The Republic of the union of myanmar

Ministry Of Electricity And Energy

Breaking News :

ဆောင်းပါးများ


လျှပ်စစ်အန္တရာယ် သတိပြုဘွယ်
လျှပ်စစ်ဟာလူနေမှု အဆင့်မြင့်မားရေးနဲ့ ခေတ်မီဖွံ့ဖြိုး တိုးတက်သောနိုင်ငံ တစ်နိုင်ငံဖြစ်ဘို့ အတွက် မရှိမဖြစ် လိုအပ်ပါတယ်။ နိုင်ငံတစ်နိုင်ငံရဲ့ တိုးတက်မှုကို ကြည့်ရင် လျှပ်စစ်ဘယ်လောက်အထိ သုံးစွဲနိုင်ပြီလည်း ဆိုတဲ့အချက်လည်း ပါဝင်ပါတယ်။ ဒါ့ကြောင့် နိုင်ငံတိုင်းမှာ တစ်နှစ်ထက် တစ်နှစ် လျှပ်စစ်သုံးစွဲမှုတိုးမြှင့် နေတာ ဖြစ်ပါတယ်။ ကျွန်တော်တို့ နိုင်ငံမှာလဲ လျှပ်စစ်ဓာတ်အား ပိုမိုတိုးတက် ဖြန့်ဖြူးပေးလျက်ရှိပါတယ်။ ဆက်လက်တိုးတက် ဖြန့်ဖြူးပေးနိုင်ဘို့အတွက်လည်း ကြိုးပမ်းဆောင်ရွက်လျက်ရှိပါတယ်။ တစ်ပြည်လုံး မှာ ၁၉၈၈ ခုနှစ်က မီးသုံးသူ အိမ်ထောင်စု ငါးသိန်း ကျော်သာရှိခဲ့ရာမှ ယခုဆိုရင် မီးသုံးသူ အိမ်ထောင်စု ၂.၄ သန်းကျော် အထိရှိလာပြီဖြစ်ပါတယ်။ နှစ်စဥ် မီးသုံးသူ ၁၅% တိုးတက်လျက်ရှိပါတယ်။


Read More...

: 03-Jan-2018
ဓာတ်အားလိုင်းနှင့် နီးကပ်စွာ အလုပ်မလုပ်ကြပါနဲ့
ဓာတ်ကြိုးအောက်နဲ့နီးကပ်စွာအလုပ်မလုပ်ကြပါနဲ့xxxxxxxxxxxxအန္တရာယ်ရှိတယ်xxxxxxx တီဗွီလိုင်းများတွင် ထုတ်လွင့်လျက်ရှိသော လျှပ်စစ်အန္တရာယ် သတိပေး သီချင်းမှ သီချင်း စာသားကို သတိရမိပါသည်……လျှပ်စစ်ဓာတ်အားလိုင်းအောက်နှင့် ဓာတ်အားလိုင်းအနီးတွင် လုပ်ငန်း ဆောင်ရွက်ပါက လျှပ်စစ်အန္တရာယ်နှင့် ကြုံတွေ့ရမည် ဖြစ်ပါသည်။ လျှပ်စစ်ဓာတ်လိုက်မှု ဖြစ်စဉ်များ တွင် အများဆုံး ဖြစ်စဉ်ဖြစ်ပြီး ၂၀၁၅ ခုနှစ်အတွင်း ဇန်နဝါရီလမှ ဇူလိုင်လအထိ ဓာတ်လိုက်မှု ဖြစ်စဉ် ပေါင်း ၃၄ ခု ရှိခဲ့ရာ ဒဏ်ရာ ရရှိသူ ၁၁ ဦး၊ သေဆုံးသူ ၂၂ ဦးအထိ ရှိခဲ့ပါသည်။ ဓာတ်လိုက်မှု ဖြစ်စဉ် အချို့ကို ဖော်ပြရပါက……


Read More...

: 03-Jan-2018
လျှပ်စစ်စက်ကွင်းနှင့် ဓာတ်လိုက်မှု အန္တရာယ်
လျှပ်စစ်ပစ္စည်းများကိုင်တွယ်အသုံးပြုခြင်း၊ လျှပ်စစ်ဆိုင်ရာလုပ်ငန်းများဆောင်ရွက်ရာတွင် လျှပ်စစ်အသိမရှိခြင်း၊လျှပ်စစ်အသိရှိသော်လည်း သတိမမူခြင်း ကြောင့် လျှပ်စစ်အန္တရာယ်ဖြင့် ထိခိုက် ဒဏ်ရာ ရရှိခြင်း၊ အသက်ဆုံးရှုံးမှုများ၊ မီးလောင်မှုများနှင့် ကြုံတွေ့နေရပေသည်။ လျှပ်စစ်အန္တရာယ် ကြောင့် ထိခိုက်မှု၊ အသက်ဆုံးရှုံးမှု ဖြစ်ပွားရခြင်းတွင် အပိုင်း ၂ ပိုင်း ခွဲခြားနိုင်ပါသည်-


Read More...

