The Republic of the union of myanmar

Ministry Of Electricity And Energy

Breaking News :

လက်ယက်တွင်းဆိုင်ရာဥပဒေ


ရေနံလက်ယက်တွင်းဆိုင်ရာဥပဒေ

(၂၀၁၇ ခုနှစ်၊ ပြည်ထောင်စုလွှတ်တော်ဥပဒေအမှတ် ၁၅။)

၁၃၇၉ ခုနှစ်၊ ဝါဆိုလပြည့်ကျော် ၉ရက်

(၂၀၁၇ ခုနှစ်၊ ဇူလိုင်လ ၁၇ ရက်)

ပြည်ထောင်စုလွှတ်တော်သည် ဤဥပဒေကို ပြဋ္ဌာန်းလိုက်သည်။

အခန်း()

အမည်နှင့်အဓိပ္ပာယ်ဖော်ပြချက်

၁။      ဤဥပဒေကို ရေနံလက်ယက်တွင်းဆိုင်ရာဥပဒေဟု ခေါ်တွင်စေရမည်။

၂။      ဤဥပဒေတွင်ပါရှိသော အောက်ပါစကားရပ်များသည် ဖော်ပြပါအတိုင်း အဓိပ္ပာယ်သက်ရောက် စေရမည်-

                           (က)    နိုင်ငံတော်  ဆိုသည်မှာ  ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ကို ဆိုသည်။

( ခ )   ဝန်ကြီးဌာန ဆိုသည်မှာ ပြည်ထောင်စုအစိုးရ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနကို ဆိုသည်။

( ဂ )   ရေနံလက်ယက်တွင်း  ဆိုသည်မှာ လိုင်စင်ပါ စည်းကမ်းချက်များနှင့်အညီ လူအင်အား သို့မဟုတ် စက်အင်အား သို့မဟုတ် အင်အားနှစ်ရပ်စလုံးဖြင့် အနက်ပေ ၁၀၀၀ ထက် မပို သော ရေနံတူးဖော်ထုတ်လုပ်သည့်တွင်းကို ဆိုသည်။

(ဃ)    ရေနံလက်ယက်တွင်းမှ ထွက်ရှိသောရေနံ ဆိုသည်မှာ ရေနံလက်ယက်တွင်းမှ ထွက်ရှိသည့် ဟိုက်ဒရိုကာဗွန်အရည် သို့မဟုတ် ဟိုက်ဒရိုကာဗွန်အရောအနှော သို့မဟုတ် မီးလောင်လွယ် သည့် အရောအနှော စသည်တို့ကို ဆိုသည်။ယင်းစကားရပ်တွင် သဘာဝဓာတ်ငွေ့မပါဝင်။

( င )   ရေနံလက်ယက်တွင်းတူးဖော်ခြင်း ဆိုသည်မှာ ရေနံရယူရန်အလို့ငှာ သက်ဆိုင်ရာလုပ်ကွက် ၏မြေမျက်နှာပြင်ကိုဖြစ်စေ၊ မြေအောက်ကျောက်လွှာကိုဖြစ်စေ တူးဖော်ခြင်း၊ တူးဖောက် ခြင်း၊ တူးဆွခြင်းလုပ်ငန်းကို ဆိုသည်။

( စ )   ရေနံလက်ယက်တွင်းမှ ရေနံထုတ်လုပ်ခြင်း ဆိုသည်မှာ လုပ်ကွက်အတွင်းတွင် ရေနံရယူ ရန်အလို့ငှာ  မြေမျက်နှာပြင်ကိုဖြစ်စေ၊ မြေအောက်ကျောက်လွှာကို ဖြစ်စေတူးဖော်ခြင်း၊ တူး ဖောက်ခြင်း၊ တူးဆွခြင်းမှ ထွက်ရှိလာသည့် ရေနံကိုဖြစ်စေ၊ မြေအောက်မှ မြေပြင်ပေါ်သို့ အလိုအလျောက် စိမ့်ထွက်သောရေနံကိုဖြစ်စေထုတ် ယူခြင်းလုပ်ငန်းကို ဆိုသည်။

( ဆ)   လုပ်ကွက် ဆိုသည်မှာ နိုင်ငံတော်ပိုင် နယ်နိမိတ်အတွင်းရှိ ကုန်းတွင်းပိုင်းတွင် ရေနံလက် ယက်တွင်းတူးဖော်ခြင်းနှင့် ရေနံလက်ယက်တွင်းမှရေနံထုတ်လုပ်ခြင်း လုပ်ငန်းဆောင်ရွက် လိုသည့် ပုဂ္ဂိုလ် သို့မဟုတ် မြန်မာနိုင်ငံသားများဖြင့် ဖွဲ့စည်းထားသော အဖွဲ့အစည်းမှ အဆို ပြုလျှောက်ထားသည့် အကျယ်အဝန်းအပေါ် ဝန်ကြီးဌာနက စိစစ်ခွင့်ပြုသော လက်ယက် တွင်းလုပ်ကွက်ကို ဆိုသည်။

( ဇ )   လိုင်စင် ဆိုသည်မှာ  ပုဂ္ဂိုလ် သို့မဟုတ် မြန်မာနိုင်ငံသားများဖြင့် ဖွဲ့စည်းထားသော အဖွဲ့အ စည်းအား ရေနံလက်ယက်တွင်း တူးဖော်ခြင်းနှင့် ရေနံလက်ယက်တွင်းမှ ရေနံထုတ်လုပ် ခြင်းလုပ်ငန်း လုပ်ကိုင်ခွင့်ပြုကြောင်း ဝန်ကြီးဌာနက လုပ်ကွက်အလိုက် ထုတ်ပေးသည့် ခွင့် ပြုချက်လိုင်စင်ကို ဆိုသည်။

