The Republic of the union of myanmar

Ministry Of Electricity And Energy

Breaking News :

နောက်ဆုံးရသတင်း


ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင် ၂၃၀ ကေဗွီ လှိုင်သာယာ-ကျိုက်လတ်မဟာ ဓာတ်အားလိုင်း (၅၂.၂၆)မိုင် တည်ဆောက်ရေးလုပ်ငန်းခွင်၊ (၂၃၀/၆၆/၁၁) ကေဗွီ၊ (၁၀၀)အမ်ဗွီအေ ကျိုက်လတ် ဓာတ်အားခွဲရုံတည်ဆောက်ပြီးစီးမှုအခြေအနေ နှင့် မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်း၏ Data Center အား ကြည့်ရှုစစ်ဆေးသည့် သတင်း
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်သည် ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်၊ အမြဲတမ်းအတွင်းဝန် ဦးတင်မောင်ဦးနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ လိုက်ပါလျက် ၂၀၁၈ ခုနှစ်၊ ဖေဖော်ဝါရီလ(၂၅)ရက်နေ့ နံနက်ပိုင်းတွင် ၂၃၀ ကေဗွီ လှိုင်သာယာ-ကျိုက်လတ် မဟာဓာတ်အားလိုင်း(၅၂.၂၆)မိုင် တည်ဆောက်ရေးလုပ်ငန်းခွင်၏ တွံတေးမြို့နယ် အပိုင်း တာဝါတိုင်အမှတ်( ၇၂ )သို့ ရောက်ရှိပြီး စီမံကိန်းစခန်းအတွင်း ခင်းကျင်းပြသထားသော တည်ဆောက် ရေးလုပ်ငန်းခွင်သုံး စက်ပစ္စည်းကိရိယာများအား ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူ များက စက်ပစ္စည်းအသုံးပြုမှုအခြေအနေများအား လက်တွေ့သရုပ်ပြ၍ ရှင်းလင်းတင်ပြကြပါ သည်။ တင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီးက သိရှိလိုသည်များကို မေးမြန်းခဲ့ပြီး တာဝါတိုင် အမှတ်(၇၂)တွင် ကြိုးဆွဲခြင်းလုပ်ငန်းဆောင်ရွက်နေမှုအခြေအနေအား ကြည့်ရှုစစ် ဆေးခဲ့ပါသည်။


Read More...

Post under by : ဝန်ကြီးရုံး
: 25-Feb-2018
လျှပ်စစ်နှင့်စွမ်းအင်ကဏ္ဍကိစ္စရပ်များနှင့်ပတ်သက်၍ ကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်း ရှင်များ အသင်းချုပ်၊ မြန်မာနိုင်ငံစက်မှုကုန်ထုတ်လုပ်သူများအသင်းနှင့် ညှိနှိုင်းဆွေးနွေးပွဲ ကျင်းပပြုလုပ်သည့် သတင်း
လျှပ်စစ်နှင့်စွမ်းအင်ကဏ္ဍကိစ္စရပ်များနှင့် ပတ်သက်၍ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှု လက်မှုလုပ်ငန်းရှင်များအသင်းချုပ်၊ မြန်မာနိုင်ငံစက်မှုကုန်ထုတ်လုပ်သူများအသင်းနှင့် ညှိနှိုင်း ဆွေးနွေးပွဲကို ၂၀၁၈ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၄ ရက်နေ့၊ ၀၉:၀၀ နာရီအချိန်တွင် မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်၊ ရန်ကုန်မြို့၌ ကျင်းပပြုလုပ်ခဲ့ ပါသည်။


Read More...

Post under by : ဝန်ကြီးရုံး
: 24-Feb-2018
MYANMAR OIL AND GAS ENTERPRISE Our Ref : MD (15P)-3/6 (090) 2018 Dated : February 9, 2018
Invitation for "MOGE Geological Forum, 2018" Dear Geoscientists/Honorable Speakers, Myanmar Oil and Gas Enterprise, Ministry of Electricity and Energy will convene "MOGE Geological Forum, 2018" on themes "New Concepts, New Technologies, New Discoveries" at Mingalathiri Hotal, Nay Pyi Taw, Myanmar.


Read More...

