The Republic of the union of myanmar

Ministry Of Electricity And Energy

Breaking News :

နောက်ဆုံးရသတင်း


စစ်ကိုင်းတိုင်းဒေသကြီးနှင့် ချင်းပြည်နယ်အတွင်း လျှပ်စစ်ဓာတ်အား တိုးမြှင့်ဖြန့်ဖြူးပေး နိုင်ရေး အကောင်အထည်ဖော် ဆောင်ရွက်သွားမည့် အစီအစဉ်များနှင့်ပတ်သက်သည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်
          စစ်ကိုင်းတိုင်းဒေသကြီးနှင့် ချင်းပြည်နယ်အတွင်း လျှပ်စစ်ဓာတ်အား တိုးမြှင့်ဖြန့်ဖြူး ပေးနိုင်ရေး အကောင်အထည်ဖော် ဆောင်ရွက်သွားမည့် အစီအစဉ်များနှင့်ပတ်သက်သည့် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ၂၀၁၉ ခုနှစ်၊   ဖေဖော်ဝါရီလ   ၉  ရက်နေ့၊ ၁၆:၀၀ နာရီ အချိန်တွင် ကလေးမြို့၊ ခရိုင်လျှပ်စစ်အင်ဂျင်နီယာရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ ပါသည်။


Read More...

Posted under : ဝန်ကြီးရုံး
: 09-Feb-2019
သီလဝါသဘာဝဓာတ်ငွေ့သုံးဓာတ်အားပေးစက်ရုံ၏ လျှပ်စစ်ဓာတ်အားထုတ်လုပ် ဖြန့်ဖြူးပေးနေမှုနှင့် သာကေတရှိ TM - 2500 မိုဘိုင်းဓာတ်အားပေးစက်တို့အား ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင် သွားရောက်ကြည့်ရှုစစ်ဆေး
မြန်မာနိုင်ငံတွင် နှစ်စဉ် ဓာတ်အားတိုးတက်သုံးစွဲမှုမှာ (၁၅ %) မှ (၁၉ %) အထိ တိုးတက်သုံးစွဲလာသည့်အတွက် နှစ်အလိုက် ဓာတ်အားလိုအပ်ချက်ကို ဖြည့်ဆည်းနိုင်ရေး စီမံချက်များ ချမှတ်ဆောင်ရွက်လျက်ရှိပါသည်။ နိုင်ငံတော်ဓာတ်အားစနစ်အတွင်းသို့ ဓာတ်အားပေးစက်ရုံများ၏ ဓာတ်အားထုတ်လုပ်မှုအနေဖြင့် ယနေ့အချိန်တွင် (၃၅၈၆) မဂ္ဂါဝပ်ခန့် ထုတ်လုပ်ပေးလျက်ရှိပြီး ရန်ကုန်တိုင်းဒေသကြီး၏ အမြင့်ဆုံးဓာတ်အားသုံးစွဲမှု မှာ (၁၅၄၈.၂၃) မဂ္ဂါဝပ်ခန့် သုံးစွဲလျက်ရှိရာ တစ်နိုင်ငံလုံး၏ ထက်ဝက်နီးပါးရှိနေ၍ နွေရာသီ ဓာတ်အားသုံးစွဲမှုများသည့် Peak Load အချိန်များတွင် တိုးတက်သုံးစွဲလာမည့် ဓာတ်အား လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ရန်အတွက် စီမံဆောင်ရွက်လျက်ရှိသည့် သီလဝါသဘာဝ ဓာတ်ငွေ့သုံးဓာတ်အားပေးစက်ရုံ ၊သာကေတဓာတ်အားပေးစက်ရုံ နှင့် TM - 2500 မိုဘိုင်းဓာတ်အားပေးစက်တို့အား လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်သည် ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်နှင့် တာဝန်ရှိသူများ လိုက်ပါလျက် ၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလ ၃ ရက်နေ့ နံနက်ပိုင်းတွင် သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပါသည်။


Read More...