( စျ )   လုပ်ငန်းလုပ်ကိုင်ခွင့်ရသူ ဆိုသည်မှာ လုပ်ကွက်အတွင်း ရေနံလက်ယက်တွင်း တူးဖော်ခြင်း နှင့် ရေနံလက်ယက်တွင်းမှ ရေနံထုတ်လုပ်ခြင်းလုပ်ငန်း လုပ်ကိုင်ခွင့်လိုင်စင်ရသည့် ပုဂ္ဂိုလ် သို့မဟုတ် မြန်မာနိုင်ငံသားများဖြင့် ဖွဲ့စည်းထားသော အဖွဲ့အစည်းကို ဆိုသည်။

                                                                                အခန်း()

ရည်ရွယ်ချက်

၃။      ဤဥပဒေ၏ ရည်ရွယ်ချက်မှာ အောက်ပါအတိုင်းဖြစ်သည်-

(က)    နိုင်ငံတော်နှင့်နိုင်ငံသားများ၏ အကျိုးစီးပွားကို ကာကွယ်စောင့်ရှောက်ရန်၊

( ခ)    သက်ဆိုင်ရာလုပ်ကွက် တည်ရှိရာဒေသ၏ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူ ပြုစေရန်၊

( ဂ )   ရေနံလက်ယက်တွင်းများမှ ရေနံများကို အန္တရာယ်ကင်းရှင်းစွာဖြင့် စနစ်တကျတူးဖော် ထုတ်လုပ်ရေး ဆောင်ရွက်ရန် ၊

(ဃ)    ရေနံလက်ယက်တွင်းတူးဖော်ခြင်းနှင့် ရေနံလက်ယက်တွင်းမှ ရေနံထုတ်လုပ်ခြင်းကြောင့် ဖြစ်ပေါ်လာနိုင်သည့် ပတ်ဝန်ကျင်ထိခိုက်မှုများနှင့် လူမှုစီးပွားထိခိုက်မှုများ အနည်းဆုံးဖြစ် စေရေးကို ဆောင်ရွက်ရန်။

အခန်း()

လုပ်ကွက်နှင့် လိုင်စင်လျှောက်ထားခြင်း

၄။      ရေနံလက်ယက်တွင်း တူးဖော်ခြင်းနှင့် ရေနံလက်ယက်တွင်းမှ ရေနံထုတ်လုပ်ခြင်း လုပ်ငန်းလုပ် ကိုင်ရန် လျှောက်ထားသူသည် မြန်မာနိုင်ငံသား သို့မဟုတ် မြန်မာနိုင်ငံသား များဖြင့် ဖွဲ့စည်းထားသော အဖွဲ့အစည်းများသာ  ဖြစ်ရမည်။

၅။      ရေနံလက်ယက်တွင်း ရေနံတူးဖော်ခြင်းနှင့် ရေနံလက်ယက်တွင်းမှ ရေနံထုတ်လုပ်မြင်းလုပ်ငန်းကို လုပ်ကိုင်ဆောင်ရွက်လိုသော ပုဂ္ဂိုလ် သို့မဟုတ် မြန်မာနိုင်ငံသားများဖြင့် ဖွဲ့စည်းထားသော အဖွဲ့အစည်း သည် မိမိလုပ်ကိုင်လိုသည့် လုပ်ကွက်၏ တည်နေရာ၊ အကျယ်အဝန်းနှင့် သက်ဆိုင်ရာဌာနအသီးသီး၏ ထောက်ခံချက်တို့ကို ပြည့်စုံစွာဖော်ပြ၍ သက်ဆိုင်ရာတိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့ သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းဦးစီးအဖွဲ့ သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့သို့ လျှောက်ထားရမည်။

၆။      သက်ဆိုင်ရာတိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့ သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းဦးစီးအဖွဲ့ သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့သည် လျှောက်လွှာပါ ဖော်ပြချက်များကို သတ်မှတ်ချက်များနှင့် ပြည့်စုံညီညွှတ်ခြင်းရှိမရှိ စိစစ်၍ မိမိ၏သဘောထားမှတ်ချက်နှင့်အတူ ဝန်ကြီးဌာန သို့ တင်ပြရမည်။

၇။      ဝန်ကြီးဌာနသည် ပုဒ်မ ၆ အရ တင်ပြလာသော လျှောက်လွှာကို လက်ခံရရှိသည့်အခါ လျှောက်ထား ချက်ကို စိစစ်၍-

(က)    လိုအပ်ပါက သက်ဆိုင်ရာဝန်ကြီးဌာနများ၏ သဘောထားမှတ်ချက်များကို  တောင်းခံနိုင် သည့်။

( ခ )   သက်ဆိုင်ရာဝန်ကြီးဌာနများက ထော်က်ခံမှုမရှိလျှင်သော်လည်းကောင်း၊ သတ်မှတ်ချက် များနှင့် ညီညွှတ်ခြင်းမရှိလျှင်သော်လည်းကောင်း လျှောက်ထားချက်ကို ငြင်းပယ်နိုင်သည်။

