ခေါင်လန်ဖူးမြို့ လျှပ်စစ်ဓာတ်အားပိုမို တိုးမြှင့်ရရှိသုံးစွဲနိုင်ရေး
လျှပ်စစ်စွမ်းအင်ကို သက်ရှိတို့ အကျိုးဖြစ်ထွန်းမှုအတွက် နည်းလမ်းအမျိုးမျိုးဖြင့် ထုတ်ယူ သုံးစွဲလျက်ရှိကြသည်။ ယခုအခါ ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ခေါင်လန်ဖူးမြို့ ကဏ္ဍမျိုးစုံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လျှပ်စစ်ဓာတ်အား ပိုမိုတိုးမြှင့် သုံးစွဲနိုင်ရေး ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။ ထိုသို့ ဆောင်ရွက်ခဲ့မှုများနှင့်စပ်လျဉ်း၍ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းမှ ဦးဆောင်ညွှန်ကြားရေးမှူး ဦးစောဝင်းမောင်နှင့် တွေ့ဆုံမေးမြန်းခဲ့သည်များကို ရေးသားတင်ပြလိုက်ရပါသည်။
Read More...
Post under by : လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်း(ESE)
: 09-Mar-2018
မြန်မာ-တရုတ်-ဘင်္ဂလားဒေ့ရှ် ၃ နိုင်ငံအကြား လျှပ်စစ်ဓာတ်အားကုန်သွယ်ရေးအတွက် ဝန်ကြီးအဆင့် အစည်းအဝေးကျင်းပပြုလုပ်သည့်သတင်း
မြန်မာ - တရုတ် - ဘင်္ဂလားဒေ့ရှ် ၃ နိုင်ငံအကြား လျှပ်စစ်ဓာတ်အားကုန်သွယ်ရေးအတွက် ၂၀၁၈ခုနှစ်၊ မတ်လ ၈ ရက်နေ့တွင် အဆင့်မြင့်အရာရှိကြီးများ အစည်းအဝေးနှင့် မတ်လ ၉ ရက်နေ့ ဝန်ကြီးအဆင့် အစည်းအဝေးတို့ကို နေပြည်တော် Horizon Lake View Hotel ၌ ကျင်းပပြုလုပ် ခဲ့ပါသည်။
အဆိုပါအစည်းအဝေးသို့ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ အမျိုးသားစွမ်းအင်အုပ်ချုပ်ရေးအဖွဲ့ (National Energy Administration - NEA) ၏ Vice Administrator ဖြစ်သူ H.E. Mr. Li Fanrong၊ ဘင်္ဂလားဒေ့ရှ်ပြည်သူ့သမ္မတနိုင်ငံ လျှပ်စစ်စွမ်းအင်နှင့် သတ္တုအရင်းအမြစ်ဝန်ကြီးဌာန ဝန်ကြီး H.E. Dr. Tawfiq-e-ElahiChowdhury BB နှင့် စွမ်းအင်ဆိုင်ရာအဆင့်မြင့် အရာရှိကြီး များ တက်ရောက်ခဲ့ကြပါသည်။
Read More...
Post under by : ဝန်ကြီးရုံး
: 09-Mar-2018
“လေးမြို့ (၁) ရေအားလျှပ်စစ် စီမံကိန်းဆိုင်ရာ ဖြစ်မြောက်နိုင်စွမ်း လေ့လာမှု အစီရင်ခံစာ”နှင့်ပတ်သက်သည့် အလုပ်ရုံဆွေးနွေးပွဲ ကျင်းပပြုလုပ်သည့်သတင်း
“လေးမြို့ (၁) ရေအားလျှပ်စစ်စီမံကိန်းဆိုင်ရာ ဖြစ်မြောက်နိုင်စွမ်းလေ့လာမှုအစီရင် ခံစာ” နှင့်ပတ်သက်သည့် အလုပ်ရုံဆွေးနွေးပွဲအခမ်းအနားကို ၂၀၁၈ ခုနှစ်၊ မတ်လ ၈ ရက်နေ့ နံနက်ပိုင်းတွင် နေပြည်တော်ရှိ M Gallary ဟိုတယ်၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
အဆိုပါအလုပ်ရုံဆွေးနွေးပွဲအခမ်းအနားသို့ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးဝင်းခိုင်၊ ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်၊ ချင်းပြည်နယ်အစိုးရအဖွဲ့ဝင် စည်ပင် သာယာရေး၊ လျှပ်စစ်နှင့်စက်မှုလက်မှုဝန်ကြီး ဦးဆလိုင်းအိုက်ဆက်ခင်၊ အမြဲတမ်းအတွင်းဝန်၊ ဝန်ကြီးဌာနလက်အောက်ရှိ ဦးစီးဌာန/လုပ်ငန်းများမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင် ညွှန်ကြားရေးမှူးနှင့် တာဝန်ရှိသူများ၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံဆိုင်ရာ ပြင်သစ်နိုင်ငံ သံအမတ်ကြီး H.E. Mr. Oliver RICHARD နှင့် တာဝန်ရှိသူများ၊ လေးမြို့ (၁) ရေအား လျှပ်စစ်စီမံကိန်းအား အကျိုးတူပူးပေါင်းဆောင်ရွက်မည့် ပြင်သစ်နိုင်ငံ TRACTEBEL ENGINEERING S.A. ၊ ENGIE Group ၊ FASEP Club Guests တို့မှ တာဝန်ရှိ ပုဂ္ဂိုလ်များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြပါသည်။
Read More...
