The Republic of the union of myanmar

Ministry Of Electricity And Energy

Breaking News :

နောက်ဆုံးရသတင်း


၆၆ကေဗွီ ငရုတ်ကောင်းတောင်-ငရုတ်ကောင်းမြို့ ဓာတ်အားလိုင်း(၁၅.၅၄)မိုင် တည်ဆောက်ပြီးစီးပြီဖြစ်
ဧရာဝတီတိုင်းဒေသကြီး ငရုတ်ကောင်းတောင်မြို့နယ်နှင့် ငရုတ်ကောင်းမြို့နယ်များရှိ ဒေသခံပြည်သူများ နိုင်ငံတော်ဓာတ်အားစနစ်မှ လျှပ်စစ်ဓာတ်အားကို ရရှိသုံးစွဲနိုင်ရေး၊ ဗို့အားပြည့်ဝစွာ သုံးစွဲနိုင်ရေးတို့အတွက် ၆၆ကေဗွီ ငရုတ်ကောင်းတောင် - ငရုတ်ကောင်းမြို့ ဓာတ်အားလိုင်း (၁၅.၅၄)မိုင် နှင့် ၆၆/၃၃/၁၁ ကေဗွီ (၁၀) အမ်ဗွီအေ ငရုတ်ကောင်းမြို့ ဓာတ်အားခွဲရုံတည်ဆောက်ရေးစီမံကိန်း အား (၁.၁၁.၂၀၁၇) ရက်နေ့မှစ၍ အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ရာ(၂၃.၁၂.၂၀၁၈) ရက်နေ့တွင် ပြီးစီးခဲ့သဖြင့် ငရုတ်ကောင်းမြို့နှင့် အနီးပတ်ဝန်းကျင်ကျေးရွာ (၃၈) ရွာရှိ အိမ်ထောင်စုပေါင်း (၅၉၂၄) စုသို့ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးပေးနိုင်မည်ဖြစ်ပါသည်။


Read More...

Post under by : လျှပ်စစ်ဓာတ်အားပို့လွှတ်ရေးနှင့်ကွပ်ကဲရေးဦးစီးဌာန(DPTSC)
: 02-Jan-2019
၆၆ကေဗွီ ပုသိမ် - ငွေဆောင် ဓာတ်အားလိုင်း(၁၄.၉၂)မိုင် တည်ဆောက်ပြီးစီးပြီဖြစ်
ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့နယ်နှင့် ငွေဆောင်မြို့နယ်များရှိ ဒေသခံပြည်သူ များ နိုင်ငံတော်ဓာတ်အားစနစ်မှ လျှပ်စစ်ဓာတ်အားကို ရရှိသုံးစွဲနိုင်ရေး၊ ဗို့အားပြည့်ဝစွာ သုံးစွဲနိုင်ရေးတို့အတွက် ၆၆ကေဗွီ ပုသိမ် - ငွေဆောင် ဓာတ်အားလိုင်း (၁၄.၉၂)မိုင် နှင့် ၆၆/၁၁ ကေဗွီ (၅) အမ်ဗွီအေ ငွေဆောင်ဓာတ်အားခွဲရုံတည်ဆောက်ရေးစီမံကိန်း အား (၉.၂.၂၀၁၆) ရက်နေ့မှစ၍ အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ရာ (၂၁.၁၂.၂၀၁၈) ရက်နေ့ တွင် ပြီးစီးခဲ့သဖြင့် ငွေဆောင်မြို့နှင့် အနီးပတ်ဝန်းကျင်ကျေးရွာ (၁၅) ရွာရှိ အိမ်ထောင်စု ပေါင်း (၄၈၁၇) စုသို့ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးပေးနိုင်မည်ဖြစ်ပါသည်။


Read More...