( ဂ )   ငြင်းပယ်ပါက ငြင်းပယ်ရသည့် အကြောင်းရင်းကို သက်ဆိုင်ရာတိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့ သို့မဟုတ် ကိုယ်ပိုင်းအုပ်ချုပ်ခွင့်ရတိုင်းဦးစီးအဖွဲ့ သို့မဟုတ် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့သို့ ပြန်ကြားရမည်။

၈။      ပုဒ်မ ၇ အရ ဆောင်ရွက်ပြီးသည့် လုပ်ကွက်နှင့်ပတ်သက်၍ ဝန်ကြီးဌာနသည် မိမိတို့ဝန်ကြီးဌာနက သတ်မှတ်ထားသော သို့မဟုတ် သတ်မှတ်ရန်လျာထားသော ရေနံနှင့်သဘာဝဓာတ်ငွေ့ရှာဖွေတူးဖော်သည့် လုပ်ကွက်ဧရိယာများနှင့် လွတ်ကင်းမှုရှိမရှိနှင့် အခြားလုပ်အပ်ချက်များကို စိစစ်၍ သတ်မှတ်ချက်များနှင့် ညီညွှတ်ပါက ယင်းလုပ်ကွက်ကို ခွင့်ပြုနိုင်ရေးအတွက် ပြည်ထောင်စုအစိုးရအဖွဲ့သို့ ဆက်လက်ဆောင်ရွက် ရမည်။

၉။      ပုဒ်မ ၈ အရ ဝန်ကြီးဌာန၏ တင်ပြချက်ကို ပြည်ထောင်စုအစိုးရအဖွဲ့က သဘောတူညီလျှင် ဝန်ကြီးဌာနသည် ယင်းလုပ်ကွက်နှင့်စပ်လျဉ်းသည့် တစ်နှစ်သက်တမ်းရှိသော လိုင်စင်ကို လျှောက်ထားသူ အားထုတ်ပေးရမည်။

၁၀။    ပုဒ်မ ၉ ပါ လိုင်စင်ကို သက်တမ်းတိုးလိုသည့် လုပ်ငန်းလုပ်ကိုင်ခွင့်ရသူသည် လိုင်စင်သက်တမ်း မကုန်ဆုံးမီ နှစ်လကြိုတင်၍ သက်ဆိုင်ရာတိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့ သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းဦးစီးအဖွဲ့ သို့မဟုတ် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့သို့ သက်တမ်းတိုး လျှောက်လွှာဖြင့် လျှောက်ထားရမည်။

၁၁။    လျှောက်လွှာလက်ခံရရှိသည့် သက်ဆိုင်ရာတိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့ သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းဦးစီးအဖွဲ့ သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့သည် သက်တမ်းတိုးလိုသည့်လျှောက်လွှာကို ပြန်လည်စိစစ်၍ လိုင်စင်သက် တမ်းမကုန်ဆုံးမီ တစ်လကြိုတင်၍ ဝန်ကြီးဌာနသို့ ဆက်လက်ပေးပို့ရမည်။

၁၂။    ဝန်ကြီးဌာနသည် သက်တမ်းတိုး လျှောက်ထားချက်ကို စိစစ်၍-

(က)    သတ်မှတ်ချက်များနှင့် ညီညွှတ်မှုရှိပါက လျှောက်ထားသူအား တစ်နှစ်သက်တမ်းရှိသည့် လိုင်စင်ကို ထုတ်ပေးရမည်။

( ခ )   သတ်မှတ်ချက်များနှင့်ညီညွှတ်မှုမရှိသော လျှောက်ထားချက်ကို အကြောင်းပြချက်ဖြင့် ငြင်း ပယ်ပြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့  သို့မဟုတ် ကိုယ်ပိုင်အုပ် ချုပ်ခွင့်ရတိုင်းဦးစီးအဖွဲ့ သို့မဟုတ် ကိုယ်ပိုင်းအုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့မှတစ်ဆင့် လျှောက်ထားသူကို အကြောင်း ကြားရမည်။

အခန်း()

ဝန်ကြီးဌာန၏ တာဝန်နှင့်လုပ်ပိုင်ခွင့်များ

၁၃။    ဝန်ကြီးဌာနသည်-

(က)    လိုင်စင်စည်းကမ်းချက်များကို သတ်မှတ်ခြင်း၊ အခါအားလျော်စွာ ပြင်ဆင်ခြင်း နှင့် ပယ်ဖျက် ခြင်းပြုနိုင်သည်။

( ခ )   လုပ်ငန်းလုပ်ကိုင်ခွင့်ရသူက လိုင်စင်ပါစည်းကမ်းချက်များကို လိုက်နာဆောင်ရွက်ခြင်း ရှိမရှိ စစ်ဆေးရမည်။

 ( ဂ )  လုပ်ငန်းလုပ်ကိုင်ခွင့်ရသူသည် လိုင်စင်ပါစည်းကမ်းချက်များနှင့်အညီ လိုက်နာဆောင်ရွက်ရန် ပျက်ကွက်ကြောင်း ပုဒ်မခွဲ(ခ)အရ စစ်ဆေးတွေ့ရှိလျှင်ဖြစ်စေ၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့ သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းဦးစီးအဖွဲ့ သို့မဟုတ် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့က တင်ပြချက်အရဖြစ်စေ သိရှိပါက စီမံခန့်ခွဲရေးနည်းလမ်းအ ရလိုအပ်သလို အရေးယူဆောင်ရွက်ရမည်။

