The Republic of the union of myanmar

Ministry Of Electricity And Energy

Breaking News :

နောက်ဆုံးရသတင်း


ခေါင်လံဖူးမြို့ မီးလင်းပြီ
  ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၁၃ ရက်နေ့ နိုင်ငံတော်သမ္မတကြီး၏ ပူတာအို-ခေါင်လံဖူးခရီးစဉ် လမ်းညွှန်ချက်အရ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီး ဌာန၊ ပြည်ထောင်စုဝန်ကြီး၏ညွှန်ကြားမှုဖြင့် ခေါင်လံဖူးမြို့အား မူလက ၁၈.၇၅ ကီလိုဝပ်အား မီးစက်များဖြင့် ဓာတ်အားပေးထားရာမှ ခေါင်လံဖူး မြို့လုံးကျွတ် ဓာတ်အားဖြန့်ဖြူးပေးနိုင်ရန်အတွက် ၁၀ ကီလိုဝပ် မီးစက် (၃) လုံးအား ကားလမ်းမပေါက်သေးသဖြင့် လားများဖြင့် ခက်ခဲစွာ သယ်ယူ ပို့ဆောင်စေခဲ့ရာ ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် ခေါင်လံဖူး မြို့သို့ ရောက်ရှိခဲ့ ပါသည်။


Read More...

Post under by : လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်း(ESE)
: 07-Mar-2018
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင် လျှပ်စစ်နှင့်စွမ်းအင်ကဏ္ဍ ကိစ္စရပ်များနှင့်ပတ်သက်၍ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင် ဝန်ကြီးများ တွေ့ဆုံ ဆွေးနွေးခြင်းနှင့် ကလောပင်မဓာတ်အားခွဲရုံအား ကြည့်ရှုစစ်ဆေးသည့် သတင်း
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်သည် ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများလိုက်ပါလျက် ၂၀၁၈ ခုနှစ်၊ မတ်လ ၄ ရက်နေ့ နံနက်ပိုင်းတွင် ရှမ်းပြည်နယ်၊ တောင်ကြီးမြို့ရှိ ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံးသို့ ရောက်ရှိပြီး ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင် ဝန်ကြီးများအားတွေ့ဆုံ၍ ရှမ်းပြည်နယ်အတွင်း အကောင်အထည်ဖော် ဆောင်ရွက်သွားမည့် လျှပ်စစ်နှင့်စွမ်းအင်ကဏ္ဍဆိုင်ရာ ကိစ္စရပ်များအား ပူးပေါင်းဆောင်ရွက် သွားရေးနှင့်ပတ်သက်၍ ညှိနှိုင်းဆွေးနွေးခဲ့ပါသည်။


Read More...

Post under by : ဝန်ကြီးရုံး
: 04-Mar-2018
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင် အထက်ကျိုင်းတောင်း ရေအားလျှပ်စစ်စီမံကိန်းအား ကြည့်ရှုစစ်ဆေးခြင်းနှင့် နမ့်စန်ပင်မဓာတ်အားခွဲရုံအား ကြည့်ရှု စစ်ဆေးသည့် သတင်း
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဦးဝင်းခိုင်၊ ဒုတိယဝန်ကြီး ဒေါက်တာ ထွန်းနိုင်၊ ရှမ်းပြည်နယ်လျှပ်စစ်၊စွမ်းအင်နှင့်စက်မှုဝန်ကြီး ဦးဆွေသိန်းနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများလိုက်ပါလျက် ၂၀၁၈ခုနှစ်၊ မတ်လ(၃)ရက်နေ့ နံနက်ပိုင်းတွင် နိုင်ငံတော်၏ လျှပ်စစ် ဓာတ်အားလိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ရန်နှင့် ရှမ်းပြည်နယ် (တောင်ပိုင်း)နှင့် ရှမ်းပြည်နယ် အရှေ့ပိုင်းအတွင်းရှိ ဒေသများသို့ လျှပ်စစ်ဓာတ်အား ပိုမိုဖြန့်ဖြူးပေး နိုင်ရန်ရည်ရွယ်၍ ကျိုင်းတောင်းမြို့၏ အနောက်တောင်ဘက်(၁၄) မိုင်ခန့်အကွာ၊ နမ့်တိန်ချောင်းပေါ်တွင် ရေအားလျှပ်စစ်အကောင်အထည်ဖော်ရေးဦးစီး ဌာန၊ အမှတ် (၅) တည်ဆောက်ရေးမှ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် အထက်ကျိုင်းတောင်းရေအားလျှပ်စစ်စီမံကိန်းသို့ ရောက်ရှိစစ်ဆေးခဲ့ ပါသည်။


