၆၆ကေဗွီပုဏ္ဏားကျွန်း - ရသေ့တောင်ဓာတ်အားလိုင်း (၂၂.၂)မိုင်နဲ့၆၆/၁၁ကေဗွီ၊ (၅)အမ်ဗွီအေ ရသေ့တောင်ဓာတ်အားခွဲရုံမှ ရသေ့တောင်မြို့သို့ လျှပ်စစ်ဓာတ်အားစတင်ပို့လွှတ်ခြင်း
၁။ ရခိုင်ပြည်နယ်အတွင်း ဓာတ်အားစနစ်မှ ဓာတ်အားမရရှိသေးသည့် ရသေ့တောင်၊ ဘူးသီးတောင်၊ မောင်တောမြို့နဲ့ ပတ်ဝန်းကျင်ဒေသများမှာ အမြန်ဆုံး လျှပ်စစ်ဓာတ်အားရရှိရေး ဆောင်ရွက်သွားရန် လမ်းညွှန်ချက်များအရ စီမံကိန်းလုပ်ငန်းများကို ၂၀၁၇ ခုနှစ်၊ စက်တင်ဘာလမှ စတင်၍ အကောင် အထည်ဖော်ဆောင်ရွက်ခဲ့ရာ ၆၆ ကေဗွီ ပုဏ္ဏားကျွန်း - ရသေ့တောင် ဓာတ်အားလိုင်း(၂၂.၂)မိုင်၊ ၂၃၀ ကေဗွီ ပုဏ္ဏားကျွန်း ဓာတ်အားခွဲရုံ Switch Bay တိုးချဲ့ တည်ဆောက်ခြင်း နှင့် ၆၆/၁၁ ကေဗွီ၊ (၅) အမ်ဗွီအေ ရသေ့တောင်ဓာတ်အားခွဲရုံ တည်ဆောက်ခြင်းလုပ်ငန်းများမှာ ဆောင်ရွက်ပြီးစီးပြီ ဖြစ်သဖြင့် ရသေ့တောင်မြို့အား (၂၅-၃-၂၀၁၈) ရက်နေ့ မှစတင်ကာ နိုင်ငံတော် ဓာတ်အားစနစ်ဖြင့် ဓာတ်အား ပို့လွှတ်ထားပြီးဖြစ်ပါသည်။
Read More...
Post under by : ဝန်ကြီးရုံး
: 30-Mar-2018
လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်းနှင့် ရွှေစွမ်းအင်ကုမ္ပဏီလီမိတက်တို့အကြား ဆဋ္ဌမအကြိမ်မြောက် လျှပ်စစ်ဓာတ်အားဝယ်ယူရေး သဘောတူစာချုပ် လက်မှတ်ရေးထိုးပွဲအခမ်းအနား ကျင်းပပြုလုပ်
နေပြည်တော်၊ ၂၀၁၈ ခုနှစ်၊ မတ်လ ( ၂၈ ) ရက်
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်းနှင့် ရွှေစွမ်းအင် ကုမ္ပဏီလီမိတက်တို့အကြား ဆဋ္ဌမအကြိမ်မြောက် လျှပ်စစ်ဓာတ်အားဝယ်ယူရေး သဘောတူစာချုပ် လက်မှတ်ရေးထိုးပွဲအခမ်းအနားကို ၂၀၁၈ ခုနှစ်၊ မတ်လ ၂၈ ရက်နေ့၊ ၁၈:၃၀ နာရီအချိန်တွင် နေပြည်တော် Horizontal Lake View Resort Hotel ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
Read More...
