The Republic of the union of myanmar

Ministry Of Electricity And Energy

Breaking News :

ရန်ကုန်တိုင်းဒေသကြီးအတွင်း၊ ဒဂုံမြို့သစ်(တောင်ပိုင်း)တွင် လျှပ်စစ်ဓာတ်အားဖြန့်ဖြူးနေမှု အခြေအနေအား လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ ဒုတိယဝန်ကြီးဒေါက်တာထွန်းနိုင် သွားရောက်စစ်ဆေးသည့်သတင်း (၂၀.၁.၂၁၀၈)

ရန်ကုန်တိုင်းဒေသကြီးအတွင်း၊ ဒဂုံမြို့သစ်(တောင်ပိုင်း)  တွင် ပြည်သူများလျှပ်စစ်ဓာတ်အား ကောင်းမွန်စွာသုံးစွဲနိုင်ရေး၊ ဗို့အားကျဆင်းမှုမရှိစေရေးနှင့် ဓာတ်အားပျောက်ဆုံးမှုလျော့ချနိုင်ရေး အတွက် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင် သည် ဒဂုံမြို့သစ် (တောင်ပိုင်း)၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအေးနိုင်၊ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်များနှင့် ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းမှ တာဝန်ရှိသူများလိုက်ပါ လျက်  ၂၀-၁-၂၀၁၈ ရက်နေ့တွင် ရန်ကုန်မြို့၊ ဒဂုံမြို့သစ် (တောင်ပိုင်း) အတွင်းရှိ မြို့ရုံးခွဲရုံ၊ စက်မှုဇုန် ခွဲရုံ၊ အင်းဝခွဲရုံ၊ ကျန်စစ်သားခွဲရုံ၊ စက်မှုဇုန်တိုးချဲ့ခွဲရုံ နှင့် ရွာသာကြီးခွဲရုံတို့သို့ ရောက်ရှိစစ်ဆေးခဲ့ ပါသည်။

လက်ရှိတွင် အဆိုပါ ၃၃/၁၁ ကေဗွီ ၊ ၃၅ အမ်ဗွီအေ မြို့ရုံးခွဲရုံ၊ ၆၆/၁၁ ကေဗွီ၊ (၂၀x၃၀) အမ်ဗွီအေ စက်မှုဇုန်ခွဲရုံနှင့် ၃၃/၁၁ ကေဗွီ၊ ၁၀ အမ်ဗွီအေ အင်းဝခွဲရုံတို့ကို ၂၃၀ ကေဗွီ သာကေတ ခွဲရုံမှလည်းကောင်း၊  ၆၆/၁၁ ကေဗွီ၊ ၂၀ အမ်ဗွီအေ ကျန်စစ်သားခွဲရုံနှင့် ၃၃/၁၁ ကေဗွီ၊ (၁၀x၅) အမ်ဗွီအေ စက်မှုဇုန်တိုးချဲ့ခွဲရုံ နှင့် ၃၃/၆.၆ (၅ x ၄.၅ x ၂) အမ်ဗွီအေ ရွာသာကြီးခွဲရုံတို့ကို ၂၃၀ ကေဗွီ အရှေ့ဒဂုံခွဲရုံမှ လည်းကောင်း ဓာတ်အားရယူ၍ ဓာတ်အားသုံးစွဲသူ(၆၈၁၅၂)ဦးနှင့် စက်မှုဇုန် (၄) ဇုန်တို့အား ဓာတ်အားဖြန့်ဖြူးပေးပို့ဆောင်ရွက် လျက်ရှိပါသည်။

ဒဂုံမြို့သစ် (တောင်ပိုင်း)ရှိ စက်မှုဇုန်(၄) ဇုန်နှင့် ဓာတ်အားသုံးစွဲသူပြည်သူများအတွက် အဆိုပါခွဲရုံ (၆) ရုံတို့မှ ဓာတ်အားဖြန့်ဖြူးပေးလျက်ရှိပြီး ထပ်မံတိုးတက်သုံးစွဲလာသော ဝန်အား အခြေအနေအရ လက်ရှိတွင် ၁၁ ကေဗွီ ကောင်းကင်ဓာတ်အားလိုင်း (၁၉၀၀) ပေနှင့် ၁၁/၀.၄ ကေဗွီ၊ ၂၀၀ ကေဗွီအေ ထရန်စဖော်မာ (၁၉) လုံးအား တိုးချဲ့နိုင်ရေးနှင့် မီတာများ အလျင်အမြန် တပ်ဆင်နိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

          ထို့အပြင် ဒဂုံမြို့သစ် (တောင်ပိုင်း)အတွင်းရှိ စက်မှုဇုန်တွင် လက်ရှိ ဗို့အားအခြေအနေနှင့် ရပ်ကွက် နေပြည်သူများ ဓာတ်အားသုံးစွဲမှု အခြေအနေများကိုစစ်ဆေး၍ ဗို့အားအတက်အကျ ဖြစ်ပွားမှုအား ထိန်းညှိဆောင်ရွက်ပေးခြင်းများကို ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်မှ စီစဉ် ဆောင်ရွက်ပေးခဲ့ပါသည်။

Post under by : ဝန်ကြီးရုံး
20-Jan-2018