The Republic of the union of myanmar

Ministry Of Electricity And Energy

Breaking News :

နောက်ဆုံးရသတင်း


မြန်မာ့ကမ်းလွန်လုပ်ကွက်အမှတ် A-6 တွင် တူးဖော်ခဲ့သည့် တွင်းအမှတ် ရွှေရည်ထွန်း-၂ မှ သဘာဝဓာတ်ငွေ့တွေ့ရှိမှု သတင်းထုတ်ပြန်ခြင်းအခမ်းအနားကျင်းပသည့်သတင်း
မြန်မာ့ကမ်းလွန်လုပ်ကွက်အမှတ် A-6 တွင် တူးဖော်ခဲ့သည့် တွင်းအမှတ် ရွှေရည်ထွန်း-၂ မှ သဘာဝဓာတ်ငွေ့ တွေ့ရှိမှု သတင်းထုတ်ပြန်ခြင်းအခမ်းအနားကို ၂၀၁၈ ခုနှစ်၊ စက်တင်ဘာလ ၂၅ ရက်နေ့၊ ၁၃:၀၀ နာရီအချိန်တွင် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီး ဌာန၊ ရုံးအမှတ် (၂၇)၊ ရတနာခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။


Read More...

Post under by : ဝန်ကြီးရုံး
: 25-Sep-2018
ပုသိမ်မြို့၏ အနောက်မြောက်ဘက် ကီလိုမီတာ (၁၀၀) ခန့်အကွာရှိ အကဲဖြတ်တွင်း ရွှေရည်ထွန်း(၂) မှ သဘာဝဓာတ်ငွေ့ ထုတ်ယူနိုင်ကြောင်း စမ်းသပ်တွေ့ရှိ
   လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်သည် ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးလှမိုးအောင်၊ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်၊ ဧရာဝတီတိုင်းဒေသကြီးလျှပ်စစ်၊ စွမ်းအင်၊ စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးဝင်းဌေးနှင့် တာဝန်ရှိသူများလိုက်ပါလျက် ပုသိမ်မြို့၏ အနောက်မြောက်ဘက် (၁၀၂) ကီလိုမီတာ ခန့်အကွာကမ်းလွန်လုပ်ကွက်အမှတ် A-6 တွင် အကဲဖြတ်တွင်း ရွှေရည်ထွန်း (၂) ကို တူးဖော် နေသော တွင်းတူးစက် Dhirubhai Deep Water KG2 (DDKG2) သို့ ၂၂-၉-၂၀၁၈ ရက်နေ့ နံနက်ပိုင်းက သွားရောက်၍ တွင်းတူးဖော်စမ်းသပ်နေမှုအား ကြည့်ရှုစစ်ဆေးခဲ့ပါသည်။


Read More...

Post under by : ဝန်ကြီးရုံး
: 22-Sep-2018
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်မှ မြန်မာနိုင်ငံဆိုင်ရာ အီတလီနိုင်ငံ သံအမတ်ကြီး H.E. Mrs. Alessandra SCHIAVO အား လက်ခံတွေ့ဆုံဆွေးနွေး
          လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်သည် မြန်မာနိုင်ငံ ဆိုင်ရာ အီတလီနိုင်ငံ သံအမတ်ကြီး H.E. Mrs. Alessandra SCHIAVO အား ၂၀၁၈ ခုနှစ်၊ စက်တင်ဘာလ ၂၀ ရက်နေ့၊ ၁၅:၀၀ နာရီအချိန်တွင် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ရုံးအမှတ် (၂၇)၊ ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံခဲ့ပါသည်။


Read More...

Post under by : ဝန်ကြီးရုံး
: 20-Sep-2018
အသေးစားရေနံချက်လုပ်ငန်း (Mini Refinery) လုပ်ကိုင်လိုသူများလိုင်စင် လျှောက်ထားနိုင်ကြောင်းအသိပေးကြေညာခြင်း
၁။ အသေးစားရေနံချက်လုပ်ငန်း (Mini Refinery) လုပ်ကိုင်ဆောင်ရွက်လိုသူ မြန်မာနိုင်ငံသား (သို့မဟုတ်) နိုင်ငံသားပိုင်ကုမ္ပဏီ/အဖွဲ့အစည်းများသည် အောက်ပါအချက်အလက်များနှင့် အတူ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ မြန်မာ့ရေနံဓာတုဗေဒလုပ်ငန်းသို့ လိပ်မူ၍လျှောက်ထားနိုင်ပါသည်-


Read More...

Post under by : မြန်မာ့ရေနံဓာတုဗေဒလုပ်ငန်း(MPE)
: 13-Sep-2018
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်းနှင့် ရွှေလီ (၁) ရေအားလျှပ်စစ်ကုမ္ပဏီလီမိတက်တို့အကြား (၁၀) ကြိမ်မြောက် လျှပ်စစ်ဓာတ်အားဝယ်ယူရေး သဘောတူစာချုပ် လက်မှတ်ရေးထိုးပွဲ အခမ်းအနား ကျင်းပသည့်သတင်း
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်းနှင့် ရွှေလီ (၁) ရေအားလျှပ်စစ်ကုမ္ပဏီလီမိတက်တို့အကြား (၁၀) ကြိမ်မြောက်လျှပ်စစ်ဓာတ်အား ဝယ်ယူရေးသဘောတူစာချုပ် (PPA) လက်မှတ်ရေးထိုးခြင်းအခမ်းအနားကို ၂၀၁၈ ခုနှစ်၊ စက်တင်ဘာလ (၁၂) ရက်နေ့၊ ညနေ (၀၆:၀၀) နာရီအချိန်တွင် Horizon Lake View Resort Hotel ၊ နေပြည်တော်၌ ကျင်းပပြုလုပ်ခဲ့ပါသည်။


Read More...

Post under by : ဝန်ကြီးရုံး
: 12-Sep-2018