The Republic of the union of myanmar

Ministry Of Electricity And Energy

Breaking News :

နောက်ဆုံးရသတင်း


၆၆ ကေဗွီ၊ ရသေ့တောင်-ဘူးသီးတောင်-မောင်တော ဓာတ်အားလိုင်း (၄၂.၃) မိုင်နှင့် ၆၆/၁၁ ကေဗွီ၊ (၅)အမ်ဗွီအေ မောင်တောဓာတ်အားခွဲရုံ ဖွင့်ပွဲအခမ်းအနား ကျင်းပ
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန လျှပ်စစ်ဓာတ်အားပို့လွှတ်ရေးနှင့် ကွပ်ကဲရေးဦးစီးဌာနမှ အကောင်အထည်ဖော် တည်ဆောက်ပြီးစီးခဲ့သည့် ၆၆ ကေဗွီ၊ ရသေ့တောင်-ဘူးသီးတောင်-မောင်တော ဓာတ်အားလိုင်း (၄၂.၃) မိုင်နှင့် ၆၆/၁၁ ကေဗွီ၊ (၅) အမ်ဗွီအေ မောင်တော ဓာတ်အားခွဲရုံ ဖွင့်ပွဲအခမ်းအနားကို ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ (၁၉) ရက်နေ့၊ နံနက် (၀၉:၀၀) နာရီအချိန်တွင် ရခိုင်ပြည်နယ်၊ မောင်တောမြို့ အဆိုပါဓာတ်အားခွဲရုံ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။


Read More...

Post under by : ဝန်ကြီးရုံး
: 19-Jan-2019
မြို့ကြီးရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံ၏ လျှပ်စစ်ဓာတ်အားထုတ်လုပ် ဖြန့်ဖြူးပေးနေမှု အခြေအနေအား ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင် သွားရောက်ကြည့်ရှုစစ်ဆေး
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်သည် ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်နှင့် တာဝန်ရှိသူများလိုက်ပါလျက် ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ ၁၃ ရက်နေ့ နံနက်ပိုင်းတွင် ရှမ်းပြည်နယ်တောင်ပိုင်း၊ ရွာငံမြို့နယ်၊ မြို့ကြီးကျေးရွာအနီး ဇော်ဂျီမြစ်ပေါ်တွင် တည်ဆောက်ထားသည့် မြို့ကြီးရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံသို့ သွားရောက် ကြည့်ရှုစစ်ဆေးခဲ့ပါသည်။


Read More...

Post under by : ဝန်ကြီးရုံး
: 13-Jan-2019
၂၀၁၉ ခုနှစ် နွေရာသီအမီ လျှပ်စစ်ဓာတ်အားလိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ရန် အကောင်အထည်ဖော် ဆောင်ရွက်နေသည့် ကျောက်ဆည် ၁၄၅ မဂ္ဂါဝပ် ဓာတ်ငွေ့အင်ဂျင် ဓာတ်အားပေးစက်ရုံစီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်နေမှုအခြေအနေအား ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင် သွားရောက်ကြည့်ရှုစစ်ဆေး
မြန်မာနိုင်ငံတွင် နှစ်စဉ် ဓာတ်အားတိုးတက်သုံးစွဲမှုမှာ (၁၅ %) မှ (၁၉ %) အထိ တိုးတက်သုံးစွဲလာသည့်အတွက် နှစ်အလိုက် ဓာတ်အားလိုအပ်ချက်ကို ဖြည့်ဆည်းနိုင်ရေး စီမံချက်များ ချမှတ်ဆောင်ရွက်လျက်ရှိပါသည်။ နိုင်ငံတော်ဓာတ်အားစနစ်တွင် အမြင့်ဆုံး ဓာတ်အားသုံးစွဲမှုမှာ (၃,၄၈၃) မဂ္ဂါဝပ်ရှိပြီး ရေအားစက်ရုံ (၂၈) ရုံမှ (၂,၄၀၀) မဂ္ဂါဝပ်နှင့် အပူစွမ်းအင်သုံးဓာတ်အားပေးစက်ရုံ(၁၆)ရုံမှ (၁,၀၈၃) မဂ္ဂါဝပ်ခန့် ထုတ်လုပ်ပေးလျက်ရှိရာ ပြည်သူလူထု၏လိုအပ်ချက်ကို ပြည့်မီစေရေး ထုတ်လုပ်ပေးနိုင်ရန် ဆောင်ရွက်ပေးလျက်ရှိ သည့်အပြင် နွေရာသီရေနည်းကာလတွင် ရေလှောင်တမံများတွင် သိုလှောင်ရေပမာဏ နည်းပါးလာသည့်အချိန်၌ ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံများ၏ ဓာတ်အားထုတ်လုပ်နိုင်မှုမှာ


Read More...

Post under by : ဝန်ကြီးရုံး
: 12-Jan-2019
၆၆ ကေဗွီ မိုးကောင်း - ဖားကန့် ဓာတ်အားလိုင်း (၅၅.၀၃) မိုင်နှင့် ၆၆/၁၁ ကေဗွီ ၊ ၁၀ အမ်ဗွီအေ ဖားကန့်ဓာတ်အားခွဲရုံသို့ ဓာတ်အားစတင်ပို့လွှတ်ခြင်းအခမ်းအနားကျင်းပ
          လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန လျှပ်စစ်ဓာတ်အားပို့လွှတ်ရေးနှင့် ကွပ်ကဲရေးဦးစီးဌာနမှ အကောင်အထည်ဖော် တည်ဆောက်ပြီးစီးခဲ့သည့် ၆၆ ကေဗွီ မိုးကောင်း - ဖားကန့် ဓာတ်အား လိုင်း (၅၅.၀၃) မိုင်နှင့် ၆၆/၁၁ ကေဗွီ ၊ ၁၀ အမ်ဗွီအေ ဖားကန့်ဓာတ်အားခွဲရုံသို့ ဓာတ်အား စတင်ပို့လွှတ်ခြင်းအခမ်းအနားကို ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ (၉) ရက်နေ့၊ (၁၃:၀၀) နာရီ အချိန်တွင် ကချင်ပြည်နယ်၊ မိုးကောင်းမြို့ ဓာတ်အားခွဲရုံ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။


Read More...

Post under by : ဝန်ကြီးရုံး
: 10-Jan-2019
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ၊ ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင် ရန်ကုန်တိုင်းဒေသကြီး အင်းစိန် မြို့နယ်အတွင်း လျှပ်စစ်ဓာတ်အား တည်ငြိမ်စွာ ဖြန့်ဖြူးပေးနိုင်ရေး ရှုပ်ထွေးဆားဗစ်ရှင်းလင်းပြီးစီးမှု ဂုဏ်ပြုပွဲအခမ်းအနားသို့ တက်ရောက်
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်သည် ရန်ကုန်လျှပ်စစ် ဓာတ်အားပေးရေးကော်ပိုရေးရှင်းမှ တာဝန်ရှိသူများလိုက်ပါလျက် ၂၀၁၉ ခုနှစ် ဇန်နဝါရီလ (၅) ရက်နေ့ အင်းစိန် GTI ကျောင်းဝန်းတွင် ကျင်းပပြုလုပ်သော အင်းစိန်မြို့နယ်အတွင်း ရှုပ်ထွေးဆားဗစ်ကြိုးများ ရှင်းလင်းပြီးစီးမှုဂုဏ်ပြုအခမ်းအနားသို့ တက်ရောက်ချီးမြှင့် ခဲ့ပါသည်။


Read More...

Post under by : ဝန်ကြီးရုံး
: 05-Jan-2019