Posted under : ဝန်ကြီးရုံး
: 03-Feb-2019
ရန်ကုန်တိုင်းဒေသကြီးအတွင်း ဓာတ်အားဖြန့်ဖြူးပေးထားသော ဝန်အားပြည့် ဓာတ်အားခွဲရုံများ အဆင့်မြှင့်တင်ခြင်း၊ ဓာတ်အားလိုင်းအပြစ်ဖြစ်ပွားခြင်းနှင့် ဆက်လက်ဆောင်ရွက်မည့်လုပ်ငန်းအစီအစဉ်များနှင့်ပတ်သက်သည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနအနေဖြင့် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ် များသို့ လျှပ်စစ်ဓာတ်အားတိုးမြှင့်ဖြန့်ဖြူးပေးနိုင်ရေး၊ ဓာတ်အားပြတ်တောက်မှု လျော့နည်း စေရေးနှင့် ဓာတ်အားစနစ်တည်ငြိမ် တိုးတက်ကောင်းမွန်စေရေးတို့အတွက် ဝန်အားပြည့် ဓာတ်အားခွဲရုံများ အဆင့်မြှင့်တင်ခြင်း၊ ဓာတ်အားလိုင်းအပြစ် ဖြစ်ပွားခြင်း နှင့် ဆက်လက် ဆောင်ရွက်မည့် လုပ်ငန်းအစီအစဉ်များနှင့်ပတ်သက်သည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလ ၂ ရက်နေ့၊ နံနက် ၀၈:၀၀ နာရီအချိန်တွင် ရန်ကုန်လျှပ်စစ် ဓာတ်အားပေးရေးကော်ပိုရေးရှင်း(ရုံးချုပ်) အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။


Read More...

Posted under : ဝန်ကြီးရုံး
: 02-Feb-2019
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနနှင့် အမျိုးသားလျှပ်စစ်ဓာတ်အားရရှိရေးစီမံကိန်း တည်ဆောက်ရေးတင်ဒါအောင်မြင်သည့် ကုမ္ပဏီ ၁၂ ခုတို့အကြား တည်ဆောက်ရေး လုပ်ငန်းအပ်နှံသည့်စာချုပ် လက်မှတ်ရေးထိုးပွဲအခမ်းအနားကျင်းပ
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းနှင့် ကမ္ဘာ့ဘဏ် ချေးငွေဖြင့်ဆောင်ရွက်လျက်ရှိသည့် အမျိုးသားလျှပ်စစ်ဓာတ်အားရရှိရေးစီမံကိန်းတည်ဆောက်ရေး လုပ်ငန်းတင်ဒါ C1W2 ၊ C1W3 ၊ C1-W4 ၊ C1-W5 တို့အတွက် တည်ဆောက်ရေးတင်ဒါ အောင်မြင်သည့် ကုမ္ပဏီ ၁၂ ခုတို့အကြား တည်ဆောက်ရေးလုပ်ငန်းအပ်နှံသည့် စာချုပ်လက်မှတ် ရေးထိုးပွဲအခမ်းအနားကို ၂၀၁၉ ခုနှစ် ၊ ဇန်နဝါရီလ ၃၀ ရက်နေ့ နံနက် ၁၀:၃၀ နာရီအချိန်တွင် နေပြည်တော်ရှိ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ဝန်ကြီးရုံးအစည်းအဝေးခန်းမ၌ ကျင်းပခဲ့ပါသည်။


Read More...

Posted under : ဝန်ကြီးရုံး
: 31-Jan-2019
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနနှင့် “Rural Electrification Programme II: On Grid Electrification Component” စီမံကိန်း အကောင်အထည်ဖော်နိုင်ရေးအတွက် အကြံပေးဝန်ဆောင်မှုလုပ်ငန်းတင်ဒါအောင်မြင်သည့် Consortium of Consulectra (Germany) Co.,Ltd တို့အကြား လုပ်ငန်းအပ်နှံသည့်စာချုပ် လက်မှတ်ရေးထိုးပွဲအခမ်းအနား ကျင်းပ
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းနှင့် ဂျာမနီ နိုင်ငံ KfW ဘဏ်ချေးငွေဖြင့် ဆောင်ရွက်မည့် ကျေးလက်ဒေသ လျှပ်စစ်ဓာတ်အားရရှိရေးအစီအစဉ်-၂၊ “Rural Electrification Programme II: On Grid Electrification Component” စီမံကိန်းအကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး အကြံပေးဝန်ဆောင်မှုလုပ်ငန်း တင်ဒါအောင်မြင် သည့် Consortium of Consulectra (Germany) Co.,Ltd တို့အကြား လုပ်ငန်းအပ်နှံသည့် စာချုပ် လက်မှတ်ရေးထိုးပွဲ အခမ်းအနားကို ၂၀၁၉ ခုနှစ် ၊ ဇန်နဝါရီလ ၃၀ ရက်နေ့ နံနက် ၀၉:၀၀ နာရီအချိန်တွင် နေပြည်တော်ရှိ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ဝန်ကြီးရုံးအစည်းအဝေးခန်းမ၌ ကျင်းပခဲ့ပါသည်။


Read More...

Posted under : ဝန်ကြီးရုံး
: 30-Jan-2019