Post under by : လျှပ်စစ်ဓာတ်အားပို့လွှတ်ရေးနှင့်ကွပ်ကဲရေးဦးစီးဌာန(DPTSC)
: 02-Jan-2019
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင် ၂၃၀ ကေဗွီ ရွှေဘို ပင်မဓာတ်အားခွဲရုံတည်ဆောက်နေမှု အခြေအနေအား ကြည့်ရှုစစ်ဆေး
       လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်သည် တာဝန်ရှိသူများ လိုက်ပါလျက် ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ ၃၁ ရက်နေ့ မွန်းလွဲပိုင်းတွင် ရွှေဘိုမြို့၊ ရွှေဘို- မြစ်ကြီးနား ပြည်ထောင်စုလမ်းမကြီးဘေးရှိ ၂၃၀ ကေဗွီ ရွှေဘိုပင်မဓာတ်အားခွဲရုံ တည်ဆောက် ရေး စီမံကိန်းလုပ်ငန်းခွင်သို့ ရောက်ရှိပါသည်။ ဒုတိယဝန်ကြီးနှင့်အဖွဲ့အား ရွှေဘိုပင်မဓာတ်အားခွဲရုံတည်ဆောက်ရေးစီမံကိန်း ယာယီ ရှင်းလင်းဆောင်တွင် ဓာတ်အားပို့လွှတ်ရေးစီမံကိန်း(မြောက်ပိုင်း) စီမံကိန်းညွှန်ကြားရေးမှူးက ၂၃၀ ကေဗွီ ဗန်းမော်- နဘား- ရွှေဘို- အုန်းတော ဓာတ်အားလိုင်း တည်ဆောက်ခြင်းလုပ်ငန်းနှင့် ပတ်သက်၍ လည်းကောင်း၊ ဗန်းမော်ပင်မဓာတ်အားခွဲရုံ၊ နဘားပင်မဓာတ်အားခွဲရုံ၊ ရွှေဘိုပင်မ ဓာတ်အားခွဲရုံများ အသစ်တည်ဆောက်ခြင်း လုပ်ငန်းများနှင့် ပတ်သက်၍ လည်းကောင်း ဆောင်ရွက်မှု အခြေအနေများကို ရှင်းလင်းတင်ပြပါသည်။


Read More...

Post under by : ဝန်ကြီးရုံး
: 31-Dec-2018
မော်တော်ယာဉ်သုံး သဘာဝဓာတ်ငွေ့ (CNG) အရောင်းဆိုင် (ပုလဲနှင့် ထောက်ကြန့်) တို့၏ ဓာတ်ငွေ့ဖြန့်ဖြူးရောင်းချနေမှုအခြေအနေနှင့် မှော်ဘီမြို့နယ်ရှိ အမှတ် (၄) ဓာတ်မြေဩဇာ စက်ရုံ(မြောင်းတကာ) များသို့ ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင် သွားရောက်ကြည့်ရှု စစ်ဆေး
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်သည် အမြဲတမ်းအတွင်းဝန် ဦးတင်မောင်ဦးနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ လိုက်ပါလျက် ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ ၃၀ ရက်နေ့ နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ ပုလဲမြို့ရှိ မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း၊ မော်တော်ယာဉ်သုံး သဘာဝဓာတ်ငွေ့ အရောင်းဆိုင်အမှတ်(၀၀၈) ၏ မော်တော်ယာဉ်များသို့ CNG ဖြန့်ဖြူးရောင်းချနေမှုများအား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပါသည်။


Read More...

Post under by : ဝန်ကြီးရုံး
: 30-Dec-2018
မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ မြင်းခြံမြို့နယ်အတွင်း ကုက္ကဲကျေးရွာအပါအဝင် ကျေးရွာ ၅၈ ရွာ လျှပ်စစ်ဓာတ်အားပို့လွှတ်
မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ မြင်းခြံမြို့နယ်အတွင်း ကုက္ကဲကျေးရွာအပါ အဝင် ကျေးရွာ ၅၈ ရွာ လျှပ်စစ်ဓာတ်အားရရှိရေးအတွက် မန္တလေး-မြို့သာစက်မှုဥယျာဉ် တည်ဆောက်ရေး စီမံကိန်း၏ ကုန်ကျစရိတ်ဖြင့် ၆၆ ကေဗွီ ဓာတ်အားလိုင်း ၃.၄ မိုင်နှင့် ၆၆/၁၁ ကေဗွီ၊ ၅ အမ်ဗွီအေ ကုက္ကဲဓာတ်အားခွဲရုံတို့အား (၄-၁၂-၂၀၁၈)ရက်နေ့တွင် တည်ဆောက်ပြီး ဖြစ်ရာ ကုက္ကဲဒေသမီးလင်းရန် လျာထားကျေးရွာ (၅၈) ရွာအနက်မှ စုစုပေါင်းကျေးရွာ (၃၅) ရွာနှင့် ယုန်ထိုးတိုက်နယ်ဆေးရုံ (၁) ရုံတို့ကို (၁၃-၁၂-၂၀၁၈) ရက်နေ့တွင် ဓာတ်အားပို့လွှတ် သုံးစွဲ စေခဲ့ပြီး ကျန်ရှိသော ကျေးရွာ (၂၃) ရွာတို့ကို အမြန်ဆုံးလျှပ်စစ်ဓာတ်အားသုံးစွဲနိုင်ရေး ဆက်လက်ဆောင်ရွက်လျက်ရှိပါသည်။


Read More...

Post under by : မန္တလေးလျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း(MESC)
: 28-Dec-2018