Post under by : ဝန်ကြီးရုံး
: 29-Mar-2018
ရွှေကျင်ရေလှောင်တမံအတွင်းကျရောက်ခဲ့သည့် ကျေးရွာမြေများအတွက် ထောက်ပံ့ငွေ ပေးအပ်ပွဲအခမ်းအနားကျင်းပ
ရွှေကျင်ရေလှောင်တမံအတွင်း ကျရောက်ခဲ့သည့် ကျေးရွာမြေများအတွက် ထောက်ပံ့ ငွေပေးအပ်ပွဲအခမ်းအနားကို (၂၇-၃-၂၀၁၈) ရက်နေ့ (၀၈:၀၀) နာရီတွင် ပဲခူးတိုင်းဒေသကြီး၊ ရွှေကျင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ကျင်းပခဲ့ရာ တိုင်းဒေသကြီး လျှပ်စစ်နှင့်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးသန်းဝင်းနှင့် ကရင်တိုင်းရင်းသား ရေးရာဝန်ကြီး ဒေါ်နော်ပွယ်ဆေး၊ လွှတ်တော်ကိုယ်စားလှယ်များ၊ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ရေအားလျှပ်စစ်အကောင်အထည်ဖော်ရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိ သူများ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များ၊ ကျေးရွာများမှဒေသခံပြည်သူများ တက်ရောက်ခဲ့ကြပါသည်။
Read More...
Post under by : ရေအားလျှပ်စစ်အကောင်အထည်ဖော်ရေးဦးစီးဌာန(DHPI)
: 28-Mar-2018
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ လျှပ်စစ်နှင့်စွမ်းအင်ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများအား ကြည့်ရှုစစ်ဆေးသည့်သတင်း
နေပြည်တော်၊၂၀၁၈ခုနှစ်၊မတ်လ ( ၂၄ ) ရက်
ရန်ကုန်တိုင်းဒေသကြီး၊ရန်ကုန်အနောက်ပိုင်းခရိုင်၊ ကမာရွတ်မြို့နယ်အတွင်းရှိ ပြည်သူများ လျှပ်စစ်ဓာတ်အားကောင်းမွန်စွာသုံးစွဲနိုင်ရေး၊ ဗို့အားစနစ်တည်ငြိမ်မှုရှိစေရေး၊ ဓာတ်အားပျောက် ဆုံးမှုလျော့ချနိုင်ရေးအတွက် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်သည် ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်၊ အမြဲတမ်းအတွင်းဝန် ဦးတင်မောင်ဦးနှင့် ရန်ကုန်လျှပ်စစ် ဓာတ်အားပေးရေးကော်ပိုရေးရှင်းမှ တာဝန်ရှိသူများလိုက်ပါလျက်၂ ၀၁၈ခုနှစ်၊ မတ်လ (၂၄) ရက်နေ့ နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်မြို့နယ်အတွင်းရှိ ၆၆-ကေဗွီ တက္ကသိုလ်ဓာတ်အား ခွဲရုံ၊ ၆၆ -ကေဗွီ MRTV-3 -ဓာတ်အားခွဲရုံ၊ ကမာရွတ်မြို့နယ်လျှပ်စစ်မန်နေဂျာရုံး၊ ၆၆-ကေဗွီ ဦးဝိစာရ (GIS) ဓာတ်အားခွဲရုံနှင့် ပစ္စည်းစီမံရေးဌာန၊ ပစ္စည်းသိုလှောင်ရုံတို့အား သွားရောက် ကြည့်ရှုစစ်ဆေးခဲ့ပါသည်။
Read More...
Post under by : ဝန်ကြီးရုံး
: 24-Mar-2018
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန အိမ်သုံးမီတာများသတ်မှတ်ကြေး (Infrastructure) နှုန်းထား ပြင်ဆင်သတ်မှတ်ကောက်ခံမည့်ကိစ္စအား အသိပေးကြေငြာခြင်း
လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းအနေဖြင့် အိမ်သုံးမီတာများအတွက် ၂၀၁၈ ခုနှစ်၊ ဧပြီလ ၁ ရက်နေ့မှ စတင်၍ ကောက်ခံမည့် အိမ်သုံးမီတာများ သတ်မှတ်ကြေး
Read More...
Post under by : လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်း(ESE)
: 22-Mar-2018