(ဃ)    သတ်မှတ်ထားသည့် လျှောက်လွှာကြေးနှင့် လိုင်စင်ကြေး ကောက်ခံရမည်။

၁၄။    ဝန်ကြီးဌာနသည် ပြည်ထောင်စုအစိုးရက အများပြည်သူအကျိုးစီးပွားအလို့ငှာ လိုအပ်၍ လုပ်ငန်း လုပ်ကိုင်ခွင့်ရသူ ဆောင်ရွက်နေသော လုပ်ကွက်မြေဧရိယာအားလုံးကိုဖြစ်စေ၊ တစ်စိတ်တစ်ပိုင်းကိုဖြစ်စေ တည်ဆဲဥပဒေများနှင့်အညီ ပြန်လည်သိမ်းယူသည့်အခါ လုပ်ငန်းလုပ်ကိုင်ခွင့်ရသူသည် အခြားသင့်လျော် သည့် နေရာတစ်ခုခုကို အစားထိုးလုပ်ကိုင်ခွင့်ရရှိနိုင်ရန် ပြည်လည် လျှောက်ထားလာပါက စိစစ်ခွင့်ပြုနိုင် သည်။

အခန်း()

တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့ သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းဦးစီးအဖွဲ့ သို့မဟုတ် ကိုယ်ပိုင်ခုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့၏ တာဝန်နှင့်လုပ်ပိုင်ခွင့်များ

၁၅။   တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့ သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းဦးစီးအဖွဲ့ သို့မဟုတ် ကိုယ်ပိုင်ခုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့၏တာဝန်နှင့်လုပ်ပိုင်ခွင့်များမှာ အောက်ပါအတိုင်းဖြစ်သည်-

(က)    လုပ်ငန်းလုပ်ကိုင်ခွင့်ရသူက တည်ဆဲဥပဒေများ၊ နည်းဥပဒေများ၊ အမိန့်ကြော်ငြာစာ အမိန့် နှင့်ညွှန်ကြားချက်များကို လိုက်နာဆောင်ရွက်ခြင်း ရှိမရှိ စိစစ်ခြင်း၊ အရေးယူဆောင်ရွက် ခြင်း၊

( ခ )   လုပ်ငန်းလုပ်ကိုင်ခွင့်ရသူက လိုင်စင်ပါစည်းကမ်းချက်တစ်ရပ်ရပ်ကို လိုက်နာဆောင်ရွက် ရန် ပျက်ကွက်ကြောင်းတွေ့ရှိပါက ဝန်ကြီးဌာနသို့ တင်ပြခြင်း၊

( ဂ )   လုပ်ငန်းလုပ်ကိုင်ခွင့်ရသူသည် တည်ဆဲဥပဒေများ၊ ဤဥပဒေပါ ပြဋ္ဌာန်းချက်များ နှင့်အညီ လိုက်နာဆောင်ရွက်ရန် ပျက်ကွက်ပါက စီမံခန့်ခွဲမှုနည်းလမ်းအရ လိုအပ်သလို အရေးယူ ဆောင်ရွက်ခြင်း၊

(ဃ)    လိုင်စင်အား ရပ်ဆိုင်းခြင်း၊ ရုပ်သိမ်းခြင်း သို့မဟုတ် ပယ်ဖျက်ခြင်း ပြစ်ဒဏ်ချမှတ်သင့် ကြောင်း ပေါ်ပေါက်ပါက ဝန်ကြီးဌာနသို့ တင်ပြခြင်း၊

( င )   လုပ်ငန်းလုပ်ကိုင်ခွင့်ရသူက ရေနံလက်ယက်တွင်း တူးဖော်ခြင်း၊ ရေနံလက်ယက်တွင်းမှ ရေနံထုတ်လုပ်ခြင်း၊ ရေနံလက်ယက်တွင်းမှထွက်ရှိသော ရေနံများကို သိုလှောင်ခြင်း၊ သယ် ယူခြင်း၊ ချက်လုပ်ခြင်း၊ ရောင်းချခြင်းတို့နှင့်စပ်လျဉ်း၍ သက်ဆိုင်ရာတည်ဆဲဥပဒေများ၊ နည်းဥပဒေများ၊ အမိန့်ကြော်ငြာစာ၊ အမိန့်၊ ညွှန်ကြားချက်များ၊ လုပ်ထုံလုပ်နည်းများ နှင့်အညီ လိုက်နာဆောင်ရွက်စေရန် ကြီးကြပ်ခြင်း၊ ညွှန်ကြားခြင်း၊ စိစစ်ခြင်း၊ လိုအပ်သလို အရေးယူဆောင်ရွက်ခြင်း

( စ )   ရေနံလက်ယက်တွင်းမှ ထွက်ရှိသည့် ရေနံအတွက်ပေးသွင်းရမည့် ခိုင်ကြေးနှင့် လုပ်ကွက်အ တွက်မြေငှားရမ်းခများ ကောက်ခံခြင်း၊

( ဆ )  ရေနံလက်ယက်တွင်းမှ ထွက်ရှိသည့် နေ့စဉ်ရေနံထုတ်လုပ်မှုစာရင်းကို လစဉ် လဆန်း ခုနစ် ရက်အတွင်း ဝန်ကြီးဌာနသို့ ပေးပို့စေခြင်း၊