Post under by : မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်း(MOGE)
: 21-Feb-2018
လျှပ်စစ်နှင့်စွမ်းအင်ကဏ္ဍဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့၏ ဒုတိယအကြိမ်အစည်းအဝေး ကျင်းပပြုလုပ်သည့်သတင်း
  လျှပ်စစ်နှင့်စွမ်းအင်ကဏ္ဍဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့၏ ဒုတိယအကြိမ် အစည်းအဝေး ကို ၂၀၁၈ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၁ ရက်နေ့၊ ၁၃:၀၀ နာရီအချိန်တွင် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။           အဆိုပါအစည်းအဝေးသို့ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်၊ ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်၊ အမြဲတမ်းအတွင်းဝန် ဦးတင်မောင်ဦး၊ ဦးစီးဌာန/လုပ်ငန်း/ကော်ပိုရေးရှင်းများမှ ဥက္ကဋ္ဌများ၊ ညွှန်ကြားရေးမှူးချုပ်များနှင့် ဦးဆောင်ညွှန်ကြားရေးမှူးများ၊ ဌာနဆိုင်ရာအကြီးအကဲ များ၊ နိုင်ငံတကာသံရုံးများမှ တာဝန်ရှိသူများ၊ သက်ဆိုင်ရာဝန်ကြီးဌာနများမှ ကိုယ်စားလှယ်များ၊ ဖွံ့ဖြိုးမှုမိတ်ဖက်အဖွဲ့ အစည်းများနှင့် ဘဏ္ဍာရေးဆိုင်ရာအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ ကြပါသည်။


Read More...

Post under by : ဝန်ကြီးရုံး
: 21-Feb-2018
ရေနံလက်ယက်တွင်းတိမ်များရှာဖွေ တူးဖော် ထုတ်လုပ်ခွင့်ပြုမိန့်(အသစ်) နှင့် (သက်တမ်းတိုး) များ ထုတ်ပေးလျက်ရှိခြင်းအား သတင်းထုတ်ပြန်ခြင်း
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနသည် ဒေသတွင်းစွမ်းအင်ဖူလုံရေးနှင့် အလုပ်အကိုင် အခွင့်အလမ်းများရရှိရေးရည်ရွယ်၍ ရေနံလက်ယက်တွင်းတိမ်များ ရှာဖွေ တူးဖော် ထုတ်လုပ် ခြင်းလုပ်ငန်း လုပ်ကိုင်ခွင့်အား စိစစ်ခွင့်ပြုထုတ်ပေးလျက်ရှိပါသည်။ ထိုသို့ ခွင့်ပြုပေးရာတွင် သက်ဆိုင်ရာတိုင်းဒေသကြီး/ ပြည်နယ်အစိုးရအဖွဲ့များမှ စည်းကမ်းသတ်မှတ်ချက်ဖြင့် ကိုက်ညီ စွာ ထောက်ခံတင်ပြလာသည့် လျှောက်လွှာများကို လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ လုပ်ထုံး လုပ်နည်းများနှင့်အညီ ထပ်မံစိစစ်၍ ခွင့်ပြုမိန့်များ ထုတ်ပေးခြင်းပါသည်။ လျှပ်စစ်နှင့်စွမ်းအင် ဝန်ကြီးဌာနအနေဖြင့် ၂၀၁၈ ခုနှစ်အတွက် သက်ဆိုင်ရာတိုင်းဒေသကြီးအစိုးရအဖွဲ့တို့မှ ထောက်ခံတင်ပြလာသည့် လုပ်ကွက်များအနက် သတ်မှတ်စည်းကမ်းများနှင့်ကိုက်ညီသော ပူးတွဲပါလုပ်ကွက်များဖြစ်သည့် မကွေးတိုင်းဒေသကြီးအတွင်း ရေနံလက်ယက်တွင်းတိမ်များရှာဖွေ တူးဖော် ထုတ်လုပ်ခွင့်ပြုမိန့် (သက်တမ်းတိုး)  လုပ်ကွက် ၁၉ ကွက်၊ (အသစ်)လုပ်ကွက် ၁၂ ကွက် စုစုပေါင်းလုပ်ကွက် ၃၁ ကွက် နှင့် မန္တလေးတိုင်းဒေသကြီးအတွင်း ခွင့်ပြုမိန့်(သက်တမ်းတိုး) လုပ်ကွက် ၁ ကွက် တို့ကို ခွင့်ပြုမိန့်များ ထုတ်ပေးလျက်ရှိပါကြောင်း သတင်းထုတ်ပြန်အပ်ပါသည်။


Read More...

Post under by : မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်း(MOGE)
: 19-Feb-2018