: 03-Jan-2018
လျှပ်တားပစ္စည်းဖြင့်လျှပ်စစ်အန္တရာယ် ကြိုတင်ကာကွယ်
လျှပ်စစ်ဓာတ်အားသုံးစွဲသူ အများစုသည် ဗို့အားနိမ့် ၄၀၀/၂၃၀ ဗို့ ဓာတ်အားကိုသာ သုံးစွဲ၍ စက်မှု လုပ်ငန်းငယ်များ၊ အိမ်တွင်း လျှပ်စစ်ပစ္စည်းများ၊ အလင်းရောင်မီးများအတွက် အသုံးပြုကြပါသည်။ လျှပ်စစ်ဓာတ်အားသုံးစွဲသူများအတွက် ဓာတ်လိုက်မှု ဖြစ်စဉ်အများစုသည် ၄၀၀/၂၃၀ ဗို့ ဓာတ်အားသုံးစွဲမှုများကြောင့်ဖြစ်ပွားမှုသည် အများဆုံးဖြစ်ပါသည်။ လျှပ်စစ်ဓာတ်လိုက်မှုသည် ကိုင်တွယ် အသုံးပြုသော လျှပ်စစ်ပစ္စည်း၊ ဓာတ်အားလိုင်းကြိုးမှ တဆင့်လူ၏ခန္ဓာကိုယ်ကို ဓာတ်အား ဖြတ်သန်း စီးဆင်းခြင်းကြောင့်ဖြစ်ပါသည်။ လျှပ်စစ်ပစ္စည်းများ သုံးစွဲရာတွင် လည်းကောင်း၊ လျှပ်စစ်ဖြင့်လုပ်ငန်းများ ဆောင်ရွက်ရာတွင်လည်းကောင်း လျှပ်စစ်အသိ လျှပ်စစ်သတိဖြင့် ဆောင်ရွက်ရပါမည် ။ ရာဘာ လက်အိတ်၊ ရာဘာ ဖိနပ်စသည့်လျှပ်စစ် ဖြတ်သန်း မစီးဆင်းနိုင်သော လျှပ်တား ပစ္စည်းများ အသုံးပြု၍ ကိုင်တွယ်ဆောင်ရွက်ရပါမည်။


Read More...

: 03-Jan-2018
လျှပ်စစ်အလင်းတန်း မယ်စဲ့မြို့သို့ရောက်ပြီ
မယ်စဲ့မြို့သည် ကယားပြည်နယ်အတွင်းရှိ ထိုင်းနိုင်ငံနှင့် ကပ်လျက်ရှိသော နယ်စပ်မြို့ဖြစ်ပါ သည်။ ရာသီဥတုအနေဖြင့် ပူအိုက်စွတ်စိုသော ရာသီဥတုရှိပြီး မိုးရေချိန် ပျမ်းမျှ ၄၃.၀၄ လက်မခန့် ရွာသွန်းပါသည်။ ပင်လယ်ရေမျက်နှာပြင်အထက် ၁၄၅၀ ပေတွင် တည်ရှိပါသည်။ ရှမ်း၊ ကချင်၊ ကရင်၊ ချင်း၊ ဗမာ၊ ရခိုင် လူမျိုးများ နေထိုင်ကြပြီး လယ်ယာစိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများဖြင့် အသက် မွေးဝမ်းကျောင်းဆောင်ရွက်ကြပါသည်။ မယ်စဲ့မြို့ကို ၁၉၉၀ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့ကစ၍ ဒီဇယ်ဓာတ်အားပေးစက်ဖြင့် ညပိုင်း အချိန်အပိုင်းဖြင့်သာ ဓာတ်အားဖြန့်ဖြူးပေးခဲ့ရပါသည်။ နိုင်ငံတော်အစိုးရအနေဖြင့်လျှပ်စစ်ဓာတ်အား ရရှိရေးလုပ်ငန်းကိုလည်း ဦးစားပေးလုပ်ငန်းအဖြစ် ဆောင်ရွက်လျက်ရှိရာတွင် ထိုင်းနိုင်ငံနှင့် နယ်စပ် ကုန်သွယ်ရေးမြို့ ဖြစ်လာမည့် မယ်စဲ့မြို့ဓာတ်အားပြည့်ဝစွာ ရရှိရေးကိုလည်း ဆောင်ရွက်ခဲ့ပါသည်။


Read More...

: 03-Jan-2018