( ဇ )   ရေနံလက်ယက်တွင်းမှ သဘာဝဓာတ်ငွေ့ထွက်ရှိပါက ဝန်ကြီးဌာနသို့ ချက်ချင်းတင်ပြ စေခြင်း။

အခန်း()

လုပ်ငန်းလုပ်ကိုင်ခွင့်ရသူ လိုက်နာမည့် စည်းကမ်းများ

၁၆။    လုပ်ငန်းလုပ်ကိုင်ခွင့်ရသူသည်-

(က)    ဤဥပဒေနှင့် တည်ဆဲဥပဒေများပါ ပြဋ္ဌာန်းချက်များ၊ လိုင်စင်ပါစည်းကမ်းချက်များ နှင့် အညီဆောင်ရွက်ရမည်။

( ခ )   ရေနံလက်ယက်တွင်းတူးဖော်ခြင်းနှင့် ရေနံလက်ယက်တွင်းမှ ရေနံထုတ်လုပ်ခြင်း ဆောင် ရွက်ရာတွင် တည်ဆဲဥပဒေများနှင့်အညီ သက်ဆိုင်ရာဒေသ၏ ပတ်ဝန်းကျင်ညစ်ညမ်းမှု၊ ပျက်စီးမှုမဖြစ်စေရန်နှင့် ဒေသခံပြည်သူများ၏ လူမှုစီးပွားထိခိုက်မှုမဖြစ်စေရန် ဆောင်ရွက် ရမည့်အပြင် လုပ်ငန်းဆောင်ရွက်ပြီးစီးသည့်အခါ လုပ်ကွက် အား မူလအနေအထားအတိုင်း ဖြစ်စေရန် ပြန်လည်ပြုပြင်ထားရှိရမည်။

( ဂ )   ရေနံလက်ယက်တွင်း တူးဖော်ခြင်း၊ ရေနံလက်ယက်တွင်းမှ ရေနံထုတ်လုပ်ခြင်း၊ သိုလှောင် ခြင်းနှင့် ချက်လုပ်ခြင်းလုပ်ငန်းများတွင် လုပ်ကိုင်နေသော အလိုပ်သမားများနှင့် ပတ်သက် ၍ တည်ဆဲဥပဒေများနှင့်အညီ ဆောင်ရွက်ရမည်။

( ဃ )  လုပ်ငန်းလုပ်ကိုင်ခွင့်ရသူ ကိုယ်တိုင်ကြီးကြပ်လုပ်ကိုင်ရမည်။ အခြားမည်သည့် ပုဂ္ဂိုလ် သို့မဟုတ် မြန်မာနိုင်ငံသားများဖြင့် ဖွဲ့စည်းထားသော အဖွဲ့အစည်းကိုမျှ လုပ်ကွက်တစ်ခု လုံးကိုသော်လည်းကောင်း၊ တစ်စိတ်တစ်ပိုင်းကိုသော်လည်းကောင်း လွှဲပြောင်းဆောင်ရွက် ခြင်းမပြုရ။

( င )   လိုင်စင်ထုပေးသည့်နေ့မှ သုံးလအတွင်း ရေနံလက်ယက်တွင်းတူးဖော်ခြင်းနှင့် ရေနံလက် ယက်တွင်းမှ ရေနံထုတ်လုပ်ခြင်းကို စတင်ဆောင်ရွက်ရမည်။

( စ )   ယင်းရေနံလက်ယက်တွင်း တူးဖော်ခြင်း၊ ရေနံလက်ယက်တွင်းမှ ရေနံထုတ်လုပ် ခြင်းနှင့် ပတ်သက်သည့် အချက်အလက်များနှင့် ထုတ်ယူရရှိသည့် ရေနံနမူနာကို မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းသို့ သတ်မှတ်ချက်နှင့်အညီ ပေးအပ်ရမည်။

(ဆ)    နေ့စဉ်ရေနံထုတ်လုပ်မှု ပမာဏစာရင်းဇယားကို သက်ဆိုင်ရာတိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့ သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းဦးစီးအဖွဲ့ သို့မဟုတ် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့မှတစ်ဆင့် ဝန်ကြီးဌာနသို့ လစဉ် မပျက်မကွက်ပေးပို့ရမည်။

( ဇ )   ပြည်ထောင်စုအစိုးရက အများပြည်သူအကျိုးစီးပွားအလို့ငှာ လိုအပ်လာလျှင် ရေနံထုတ် လုပ်ရန် ခွင့်ပြုထားသော မြေဧရိယာအားလုံးကိုဖြစ်စေ၊ တစ်စိတ်တစ်ပိုင်းကိုဖြစ်စေ တည်ဆဲ ဥပဒေများနှင့်အညီ ပြန်လည်သိမ်းယူသည့်အခါ ပြန်လည်အပ်နှံရမည်။ ထိုသို့ပြန်လည်အပ် နှံပြီးနောက် လုပ်ငန်းလုပ်ကိုင်ခွင့်ရသူသည် အခြားသင့်လျော်သည့် နေရာတစ်ခုခုကို အစား ထိုးလုပ်ကိုင်ခွင့်ရရှိနိုင်ရန် ဤဥပဒေနှင့်အညီ ပြန်လည်လျှောက်ထားနိုင်သည်။

( စျ )   လိုင်စင်ရုပ်သိမ်းခြင်း သို့မဟုတ် ပယ်ဖျက်ခြင်းခံရပါက ရုပ်သိမ်းခြင်း သို့မဟုတ် ပယ်ဖျက် ခြင်းခံရသည့်နေ့တွင် လုပ်ငန်းရပ်ဆိုင်းပြီး လုပ်ကွက်အတွင်းမှ တစ်လအတွင်းဖယ်ရှားပေး ရမည်။

