The Republic of the union of myanmar

Ministry Of Electricity And Energy

Breaking News :

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ (၃၇)ကြိမ်မြောက် အာဆီယံစွမ်းအင်ဝန်ကြီးများအစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများသို့ တက်ရောက်ပြီး ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိ

၂၀၁၉ ခုနှစ်၊ စက်တင်ဘာလ ( ၈ )ရက်

           လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တွင် စက်တင်ဘာလ (၄) ရက်နေ့မှ (၆) ရက်နေ့ အထိ ကျင်းပပြုလုပ်သည့် (၃၇) ကြိမ်မြောက် အာဆီယံစွမ်းအင်ဝန်ကြီးများ အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများသို့တက်ရောက်ခဲ့ပြီး ၂၀၁၉ ခုနှစ်၊ စက်တင်ဘာလ (၇) ရက်နေ့တွင် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှ လေကြောင်းခရီးဖြင့် ပြန်လည်ထွက်ခွာခဲ့ပြီး ရန်ကုန်မြို့သို့ ရောက်ရှိရာ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ တာဝန်ရှိသူများက ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ကြိုဆို နှုတ်ဆက်ခဲ့ကြပါသည်။

            ပြည်ထောင်စုဝန်ကြီးသည် အဆိုပါအစည်းအဝေးကာလအတွင်း အာဆီယံစွမ်းအင်နှင့် လျှပ်စစ် ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး၊ စွမ်းအင်ဖူလုံရေး၊ ပြန်ပြည့်မြဲစွမ်းအင်ဖွံ့ဖြိုးတိုးတက်ရေး နှင့် အာဆီယံ ဒေသတွင်း နိုင်ငံဖြတ်ကျော်ဓာတ်အားလိုင်းသွယ်တန်း၍ ဓာတ်အားပို့လွှတ်ဖြန့်ဖြူး ရောင်းချခြင်း ဆိုင်ရာကိစ္စများအပြင် အာဆီယံစွမ်းအင်ဝန်ကြီးများ၊ အာဆီယံ+ ၃ နှင့် အရှေ့အာရှနိုင်ငံများမှ စွမ်းအင် ဆိုင်ရာဝန်ကြီးများနှင့် ညှိနှိုင်းတိုင်ပင်ဆွေးနွေးခဲ့ပါသည်။

            ဆွေးနွေးပွဲအပြီးတွင် ပြည်ထောင်စုဝန်ကြီးနှင့်မြန်မာကိုယ်စားလှယ်အဖွဲ့သည် အမေရိကန်နိုင်ငံ State for Energy Resources မှ Assistant Secretary H.E. Mr. Francis Fannon ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့နှင့်လည်းကောင်း၊ အာဆီယံ−အမေရိကန် စီးပွားရေးဆိုင်ရာပူးပေါင်း ဆောင်ရွက်မှု ကော်မရှင် (US – Asean Business Council ) ၏ အကြီးတန်းအမှုဆောင်အရာရှိ H.E Mr. Michael Walter Michalak နှင့်လည်းကောင်း သီးခြားစီတွေ့ဆုံ၍  မြန်မာ့စွမ်းအင်ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး အတွက်  နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ရေးနှင့်  ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေး ကိစ္စရပ်များအား ဆွေးနွေးခဲ့ ကြပါသည်။

Post under by : ဝန်ကြီးရုံး
08-Sep-2019