The Republic of the union of myanmar

Ministry Of Electricity And Energy

Breaking News :

နောက်ဆုံးရသတင်း


ထားဝယ်အထူးစီးပွားရေးဇုန် ကနဦးစီမံကိန်း ရှေ့ဆက်လက်အကောင်အထည်ဖော်ဆောင်ရွက်ရေးနှင့် မြေငှားစာချုပ်နှင့် ပတ်သက်သည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်သည့်သတင်း
ထားဝယ်အထူးစီးပွားရေးဇုန် ကနဦးစီမံကိန်း ရှေ့ဆက်လက်အကောင်အထည်ဖော်ဆောင်ရွက်ရေး နှင့် မြေငှားစာချုပ်နှင့်ပတ်သက်သည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးအား လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီး ဌာန အစည်းအဝေးခန်းမ ရုံးအမှတ်(၂၇) နေပြည်တော်၌ ၁၂-၉-၂၀၁၈ ရက်နေ့ နံနက်တွင် ကျင်းပ ပြုလုပ်ခဲ့ပါသည်။


Read More...

Post under by : ဝန်ကြီးရုံး
: 12-Sep-2018
နေပြည်တော်ကောင်စီနယ်မြေ၊ ပျဉ်းမနားမြို့နယ်၊ အမှတ်(၃) အခြေခံပညာ အထက်တန်းကျောင်းတွင် ဆောက်လုပ်လှူဒါန်းခဲ့သော သုံးထပ်ကျောင်းဆောင်သစ် ဖွင့်ပွဲနှင့် လွှဲပြောင်းပေးအပ်ပွဲအခမ်းအနားကျင်းပပြုလုပ်သည့်သတင်း
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းနှင့် အကျိုးတူ ပူးပေါင်းဆောင်ရွက်နေသော အရှေ့တောင်အာရှ ရေနံစိမ်းပိုက်လိုင်းစီမံကိန်းက ဆောက်လုပ်လှူဒါန်းခဲ့သော အလျား ၂၁၀ʹ x အနံ ၃၀ʹ x အမြင့် ၃၆ʹ သုံးထပ် ကျောင်းဆောင်သစ်ဖွင့်ပွဲနှင့် လွှဲပြောင်းပေးအပ်ပွဲအခမ်းအနားကို နေပြည်တော်ကောင်စီ နယ်မြေ၊ ပျဉ်းမနားမြို့နယ်၊ အမှတ်(၃) အခြေခံပညာ အထက်တန်းကျောင်း၌ ၂၀၁၈ ခုနှစ်၊ စက်တင်ဘာလ ၇ ရက်နေ့၊ ၀၈:၀၀ နာရီအချိန်တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။


Read More...

Post under by : ဝန်ကြီးရုံး
: 07-Sep-2018
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းမှ ဆောင်ရွက်လျက် ရှိသော စီမံကိန်းလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်နေမှုများနှင့် ပတ်သက်သည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်သည့်သတင်း
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းမှ ဆောင်ရွက် လျက်ရှိသော စီမံကိန်းလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်နေမှုများနှင့်ပတ်သက်သည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ၂၀၁၈ ခုနှစ်၊ စက်တင်ဘာလ ၅ ရက်နေ့၊ ၀၉:၀၀ နာရီ အချိန်တွင် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ရုံးအမှတ် (၂၇)၊ အစည်းအဝေးခန်းမ၌ ကျင်းပ ပြုလုပ်ခဲ့ပါသည်။


Read More...

Post under by : ဝန်ကြီးရုံး
: 06-Sep-2018
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှရှမ်းပြည်နယ် (မြောက်ပိုင်း)၊ မိုးမိတ်မြို့အနီး၊ ရွှေလီမြစ်ပေါ်ရှိရွှေလီ (၃) ရေအားလျှပ်စစ်စီမံကိန်းဆက်လက်အကောင်အထည်ဖော် တည်ဆောက်နိုင်ရန်အတွက် Notice to Proceed ပေးအပ်သည့် အခမ်းအနားကျင်းပပြုလုပ်
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ မိုးမိတ်မြို့၏ မြောက်ဘက် ၁၂ မိုင်ခန့်အကွာ ရွှေလီမြစ်ပေါ်ရှိရွှေလီ (၃) ရေအားလျှပ်စစ်စီမံကိန်း ဆက်လက်အကောင်အထည်ဖော် တည်ဆောက်နိုင်ရန်အတွက် Notice to Proceed (NTP) ပေးအပ်သည့်အခမ်းအနားကို ၂၀၁၈ ခုနှစ်၊ စက်တင်ဘာလ ၅ ရက်နေ့၊ ညနေ ၀၆:၀၀ နာရီအချိန်တွင် Horizon Lake View Hotel၊ နေပြည်တော်၌ ကျင်းပပြုလုပ်ခဲ့ပါသည်။


Read More...

Post under by : ဝန်ကြီးရုံး
: 05-Sep-2018
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ၊ ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင် မန္တလေးတိုင်းဒေသကြီး ၊ ကျောက်ဆည်ဒေသတွင် တည်ဆောက်မည့် ၁၄၅ မဂ္ဂါဝပ် ဓာတ်အားပေးစက်ရုံအတွက် Gas Engine များ အလုံ အပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်းသို့ ရောက်ရှိမှုအား စစ်ဆေးကြည့်ရှုသည့်သတင်း
မန္တလေးတိုင်းဒေသကြီး ၊ ကျောက်ဆည်ဒေသ ၊ ဘဲလင်း ၂၃၀ ကေဗွီ ဓာတ်အား ခွဲရုံတွင် Powergen Kyaukse Company Limited မှ အကောင်အထည်ဖော် ဆောင်ရွက်မည့် ၁၄၅ မဂ္ဂါဝပ် Gas Engine ဓာတ်အားပေးစက်ရုံ တည်ဆောက်ခြင်းလုပ်ငန်းအတွက် အီတလီနိုင်ငံတွင် တည်ဆောက်ထုတ်လုပ်ခဲ့သော Wartsila ကုမ္ပဏီမှ ၁၈မဂ္ဂါဝပ် အင်ဂျင်စက် (၈) လုံးသည် အီတလီ နိုင်ငံ၊ Trieste ဆိပ်ကမ်းမှ မြန်မာနိုင်ငံ ၊ ရန်ကုန်မြို့၊ အလုံ အပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်းသို့ ၁.၉.၂၀၁၈ ရက်နေ့တွင် ဆိုက်ရောက်ခြင်းအား လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်မှ သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ပါသည်။


Read More...

Post under by : ဝန်ကြီးရုံး
: 02-Sep-2018