်းအနားကို ၂၀၁၉ ခုနှစ်၊ မတ်လ ၁၂ ရက်နေ့၊ နံနက် ၀၈:၀၀ နာရီအချိန်တွင် နေပြည်တော်၊ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ရုံးအမှတ်(၂၇) ရတနာခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။


Read More...

Posted under : ဝန်ကြီးရုံး
: 12-Mar-2019
Myanmar National Energy Statistics ထုတ်ပြန်ခြင်းအခမ်းအနား ကျင်းပပြုလုပ်
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ရေနံနှင့်သဘာဝဓာတ်ငွေ့စီမံရေးဦးစီးဌာနနှင့် Economic Research Institute for ASEAN and East Asia (ERIA) တို့ပူးပေါင်း၍ မြန်မာနိုင်ငံစွမ်းအင်စာရင်းအင်းဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ၄ နှစ်စီမံကိန်း (၂၀၁၆-၁၇ ခုနှစ်မှ ၂၀၁၉-၂၀၂၀) အစီအစဉ်အရ Myanmar National Energy Statistics ထုတ်ပြန်ခြင်း အခမ်းအနားကို ၂၀၁၉ ခုနှစ်၊ မတ်လ ၁၁ ရက်နေ့၊ နံနက် ၀၉:၀၀ နာရီအချိန်တွင် နေပြည်တော်၊ Park Royal Hotel ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။


Read More...

Posted under : ဝန်ကြီးရုံး
: 11-Mar-2019
ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင် ၂၃၀ကေဗွီဝါးတရာပင်မဓာတ်အားခွဲရုံသို့ သွားရောက်ကြည့်ရှုစစ်ဆေးခြင်းနှင့် အလုံပင်မဓာတ်အားခွဲရုံတွင် ရန်ကုန်တိုင်းဒေသကြီးအတွင်း လျှပ်စစ်ဓာတ်အားတိုးတက်သုံးစွဲလာမည့် အခြေအနေအပေါ် ဆောင်ရွက်မည့်အစီအမံများနှင့် စပ်လျဉ်းသည့်လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်သည် ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများလိုက်ပါလျက် ၂၀၁၉ ခုနှစ် ၊ မတ်လ ၉ ရက်နေ့၊ နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်ရှိ လျှပ်စစ်ဓာတ်အား ပို့လွှတ်ရေးနှင့်ကွပ်ကဲရေးဦးစီးဌာန ၂၃၀ကေဗွီ ဝါးတရာပင်မဓာတ်အားခွဲရုံသို့ သွားရောက် ကြည့်ရှု စစ်ဆေးခဲ့ပါသည်။


Read More...

Posted under : ဝန်ကြီးရုံး
: 09-Mar-2019
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင် ရန်ကုန်တိုင်းဒေသကြီး သီလဝါအထူးစီးပွားရေးဇုန်အတွင်း လျှပ်စစ်ဓာတ်အားတည်ငြိမ်စွာ ဖြန့်ဖြူးပေးနိုင်ရေး ညှိနှိုင်းအစည်းအဝေး ပြုလုပ်
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင် သည် သီလဝါ အထူး စီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ ဦးဆက်အောင်နှင့် ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်းမှ တာဝန်ရှိသူများ လိုက်ပါလျက် ၂၀၁၉ ခုနှစ်၊ မတ်လ ၈ ရက်နေ့တွင် သီလဝါအထူး စီးပွားရေးဇုန်သို့ ရောက်ရှိပြီး သီလဝါအထူးစီးပွားရေးဇုန်မှ တာဝန်ရှိသူများက အစည်းအဝေးခန်းမ၌ လျှပ်စစ်ဓာတ်အားရရှိမှု၊ ဖြန့်ဖြူးသုံးစွဲမှု အခြေအနေများ၊ လိုအပ်ချက်များအား ရှင်းလင်းတင်ပြခဲ့ ပါသည်။


Read More...

Posted under : ဝန်ကြီးရုံး
: 08-Mar-2019
လျှပ်စစ်ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် အကြံပေးဝန်ဆောင်မှုလုပ်ငန်းများဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်
  လျှပ်စစ်ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက်  အကြံပေးဝန်ဆောင်မှုလုပ်ငန်းများဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ၂၀၁၉ ခုနှစ်၊ မတ်လ ၁ ရက်နေ့၊ နံနက် ၀၈:၀၀ နာရီအချိန် တွင် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ရုံးအမှတ် (၂၇)၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ် ခဲ့ပါသည်။


Read More...

Posted under : ဝန်ကြီးရုံး
: 07-Mar-2019