လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်းနှင့် ရွှေစွမ်းအင်ကုမ္ပဏီလီမိတက်တို့အကြား ဆဋ္ဌမအကြိမ်မြောက် လျှပ်စစ်ဓာတ်အားဝယ်ယူရေး သဘောတူစာချုပ် လက်မှတ်ရေးထိုးပွဲအခမ်းအနား ကျင်းပပြုလုပ်
နေပြည်တော်၊ ၂၀၁၈ ခုနှစ်၊ မတ်လ ( ၂၈ ) ရက်
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်းနှင့် ရွှေစွမ်းအင် ကုမ္ပဏီလီမိတက်တို့အကြား ဆဋ္ဌမအကြိမ်မြောက် လျှပ်စစ်ဓာတ်အားဝယ်ယူရေး သဘောတူစာချုပ် လက်မှတ်ရေးထိုးပွဲအခမ်းအနားကို ၂၀၁၈ ခုနှစ်၊ မတ်လ ၂၈ ရက်နေ့၊ ၁၈:၃၀ နာရီအချိန်တွင် နေပြည်တော် Horizontal Lake View Resort Hotel ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
Read More...
Posted under : ဝန်ကြီးရုံး
: 29-Mar-2018
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ လျှပ်စစ်နှင့်စွမ်းအင်ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများအား ကြည့်ရှုစစ်ဆေးသည့်သတင်း
နေပြည်တော်၊၂၀၁၈ခုနှစ်၊မတ်လ ( ၂၄ ) ရက်
ရန်ကုန်တိုင်းဒေသကြီး၊ရန်ကုန်အနောက်ပိုင်းခရိုင်၊ ကမာရွတ်မြို့နယ်အတွင်းရှိ ပြည်သူများ လျှပ်စစ်ဓာတ်အားကောင်းမွန်စွာသုံးစွဲနိုင်ရေး၊ ဗို့အားစနစ်တည်ငြိမ်မှုရှိစေရေး၊ ဓာတ်အားပျောက် ဆုံးမှုလျော့ချနိုင်ရေးအတွက် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်သည် ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်၊ အမြဲတမ်းအတွင်းဝန် ဦးတင်မောင်ဦးနှင့် ရန်ကုန်လျှပ်စစ် ဓာတ်အားပေးရေးကော်ပိုရေးရှင်းမှ တာဝန်ရှိသူများလိုက်ပါလျက်၂ ၀၁၈ခုနှစ်၊ မတ်လ (၂၄) ရက်နေ့ နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်မြို့နယ်အတွင်းရှိ ၆၆-ကေဗွီ တက္ကသိုလ်ဓာတ်အား ခွဲရုံ၊ ၆၆ -ကေဗွီ MRTV-3 -ဓာတ်အားခွဲရုံ၊ ကမာရွတ်မြို့နယ်လျှပ်စစ်မန်နေဂျာရုံး၊ ၆၆-ကေဗွီ ဦးဝိစာရ (GIS) ဓာတ်အားခွဲရုံနှင့် ပစ္စည်းစီမံရေးဌာန၊ ပစ္စည်းသိုလှောင်ရုံတို့အား သွားရောက် ကြည့်ရှုစစ်ဆေးခဲ့ပါသည်။
Read More...
Posted under : ဝန်ကြီးရုံး
: 24-Mar-2018
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ သာကေတ ၁၀၆ မဂ္ဂါဝပ် သဘာဝဓာတ်ငွေ့သုံး ဓာတ်အားပေး စက်ရုံ ဖွင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်သည့်သတင်း
သာကေတ ၁၀၆ မဂ္ဂါဝပ် သဘာဝဓာတ်ငွေ့သုံးဓာတ်အားပေး စက်ရုံဖွင့်ပွဲ အခမ်းအနား ကို ၂၀၁၈ ခုနှစ်၊ မတ်လ (၁၇) ရက်နေ့ နံနက် ၀၉:၀၀ နာရီအချိန်တွင် ရန်ကုန်တိုင်းဒေသကြီး၊ သာကေတမြို့နယ်အတွင်း ရှိ သဘာဝဓာတ်ငွေ့သုံး ဓာတ်အားပေး စက်ရုံ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
အဆိုပါ ဖွင့်ပွဲအခမ်းအနားသို့ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးဦးဝင်းခိုင်၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်ဝင်း၊ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ဒုတိယဥက္ကဌဦးနိုင်လင်းမြင့်၊ ဌာနဆိုင်ရာ အကြီးအကဲများ၊မြန်မာနိုင်ငံဆိုင်ရာတရုတ်ပြည်သူ့သမ္မတ နိုင်ငံသံအမတ်ကြီး Mr. Hong Liang ၊ UREC(Union Resources & Engineering Co.,Ltd.) နှင့် U-Energy Thaketa Power Company (China) မှ တာဝန်ရှိသူများနှင့်ဖိတ်ကြားထား သည့် ဧည့်သည်တော်များ တက်ရောက်ကြပါသည်။
Read More...