Post under by : ဝန်ကြီးရုံး
: 08-Mar-2018
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင် မြန်မာ့ရေနံဓာတုဗေဒလုပ်ငန်းမှ တာဝန်ရှိသူများနှင့်တွေ့ဆုံဆွေးနွေးသည့်သတင်း
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်သည် ဒုတိယဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်တို့နှင့်အတူ (၆-၃-၂၀၁၈) ရက်နေ့မွန်းလွဲပိုင်း၌ ရုံးအမှတ်(၂၇)၊ လျှပ်စစ် နှင့်စွမ်းအင်ဝန်ကြီးဌာန အစည်းအဝေးခန်းမတွင် မြန်မာ့ရေနံဓာတုဗေဒလုပ်ငန်းမှ ဦးဆောင် ညွှန်ကြားရေးမှုးနှင့် တာဝန်ရှိသူများ၊ လုပ်ငန်းဌာနကြီးကြပ်မှုအောက်ရှိ ရေနံချက်စက်ရုံများ၊ ဓာတ်မြေသြဇာစက်ရုံများ၊ ရေနံဓာတ်ငွေ့ရည်စက်ရုံများ၊ မက်သနောစက်ရုံ(ဆိပ်သာ)၊ ရေနံ ဓာတုဗေဒပစ္စည်းများ သယ်ယူ/ပို့ဆောင်/ဖြန့်ဖြူးရေးဌာနတို့မှ စက်ရုံမှူးများနှင့် တာဝန်ရှိသူ များအားတွေ့ဆုံ၍ လုပ်ငန်းဆောင်ရွက်မှု အခြေအနေများအား ဆွေးနွေးလမ်းညွှန်မှာကြားခဲ့ ပါသည်။
Read More...
Post under by : မြန်မာ့ရေနံဓာတုဗေဒလုပ်ငန်း(MPE)
: 07-Mar-2018
ခေါင်လံဖူးမြို့ မီးလင်းပြီ
၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၁၃ ရက်နေ့ နိုင်ငံတော်သမ္မတကြီး၏ ပူတာအို-ခေါင်လံဖူး ခရီးစဉ် လမ်းညွှန်ချက်အရ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၏ ညွှန်ကြားမှုဖြင့် ခေါင်လံဖူးမြို့အား မူလက ၁၈.၇၅ ကီလိုဝပ်အား မီးစက်များဖြင့် ဓာတ်အား ပေးထားရာမှ ခေါင်လံဖူးမြို့လုံးကျွတ် ဓာတ်အားဖြန့်ဖြူးပေးနိုင်ရန်အတွက် ၁၀ ကီလိုဝပ် မီးစက် (၃) လုံးအား ကားလမ်း မပေါက်သေးသဖြင့် လားများဖြင့် ခက်ခဲစွာ သယ်ယူပို့ဆောင်စေခဲ့ရာ ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် ခေါင်လံဖူးမြို့သို့ ရောက်ရှိခဲ့ပါသည်။ ခေါင်လံဖူးမြို့အား တိုးချဲ့ ဓာတ်အားဖြန့်ဖြူးပေးနိုင်ရန် ၄၀၀ ဗို့ ဓာတ်အားလိုင်း ၃၂၀၀ ပေ အသစ်တိုးချဲ့တည်ဆောက်ခဲ့ရာ ၂၀၁၈ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၇ ရက်နေ့တွင်ပြီးစီးခဲ့ပြီး ၂၀၁၈ ခုနှစ်၊ မတ်လ ၅ ရက်နေ့တွင် ၄၀၀ ဗို့ဓာတ်အားလိုင်း ၃၂၀၀ ပေနှင့် ၄၈.၇၅ ကီလိုဝပ် မီးစက်ဖွင့်ပွဲအခမ်းအနားအား ကျင်းပပြု လုပ်ခဲ့ရာ ၎င်းဖွင့်ပွဲသို့ နယ်မြေခံ တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး နေမျိုးဇော်၊ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးမြင့်ထွန်းနှင့် မြို့မိမြို့ဖ ဦးပီတာတို့မှ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီး ခေါင်လံဖူး မြို့လုံးကျွတ်နီးပါး မီးလင်းသွားပြီ ဖြစ်ကြောင်း တင်ပြအပ်ပါသည်။
Read More...
Post under by : ဝန်ကြီးရုံး
: 07-Mar-2018