Read More...

Post under by : ဝန်ကြီးရုံး
: 03-Mar-2018
ပြည်ထောင်စုဝန်ကြီးဦးဝင်းခိုင် ပအို့ဝ်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးရုံးဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များအား လျှပ်စစ်နှင့်စွမ်းအင်ကဏ္ဍကိစ္စရပ်များနှင့် ပတ်သက်၍ တွေ့ဆုံဆွေးနွေး
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်သည် မတ် ၂ရက် နံနက်ပိုင်းတွင် ရှမ်းပြည်နယ် (တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ဟိုပုံးမြို့ရှိပအို့ဝ်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသဦးစီးရုံးသို့ ရောက်ရှိပြီး ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များအားတွေ့ဆုံသည်။ ထိုသို့ တွေ့ဆုံဆွေးနွေးရာတွင် ပြည်ထောင်စုဝန်ကြီးက လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေး သည် မိမိတို့ဝန်ကြီးဌာနအတွက် အရေးကြီးသည့် ကဏ္ဍတစ်ခုပင်ဖြစ်ပါကြောင်း၊ လက်ရှိ ထုတ်လုပ်မှုအရ (၃၀၀၀) မဂ္ဂါဝပ်ရှိသဖြင့် နောင်လာမည့်(၂)နှစ် (၃)နှစ်တွင် နောက်ထပ် (၃၀၀၀)မဂ္ဂါဝပ် ခန့်လိုအပ်မည် ဖြစ်ကြောင်း၊


Read More...

Post under by : ဝန်ကြီးရုံး
: 02-Mar-2018
၂၀၁၈ခုနှစ်၊အာဆီယံစွမ်းအင်ဆိုင်ရာ ဆုတံဆိပ်များပြိုင်ပွဲအတွက် ပြိုင်ပွဲဝင်များဖိတ်ခေါ်ခြင်း
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ၊ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနနှင့် အာဆီယံစွမ်းအင် ဆိုင်ရာဗဟိုဌာန(ACE) တို့မှကြီးမှူး၍ ၂၀၁၈ ခုနှစ် စွမ်းအင်ထိရောက်စွာ အသုံးပြုထားသော အဆောက်အအုံများ (Energy Efficient Building) ပြိုင်ပွဲ၊ ပြန်ပြည့်မြဲစွမ်းအင်စီမံကိန်းများ (Renewable Energy Project) ပြိုင်ပွဲ၊အဆောက်အအုံနှင့်စက်ရုံများ၏ အကောင်းဆုံးစီမံ ခန့်ခွဲမှုစနစ်(Energy Management) ပြိုင်ပွဲ၊ စိမ်းလန်းအဆောက်အအုံများ (Green Building) ပြိုင်ပွဲများကို ကျင်းပမည်ဖြစ်ပြီး နိုင်ငံပိုင်ကဏ္ဍဣနှင့် ပုဂ္ဂလိကကဏ္ဍများမှ ပါဝင်ယှဉ်ပြိုင်နိုင် ကြပါသည်။


Read More...

Post under by : ဝန်ကြီးရုံး
: 28-Feb-2018