(ည)    လိုင်စင်သက်တမ်းအတွင်း လုပ်ငန်းကို ဆက်လက်လုပ်ကိုင် ဆောင်ရွက်လိုခြင်း မရှိပါက သက်ဆိုင်ရာတိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့ သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ် ခွင့်ရတိုင်းဦးစီးအဖွဲ့ သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့မှတစ်ဆင့် ဝန်ကြီးဌာန သို့ အကြောင်းကြား၍ လုပ်ကွက်လိုင်စင်အား ပြန်လည်အပ်နှံရမည်။

( ဋ )   လုပ်ငန်းသုံးပစ္စည်းများ၏ အရည်အသွေး၊ ဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အစီအမံ များ အပါအဝင် လုပ်ငန်းဆောင်ရွက်မျုများနှင့်စပ်လျဉ်း၍ သက်ဆိုင်ရာတိုင်းဒေသကြီး သို့မ ဟုတ် ပြည်နယ်အစိုးရအဖွဲ့ သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းဦးစီးအဖွဲ့ သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့က ဖွဲ့စည်းပေးသော စစ်ဆေးရေးအဖွဲ့၏ လိုအပ်သလို စစ်ဆေးကြပ်မတ်မှုကို ခံယူရမည်။

( ဌ )   မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရန် အထူးစီမံချက်ကို လိုက်နာရမည်။

( ဍ )   ရေနံလက်ယက်တွင်းမှ သဘာဝဓာတ်ငွေ့ထွက်ရှိပါက ဝန်ကြီးဌာနသို့ ချက်ချင်းတင်ပြရ မည်။

၁၇။    လုပ်ငန်းလုပ်ကိုင်ခွင့်ရသူသည်-

(က)    ရေနံလက်ယက်တွင်းမှ ထွက်ရှိသည့် ရေနံကို သိုလှောင်ခြင်း၊ သယ်ယူခြင်း၊ ချက်လုပ်ခြင်း၊ ရောင်းချခြင်းတို့နှင့်စပ်လျဉ်း၍ သက်ဆိုင်ရာတည်ဆဲဥပဒေများ၊ နည်းဥပဒများ၊ အမိန့် ကြော်ငြာစာ၊ အမိန့်၊ ညွှန်ကြားချက်များ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ လိုက်နာဆောင် ရွက်ရမည်။

( ခ )   တည်ဆဲဝင်ငွေခွန်ဥပဒေနှင့် ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေတို့နှင့်အညီ ကျသင့် သည့်ဝင်ငွေခွန်နှင့် အခွန်အခများကို ပေးဆောင်ရမည်။

အခန်း()

စီမံခန့်ခွဲရေးနည်းလမ်းအရ အရေးယူခြင်း

၁၈။    (က)    ဝန်ကြီးဌာနသည် လိုင်စင်ပါ စည်းကမ်းချက်များကို လိုက်နာဆောင်ရွက်ခြင်းမရှိသည့် လုပ်ငန်းလုပ်ကိုင်ခွင့်ရသူအား အောက်ဖော်ပြပါ စီမံခန့်ခွဲရေးပြစ်ဒဏ် တစ်ရပ်ရပ်ဖြစ်စေ၊ ပြစ်ဒဏ်တစ်ရပ်ထက်ပို၍ဖြစ်စေ ချမှတ်နိုင်သည်-

                   (၁)     သတိပေးခြင်း၊

                   (၂)     ဒဏ်ကြေးငွေ ပေးဆောင်စေခြင်း၊

                   (၃)     လိုင်စင်အား ကာလအကန့်အသတ်ဖြင့် ရပ်ဆိုင်ခြင်း၊

                   (၄)     လိုင်စင်ရုပ်သိမ်းခြင်း သို့မဟုတ် ပယ်ဖျက်ခြင်း

          ( ခ )   ဤဥပဒေအရ လိုက်နာဆောင်ရွက်ရမည့် တာဝန်များကို လိုက်နာရန် ပျက်ကွက်ခြင်းနှင့် စည်းကမ်းချက်များကို ဖောက်ဖျက်သည့် လုပ်ငန်းလုပ်ကိုင်ခွင့်ရသူကို သက်ဆိုင်ရာတိုင်း ဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့ သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း ဦးစီးအဖွဲ့ သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့သည် အောက်ဖော်ပြပါ စီမံခန့်ခွဲရေး ပြစ်ဒဏ်တစ်ရပ်ရပ်ဖြစ်စေ၊ ပြစ်ဒဏ်တစ်ရပ်ထက်ပို၍ဖြစ်စေ ချမှတ်နိုင်သည်-

                   (၁)     သတိပေးခြင်း၊

                   (၂)     ဒဏ်ကြေးငွေပေးဆောင်စေခြင်း၊

          ( ဂ )   ပုဒ်မခွဲ(က) သို့မဟုတ် ပုဒ်မခွဲ(ခ)ပါ ပြစ်ဒဏ်တစ်ရပ်ရပ် ချမှတ်ခြင်းခံရသူသည် ထိုသို့ ပြစ်ဒဏ်ချမှတ်ခြင်းခံရသည့်နေ့မှ ရက်ပေါင်း ၃၀ အတွင်း ဝန်ကြီးဌာနသို့ ပြန်လည်သုံးသပ် ပေးနိုင်ရန် တင်ပြနိုင်သည်။ ဝန်ကြီးဌာနသည် ယင်းတင်ပြလာမှုအပေါ် စိစစ်၍ မူလဆုံး ဖြတ်ချက်ကို အတည်ပြုခြင်း၊ ပယ်ဖျက်ခြင်း၊ ပြင်ဆင်ခြင်းပြုနိုင် သည်။


