The Republic of the union of myanmar

Ministry Of Electricity And Energy

Breaking News :

နောက်ဆုံးရသတင်း


လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ လျှပ်စစ်နှင့်စွမ်းအင်ကဏ္ဍဆိုင်ရာ အစည်းအဝေးများတက်ရောက်ရန် အိန္ဒိယနိုင်ငံသို့ထွက်ခွာ
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင် ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့သည် ၂၀၁၈ ခုနှစ်၊ အောက်တိုဘာလ(၃)ရက်နေ့မှ (၅)ရက်နေ့ထိ အိန္ဒိယနိုင်ငံ၊ နယူးဒေလီမြို့၌ ကျင်းပမည့် First General Assembly of International Solar Alliance (ISA)၊ 2nd  Global Renewable Energy (RE)- Investors Meet and Expo ၊ Meeting of the Energy Ministers of Indian Ocean Rim Association (IORA) အစည်းအဝေးများသို့ တက်ရောက်ရန်


Read More...

Posted under : ဝန်ကြီးရုံး
: 02-Oct-2018
ဦးစီးအရာရှိ (စီမံ/ဘဏ္ဍာ)နှင့် လက်ထောက်အင်ဂျင်နီယာများ လုပ်ငန်းခွင်ဝင် အကြိုသင်တန်း ဖွင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ဦးစီးအရာရှိ (စီမံ/ဘဏ္ဍာ)နှင့် လက်ထောက် အင်ဂျင်နီယာများ လုပ်ငန်းခွင်ဝင် အကြိုသင်တန်း ဖွင့်ပွဲအခမ်းအနားကို ၂၀၁၈ ခုနှစ်၊ အောက်တိုဘာလ (၁) ရက်နေ့၊ နံနက် (၀၉:၀၀) နာရီအချိန်တွင် နေပြည်တော်၊ လျှပ်စစ် နှင့် စွမ်းအင်ဝန်ကြီးဌာန၊ ရုံးအမှတ်(၂၇) ရတနာခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။


Read More...

Posted under : ဝန်ကြီးရုံး
: 01-Oct-2018
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ အင်ဂျင်နီယာများ အရည်အသွေးမြှင့်တင်ရေးသင်တန်း (Capacity Development for Power Transmission and Distribution System Training) ဆရာဖြစ် အင်ဂျင်နီယာသင်တန်းဆင်း လက်မှတ်ပေးအပ်ပွဲ အခမ်းအနားကျင်းပပြုလုပ်
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ အင်ဂျင်နီယာများအရည်အသွေးမြှင့်တင်ရေးသင်တန်း (Capacity Development for Power Transmission and Distribution System Training) ဆရာဖြစ် အင်ဂျင်နီယာသင်တန်းဆင်း လက်မှတ်ပေးအပ်ပွဲအခမ်းအနားကို ၂၀၁၈ ခုနှစ်၊ စက်တင်ဘာလ (၂၇) ရက်နေ့၊ နံနက် (၀၈:၃၀) အချိန်တွင် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီး ဌာန၊ ရုံးအမှတ်(၂၇)၊ ရတနာခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။


Read More...

Posted under : ဝန်ကြီးရုံး
: 27-Sep-2018
မြန်မာ့ကမ်းလွန်လုပ်ကွက်အမှတ် A-6 တွင် တူးဖော်ခဲ့သည့် တွင်းအမှတ် ရွှေရည်ထွန်း-၂ မှ သဘာဝဓာတ်ငွေ့တွေ့ရှိမှု သတင်းထုတ်ပြန်ခြင်းအခမ်းအနားကျင်းပသည့်သတင်း
မြန်မာ့ကမ်းလွန်လုပ်ကွက်အမှတ် A-6 တွင် တူးဖော်ခဲ့သည့် တွင်းအမှတ် ရွှေရည်ထွန်း-၂ မှ သဘာဝဓာတ်ငွေ့ တွေ့ရှိမှု သတင်းထုတ်ပြန်ခြင်းအခမ်းအနားကို ၂၀၁၈ ခုနှစ်၊ စက်တင်ဘာလ ၂၅ ရက်နေ့၊ ၁၃:၀၀ နာရီအချိန်တွင် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီး ဌာန၊ ရုံးအမှတ် (၂၇)၊ ရတနာခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။


Read More...

Posted under : ဝန်ကြီးရုံး
: 25-Sep-2018
ပုသိမ်မြို့၏ အနောက်မြောက်ဘက် ကီလိုမီတာ (၁၀၀) ခန့်အကွာရှိ အကဲဖြတ်တွင်း ရွှေရည်ထွန်း(၂) မှ သဘာဝဓာတ်ငွေ့ ထုတ်ယူနိုင်ကြောင်း စမ်းသပ်တွေ့ရှိ
   လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်သည် ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးလှမိုးအောင်၊ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်၊ ဧရာဝတီတိုင်းဒေသကြီးလျှပ်စစ်၊ စွမ်းအင်၊ စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးဝင်းဌေးနှင့် တာဝန်ရှိသူများလိုက်ပါလျက် ပုသိမ်မြို့၏ အနောက်မြောက်ဘက် (၁၀၂) ကီလိုမီတာ ခန့်အကွာကမ်းလွန်လုပ်ကွက်အမှတ် A-6 တွင် အကဲဖြတ်တွင်း ရွှေရည်ထွန်း (၂) ကို တူးဖော် နေသော တွင်းတူးစက် Dhirubhai Deep Water KG2 (DDKG2) သို့ ၂၂-၉-၂၀၁၈ ရက်နေ့ နံနက်ပိုင်းက သွားရောက်၍ တွင်းတူးဖော်စမ်းသပ်နေမှုအား ကြည့်ရှုစစ်ဆေးခဲ့ပါသည်။


Read More...

Posted under : ဝန်ကြီးရုံး
: 22-Sep-2018