လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ဝန်ထမ်းများ၏ သား/သမီးများအား ပညာရည်ချွန်ဆု ချီးမြှင့်ခြင်းနှင့် ထူးချွန်ဆုရဝန်ထမ်းများအား ဆုချီးမြှင့်ခြင်းအခမ်းအနား ကျင်းပပြုလုပ်သည့်သတင်း
လျှပ်စစ်နှင့်စွမ်းအင်၀န်ကြီးဌာန ၀န်ထမ်းများ၏ သား/သမီးများအား ၂၀၁၈-၂၀၁၉ ပညာသင်နှစ်အတွက် ပညာသင်ထောက်ပံ့ကြေးပေးအပ်ခြင်း၊ ၂၀၁၇-၂၀၁၈ ပညာသင်နှစ် တက္ကသိုလ်၀င်စာမေးပွဲတွင် အောင်မြင်သူများ၊ ဂုဏ်ထူးရကျောင်းသား/ကျောင်းသူများအား ပညာရည်ချွန်ဆုချီးမြှင့်ခြင်းနှင့် ထူးချွန်ဆုရဝန်ထမ်းများအား ဆုချီးမြှင့်ခြင်းအခမ်းအနား ကို ၂၀၁၈ ခုနှစ်၊ ဇွန်လ ၂၉ ရက်နေ့၊ ၁၃:၀၀ နာရီအချိန်တွင် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ရုံးအမှတ် (၂၇) ၊ ရတနာခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
Read More...
Posted under : ဝန်ကြီးရုံး
: 29-Jun-2018
၂၃၀ကေဗွီကျိုက်လတ်ဓာတ်အားခွဲရုံမှ ဓာတ်အားစတင်ဖြန့်ဖြူး
၁။ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနသည် ဧရာဝတီတိုင်းဒေသကြီးအတွင်း လျှပ်စစ် ဓာတ်အား ပိုမိုဖြန့်ဖြူးပေး နိုင်ရေးအတွက် ၂၃၀ကေဗွီ လှိုင်သာယာ-ကျိုက်လတ်ဓာတ်အားလိုင်း (၅၂.၂၆) မိုင်၊ ၂၃၀/၆၆/၁၁ကေဗွီ၊ (၁၀၀) အမ်ဗွီအေနှင့် ၆၆/၃၃ကေဗွီ၊ (၃၀) အမ်ဗွီအေ ကျိုက်လတ်ဓာတ်အား ခွဲရုံတည်ဆောက်ခြင်းလုပ်ငန်းများကို ၂၀၁၄ ခုနှစ်မှ စတင်အကောင် အထည်ဖော်ဆောင်ရွက်ခဲ့ပြီး (၂၈-၆-၂၀၁၈) ရက်နေ့တွင် လှိုင်သာယာ-ကျိုက်လတ်ဓာတ်အား လိုင်းမှတဆင့် ကျိုက်လတ်ဓာတ်အားခွဲရုံသို့ ဓာတ်အားပို့လွှတ်ပြီး ကျိုက်လတ်ဓာတ်အားခွဲရုံ၏ ၂၃၀/၆၆/ ၁၁ကေဗွီ၊ (၁၀၀) အမ်ဗွီအေ ထရန်စဖော်မာအား ဓာတ်အားစတင်ပို့လွှတ်ခဲ့ပါသည်။
Read More...
Posted under : ဝန်ကြီးရုံး
: 29-Jun-2018
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင် ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာမြို့နယ်နှင့် အလုံမြို့နယ်များရှိ ဓာတ်အားခွဲရုံများအား ကြည့်ရှုစစ်ဆေးသည့် သတင်း
ပြည်သူများ လျှပ်စစ်ဓာတ်အားတည်ငြိမ်ပြည့်ဝစွာ ရရှိစေရေးနှင့် ဓာတ်အားစနစ် ကြံ့ခိုင် ကောင်းမွန်စေရေးအတွက် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ၊ ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်သည် လျှပ်စစ်ဓာတ်အားပို့လွှတ်ရေးနှင့် ကွပ်ကဲရေးဦးစီးဌာနနှင့် ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပို ရေးရှင်းမှ တာဝန်ရှိသူများ လိုက်ပါလျက် ၂၃.၆.၂၀၁၈ ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ လှိုင်သာယာမြို့နယ်နှင့် အလုံမြို့နယ်တို့ရှိ ဓာတ်အားခွဲရုံများသို့ ရောက်ရှိစစ်ဆေးခဲ့ပါသည်။
Read More...
Posted under : ဝန်ကြီးရုံး
: 24-Jun-2018
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ အင်ဂျင်နီယာများမွမ်းမံသင်တန်း အမှတ်စဉ် (၁/၂၀၁၈) ဆင်းပွဲအခမ်းအနားကျင်းပပြုလုပ်ခြင်း
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၏ အင်ဂျင်နီယာများ မွမ်းမံသင်တန်းအမှတ်စဉ် (၁/၂၀၁၈) ဆင်းပွဲအခမ်းအနားကို ၂၀၁၈ခုနှစ်၊ ဇွန်လ (၂၂) ရက်နေ့၊ နံနက် (၀၉:၀၀) နာရီအချိန်တွင် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ရုံးအမှတ် (၂၇)၊ ရတနာခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
အခမ်းအနားသို့ လျှပ်စစ်နှင့််စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးဝင်းခိုင်၊ ဒုတိယ ဝန်ကြီး ဒေါက်တာထွန်းနိုင်၊ အမြဲတမ်းအတွင်းဝန် ဦးတင်မောင်ဦး၊ ဦးစီးဌာန၊ လုပ်ငန်း၊ ကော်ပိုရေးရှင်းများမှ ဥက္ကဋ္ဌများ၊ ညွှန်ကြားရေးမှူးချုပ်များနှင့် ဦးဆောင်ညွှန်ကြားရေးမှူးများ၊ ဌာနအကြီးအကဲများ၊ သင်တန်းနည်းပြများနှင့် သင်တန်းသား/သင်တန်းသူများ တက်ရောက်ကြပါသည်။
Read More...
Posted under : ဝန်ကြီးရုံး
: 22-Jun-2018
ကမ္ဘာ့ဘဏ်ချေးငွေဖြင့် ဆောင်ရွက်သည့် အမျိုးသားလျှပ်စစ်ဓာတ်အားရရှိရေးစီမံကိန်းတွင် အသုံးပြုမည့် ပစ္စည်းများဝယ်ယူခြင်းစာချုပ်နှင့် အကြံပေးဝန်ဆောင်မှုစာချုပ်များ လက်မှတ်ရေးထိုးခြင်းအခမ်းအနားကျင်းပပြုလုပ်
ကမ္ဘာ့ဘဏ်ချေးငွေဖြင့် ဆောင်ရွက်သည့် အမျိုးသားလျှပ်စစ်ဓာတ်အားရရှိရေးစီမံကိန်း တွင် အသုံးပြုမည့် ပစ္စည်းများဝယ်ယူရန် တင်ဒါအောင်မြင်သောကုမ္ပဏီများနှင့် ပစ္စည်း ဝယ်ယူရေးစာချုပ်၊ အကြံပေးဝန်ဆောင်မှုစာချုပ်များ လက်မှတ်ရေးထိုးခြင်းအခမ်းအနားကို ၂၀၁၈ ခုနှစ်၊ ဇွန်လ ၆ ရက်နေ့ ၁၄:၀၀ နာရီအချိန်တွင် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ရုံးအမှတ် (၂၇) ၊ ရတနာခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
Read More...
Posted under : ဝန်ကြီးရုံး
: 06-Jun-2018