အခန်း()

ပြစ်မှုနှင့်ပြစ်ဒဏ်

၁၉။       မည်သူမဆို ရေနံလက်ယက်တွင်း တူးဖော်ခြင်းနှင့် ရေနံလက်ယက်တွင်းမှ ရေနံထုတ်လုပ်ခြင်း လုပ်ငန်းကို လိုင်စင်မရှိဘဲ လုပ်ကိုင်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူကို အနည်းဆုံးတစ်နှစ် မှ အများဆုံးသုံးနှစ်အထိထောင်ဒဏ်ဖြစ်စေ၊ ကျပ်သိန်းငါးဆယ်အောက် မနည်းသော ငွေဒဏ်ဖြစ်စေ ချမှတ်ခြင်းခံရမည့်အပြင် ပြစ်မှုနှင့်သက်ဆိုင်သည့် ပစ္စည်းများကို ပြည်သူဘဏ္ဍာအဖြစ် သိမ်းဆည်းရမည်။

၂၀။       လုပ်ငန်းလုပ်ကိုင်ခွင့်ရသူ မည်သူမဆို ပုဒ်မ ၁၆၊ ပုဒ်မခွဲ(ခ)ပါ တာဝန်တစ်ရပ်ရပ်ကို လိုက်နာ ဆောင်ရွက်ရန် ပျက်ကွက်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူကို သုံးနှစ်ထက် မပိုသောထောင် ဒဏ်ဖြစ်စေ၊ ကျပ်သိန်းငါးဆယ်ထက်မပိုသော ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ခြင်းခံရမည့် အပြင် ပတ်ဝန်းကျင်ညစ်ညမ်းမှု သို့မဟုတ် ပျက်စီးမှု သို့မဟုတ် လူမှုစီးပွားထိခိုက်မှုအတွက် ကုစားရသည့် ကုန်ကျစရိတ်များကို ထိုသူကပေးလျော်စေရမည်။

၂၁။       လုပ်ငန်းလုပ်ကိုင်ခွင့်ရသူ မည်သူမဆို ပုဒ်မ၁၆၊ ပုဒ်မခွဲ(ဃ)၊ ပုဒ်မခွဲ(စျ)နှင့် ပုဒ်မခွဲ(ဌ)တို့ပါ စည်းကမ်းချက်တစ်ရပ်ရပ်ကို ဖောက်ဖျက်ကြောင့် သို့မဟုတ် သတ်မှတ်ထားသော တာဝန်တစ်ရပ်ရပ်ကို လိုက်နာဆောင်ရွက်ရန် ပျက်ကွက်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူကို အနည်းဆုံးခြောက် လမှ အများဆုံး တစ်နှစ်အထိထောင်ဒဏ်ဖြစ်စေ၊ ကျပ်သိန်းသုံးဆယ်အောက် မနည်းသော ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည့်အပြင် ပြစ်မှုနှင့်သက်ဆိုင်သည့် ပစ္စည်းများကို ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းရမည်။

အခန်း()

အထွေထွေ

၂၂။       ဤဥပဒေအာဏာမတည်မီက တည်ဆဲဥပဒေတစ်ရပ်ရပ်အရ ထုတ်ပေးထားသော လိုင်စင်သည် သက်တမ်းကုန်ဆုံးခြင်းမရှိသေးပါက-

            (က) ဤဥပဒေအရ ထုတ်ပေးသည့် လိုင်စင်ဖြစ်သည်ဟု မှတ်ယူရမည်။

            ( ခ ) ယင်းလိုင်စင်၏ သက်တမ်းသည် လိုင်စင်ပါ သက်တမ်းအတိုင်းသာ ဖြစ်ရမည်။

           ( ဂ ) လိုင်စင်သက်တမ်း ကုန်ဆုံးလျှင် လိုင်စင်သက်တမ်းတိုးခြင်းကို ဤဥပဒေပါ ပြဋ္ဌာန်းချက်နှင့် အညီ ဆောင်ရွက်ရမည်။

၂၃။       (က) ရေနံလက်ယက်တွင်းတူးဖော်ခြင်းနှင့် ရေနံလက်ယက်တွင်းမှ ရေနံထုတ်လုပ်ခြင်း လုပ်ကိုင် ခွင့် လျှောက်ထားသူသည်-

                           (၁)      မိမိလုပ်ကိုင်ရန် လျှောက်ထားသည့် လုပ်ကွက်တွင် အခြားသောပိုင်ရှင် သို့မဟုတ် ဥပဒေအရ အခွင့်အရေးတစ်စုံတစ်ရာ ရရှိထားသူ မရှိစေရန်လည်းကောင်း၊ မိမိလုပ် ကိုင်ခွင့်ရရှိခြင်းသည် ဥပဒေအရ အခွင့်အရေးတစ်စုံတစ်ရာရရှိထားသူ မ                                       ရှိစေရန် လည်းကောင်း၊ မိမိလုပ်ကိုင်ခွင့်ရရှိခြင်းသည် ဥပဒေနှင့်အညီဖြစ်စေရန် လည်းကောင်း တာဝန်ယူဆောင်ရွက်ရမည်။

