The Republic of the union of myanmar

Ministry Of Electricity And Energy

Breaking News :

နောက်ဆုံးရသတင်း


ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်၊ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုနှင့် တာဝန်ရှိသူများ သည် ရွှေသဘာဝဓာတ်ငွေ့စီမံကိန်း၏ သဘာဝဓာတ်ငွေ့ ထုတ်လုပ်ဖြန့်ဖြူးမှု အခြေအနေ အား သွားရောက် ကြည့်ရှုစစ်ဆေးခဲ့သည့်သတင်း
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်၊ ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးညီပု တို့သည် ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်၊ ရခိုင်ပြည်နယ်အစိုးရ အဖွဲ့ဝင် လျှပ်စစ်၊စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်ကျော်ဇံ နှင့် တာဝန်ရှိသူများ လိုက်ပါလျက် ၂၀၁၈ ခုနှစ် ၊ မေလ ၅ ရက်နေ့ ၊ နံနက်ပိုင်းတွင် မြန်မာနိုင်ငံအနောက်ဘက် ရခိုင်ကမ်းလွန် လုပ်ကွက် အမှတ် A-1 နှင့် A-3 တို့ရှိ ရွှေကမ်းလွန်သဘာဝဓာတ်ငွေ့စီမံကိန်း၏ သဘာဝဓာတ်ငွေ့ထုတ်လုပ် ဖြန့်ဖြူးပေးနေမှု အခြေအနေများအား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပါသည်။


Read More...

Posted under : ဝန်ကြီးရုံး
: 05-May-2018
အမှောင်ခွင်း၍ ပြည့်ဝင်ငွေတိုးစေမည့် လျှပ်စစ်နှင့်စွမ်းအင်
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနသည် စက်မှုလက်မှုလုပ်ငန်းများနှင့် ပြည်သူလူထုအတွက် လျှပ်စစ်ဓာတ်အား လိုအပ်ချက်များကို ဖြည့်ဆည်းဖြန့်ဖြူးပေးနိုင်ရေး၊ နိုင်ငံတော်ဓာတ်အားစနစ် တည်ငြိမ်ရေးနှင့် ဗို့အားပြည့်ဝစွာ ဖြန့်ဖြူးနိုင်ရေးအတွက် ဓာတ်အားပေးစက်ရုံများ၊ ဓာတ်အားလိုင်း များနှင့် ဓာတ်အားခွဲရုံများကို ဆောင်ရွက်အကောင်အထည်ဖော်ခြင်း၊ ပြည်သူများ လျှပ်စစ် ဓာတ်အားကို သက်သာစွာဖြင့် အဆင်ပြေစွာ ဝယ်ယူသုံးစွဲနိုင်ရေး ဆောင်ရွက်ခြင်းနှင့် နိုင်ငံအတွက် ဘဏ္ဍာ ငွေတိုးပွားစေမည့် စွမ်းအင်ထုတ်လုပ်ရေးနှင့် ရောင်းချရေး လုပ်ငန်းများ၊ ဖြန့်ဖြူးရေးနှင့် သွယ်ယူရေးလုပ်ငန်းများကို နိုင်ငံတော်အစိုးရ၏ဒုတိယ(၁)နှစ်တာအတွင်း ဆောင်ရွက်ပေးလျက် ရှိပါသည်။


Read More...

Posted under : ဝန်ကြီးရုံး
: 03-May-2018
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဦးဝင်းခိုင် ရန်ကုန်တိုင်းဒေသကြီး၊ အမှတ်(၁)ရေနံချက်စက်ရုံ(သန်လျင်)၊ Parami Energy Services Co., Ltd. မှ ပြုပြင်မွမ်းမံခြင်းများဆောင်ရွက်နေသည့် LPG Terminal နှင့် သီလဝါဆိပ်ကမ်းဒေသ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်၏မြေကွက်အမှတ်၊ ၁၅/၁၆(A/B) ရှိ Elite Petrochemical Co., Ltd. တို့မှဆောင်ရွက်လျက်ရှိသော လုပ်ငန်းများအားကြည့်ရှုစစ်ဆေးသည့်သတင်း
နေပြည်တော်၊ ၂၀၁၈ ခုနှစ်၊ဧပြီလ( ၂၈)ရက် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးဝင်းခိုင်သည် ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်၊ အမြဲတမ်းအတွင်းဝန်ဦးတင်မောင်ဦး၊ ဌာနအကြီးအကဲများနှင့် တာဝန် ရှိသူများလိုက်ပါလျက် ၂၀၁၈ ခုနှစ်၊ ဧပြီလ ၂၈ရက်နေ့ နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်မြို့နယ်ရှိ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ မြန်မာ့ရေနံဓာတုဗေဒလုပ်ငန်း ကြီးကြပ်မှု အောက်ရှိ အမှတ်(၁)ရေနံချက်စက်ရုံ(သန်လျင်)သို့ရောက်ရှိရာ စက်ရုံဧည့်ရိပ်သာ၌ Parami Energy Services Co., Ltd. မှတာဝန်ရှိသူများမှ ပြည်ပမှ ရေနံဓာတ်ငွေ့ရည်ကို တင်သွင်း၊ သိုလှောင်၊ ဖြန့်ဖြူးရောင်းချခြင်းလုပ်ငန်း ဆောင်ရွက်ရန်အတွက် Filling Station အားအဆင့် မြှင့်တင်မှု၊


Read More...

Posted under : ဝန်ကြီးရုံး
: 28-Apr-2018
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဦးဝင်းခိုင် Latitude Capital Company မှကြီးမှူးကျင်းပသည့် Electric Utility Leadership Seminar တွင်အဖွင့်အမှာစကားပြောကြားသည့်သတင်း
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၏အစီအစဉ်ဖြင့် အမေရိကန်နိုင်ငံအခြေစိုက် Latitude Capital Company မှကြီးမှူးကျင်းပပြုလုပ်သည့် Electric Utility Leadership Seminar အခမ်းအနားအား ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်၊ Hilton Hotel ၌ ကျင်းပပြုလုပ် ခဲ့ပါသည်။


Read More...

Posted under : ဝန်ကြီးရုံး
: 27-Apr-2018
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်နှင့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် ဂျာမဏီနိုင်ငံ၊ ဘာလင်မြို့တွင် ကျင်းပလျက်ရှိသော Berlin Energy Transition Dialogue 2018 ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်
နေပြည်တော်၊ ဧပြီလ ၁၇ ရက် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင် ခေါင်းဆောင်သော မြန်မာ ကိုယ်စားလှယ်အဖွဲ့သည် ယနေ့နံနက်ပိုင်း၌ ဂျာမဏီနိုင်ငံ၊ ဘာလင်မြို့တွင် ကျင်းပလျက်ရှိသော Berlin Energy Transition Dialogue 2018 ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ပါသည်။


Read More...

Posted under : ဝန်ကြီးရုံး
: 17-Apr-2018