Posted under : ဝန်ကြီးရုံး
: 17-Mar-2018
MOGE Geological Forum 2018 ကျင်းပပြုလုပ်သည့် သတင်း
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်းမှ ကြီးမှူးပြီး ကုန်းတွင်းနှင့် ကမ်းလွန်လုပ်ကွက်များ၌ ရေနံနှင့်သဘာဝဓာတ်ငွေ့ရှာဖွေထုတ်လုပ်ရေးလုပ်ငန်းများ ကို အကျိုးတူ ပူးပေါင်းဆောင်ရွက်လျက်ရှိသော Total E & P , PETRONAS , PTTEP ကုမ္ပဏီ များနှင့်ပူးပေါင်း၍ MOGE Geological Forum 2018 အခမ်းအနားကို ၂၀၁၈ ခုနှစ်၊ မတ်လ ၁၅ ရက်နေ့ နံနက်ပိုင်းတွင် မင်္ဂလာသီရိ ဟိုတယ်၊ နေပြည်တော်၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
အဆိုပါ အခမ်းအနားသို့ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်၊ ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်၊ ဌာနဆိုင်ရာ အကြီးအကဲများ ၊ ပြည်တွင်းပြည်ပမှ ရေနံဘူမိဗေဒဆိုင်ရာပညာရှင်များ၊ ရေနံအင်ဂျင်နီယာများ၊ ဆက်စပ်ကဏ္ဍများမှ ပညာရှင်များ၊ ပြည်ပရေနံ ကုမ္ပဏီများမှ ပုဂ္ဂိုလ်များနှင့် တက္ကသိုလ်/ ကောလိပ်များမှ ပညာရှင်များ ဖိတ်ကြား ထားသူများ တက်ရောက်ကြပါသည်။
Read More...
Posted under : ဝန်ကြီးရုံး
: 15-Mar-2018
သတင်းထုတ်ပြန်ချက် ၂၀၁၈ ခုနှစ်၊ မတ်လ ၁၄ ရက်
အခမ်းအနား၌ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၏ ဆောင်ရွက်ဆဲ/ဆောင်ရွက်မည့်အစီအမံများ အပါအဝင် LNG ( Liquefied Natural Gas ) မှ လျှပ်စစ်ဓာတ်အားပေးစက်ရုံ ၄ ခုကို NTP ဆောင်ရွက် ခဲ့သည့်အခြေအနေ၊ မဟာဓာတ်အားလိုင်းများ တည်ဆောက်နေသည့်အခြေအေန၊ အိမ်သုံးမီတာများ နှင့်ပတ်သက်၍ ဆောင်ရွက်ထားရှိမှုနှင့် ဆက်လက်ဆောင်ရွက်မည့်အခြေအနေ၊ မီတာခနှုန်းထား ပြင်ဆင်ခြင်းနှင့်ပတ်သက်၍ အခြေခံကျသည့်အချက်များအား စဉ်စားတွက်ချက်မှုအခြေအနေ၊ မီတာများ နှင့်ပတ်သက်၍ Test Lab ဌာနများ၏ ဆောင်ရွက်ပုံအဆင့်ဆင့်၊ ကမ်းလွန်လုပ်ကွက် A-6 နှင့် AD-7 တို့မှ သဘာဝဓာတ်ငွေ့ထုတ်ယူနိုင်မည့်အခြေအနေ၊ ရေနံနှင့်သဘာဝဓာတ်ငွေ့ပိုမိုထုတ်လုပ်နိုင်ရေး ဆောင်ရွက်ထားမှုအခြေအနေ
Read More...
Posted under : ဝန်ကြီးရုံး
: 14-Mar-2018