                           (၂)       လိုင်စင်ရရှိပြီးနောက် မိမိလုပ်ကွက်တွင် ပိုင်ရှင် သို့မဟုတ် ဥပဒေအရ အခွင့်အရေး တစ်စုံတစ်ရာရရှိသူ ပေါ်ပေါ်က်ပြီး ကန့်ကွက်လျှင် မိမိကိုယ်တိုင် တာဝန်ယူဖြေရှင်း ရမည်။

           (ခ)   ဝန်ကြီးဌာနသည် လုပ်ကွက်နှင့်စပ်လျဉ်း၍ ကန့်ကွက်ချက်ရှိပါက ယင်းကန့်ကွက်ချက်ကို လိုင်စင်ရရှိသူက ပုဒ်မခွဲ(က) နှင့်အညီ ပြီးပြတ်သည်အထိ ဖြေရှင်းနိုင်ခြင်းမရှိလျှင် ရေနံ လက်ယက်တွင်း တူးဖော်ခြင်းနှင့်ရေနံလက်ယက်တွင်းမှ ရေနံထုတ်လုပ်                          ခြင်းလုပ်ကိုင်ခွင့် ရသူအား ထုတ်ပေးထားသည့် လိုင်စင်ကို ရုပ်သိမ်းနိုင်သည်။

 ၂၄။       ဤဥပဒေပါ ပြစ်မှုများကို ရဲအရေးယူပိုင်ခွင့်ရှိသော ပြစ်မှုများအဖြစ် သတ်မှတ်သည်-

၂၅။       ဤဥပဒေပါ ပြဋ္ဌာန်းချက်များကို အကောင်အထည်ဖော်ရာတွင် ယှဉ်ပြိုင်မှုကို ကန့်သတ်ထိန်းချုပ် သည့် ဆောင်ရွက်ချက်များဖြစ်သည့် လက်ဝါးကြီးအုပ် လုပ်ကိုင်ဆောင်ရွက်ခြင်းများ ဖြစ်သည့် လက်ဝါးကြီးအုပ် လုပ်ကိုင်ဆောင်ရွက်ခြင်းများ မပေါ်ပေါက်စေ               ရန်သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့ သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းဦးစီးအဖွဲ့ သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသဦးစီးအဖွဲ့က ကြီးကြပ်ဆောင်ရွက်ရမည်။

၂၆။       (က) ဤဥပဒေပါ လုပ်ငန်းများကို လုပ်ကိုင်ခွင့်ရသူသည်လုပ်ငန်းမှ ထုတ်ယူရရှိသော ရေနံပမာ ဏပေါ်မူတည်၍ သက်ဆိုင်ရာ ရေနံလက်ယက်တွင်း လုပ်ကွက်တည်ရှိရာဒေသ၏ လူမှုစီး ပွားဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် သက်ဆိုင်ရာတိုင်း                        ဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့ သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းဦးစီးအဖွဲ့ သို့မဟုတ် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့၏ သတ်မှတ်စည်းကမ်းချက်နှင့်အညီ ရန်ပုံငွေ ထည့်ဝင်ရမည်။

           ( ခ ) သက်ဆိုင်ရာတိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့ သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ် ခွင့်ရတိုင်းဦးစီးအဖွဲ့ သို့မဟုတ် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့သည် ယင်းရန်ပုံငွေကို လက်ခံရရှိမှု၊ ထိန်းသိမ်းမှု၊ ထုတ်ယူသုံးစွဲမှု၊ စီမံခန့်ခွဲမှုတို့နှင့်စပ်လျဉ်း၍                    ပွင့်လင်းမြင်သာစွာ ဆောင်ရွက်ရမည်။

၂၇။       ဤဥပဒေပါ ပြဋ္ဌာန်းချက်များကို အကောင်အထည်ဖော်ဆောင်ရွက်ရာတွင်-

           (က) ဝန်ကြီးဌာနသည် နည်းဥပဒေများ၊ စည်းမျဉ်းများနှင့် စည်းကမ်းများကို ပြည်ထောင်စုအစိုး ရအဖွဲ့၏ သဘောတူညီချက်ဖြင့် ထုတ်ပြန်နိုင်သည်။

           ( ခ )  ဝန်ကြီးဌာနသည် အမိန့်ကြော်ငြာစာ၊ အမိန့်၊ ညွှန်ကြားချက်နှင့် လုပ်ထုံးလုပ်နည်းများကို   ထုတ်ပြန်နိုင်သည်။

           ( ဂ )  သက်ဆိုင်ရာတိုင်းဒေသကြီး သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ် ခွင့်ရတိုင်းဦးစီးအဖွဲ့ သို့မဟုတ် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့သည် မိမိတို့ သက်ဆိုင်ရာ နယ်မြေဒေသအတွက် လိုအပ်သော အမိန့်ကြော်ငြာစာ၊ အမိန့်နှင့် ညွှန်ကြားချက်များကို ထုတ်ပြန်                     နိုင်သည်။

 

                                             ----------------------------------------------------------------------------------------

 

            ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေအရ ကျွန်ုပ်လက်မှတ်ရေးထိုးသည်။

 

(ပုံ)ထင်ကျော်

နိုင်ငံတော်သမ္မတ

                                                                                                                    ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်