သတိပြုဖွယ် လျှပ်စစ်အန္တရာယ် (၃)
သုံးတတ်လျှင် ဆေး ၊ မသုံးတတ်လျှင် ဘေး ဆိုရိုးစကား ရှိပါသည် ။ လျှပ်စစ်သည်လည်း သုံးတတ်လျှင် အကျိုးများစွာ ရှိသလို မသုံးတတ်လျှင် လျှပ်စစ်အန္တရာယ် နှင့် ကြုံတွေ့ကြရမည် ဖြစ်ပါသည် ။ လျှပ်စစ်အန္တရာယ်ဟူသည် ဓာတ်လိုက်၍ အသက်ဆုံးရှုံးမှု ၊ ခန္တာကိုယ် မသန်စွမ်းမှု ဖြစ်စဉ်များ ၊ Wire Short ဖြစ်ပြီး မီးလောင်၍ ပစ္စည်း ဥစ္စာဆုံးရှုံးမှု ဖြစ်စဉ်များပင် ဖြစ်ပါသည် ။
ဓာတ်အားလိုင်းများ အနီးနှင့် ဓာတ်အားလိုင်းများ အောက်တွင် ယာဉ်များပေါ်မှ သတိမထားဘဲ လုပ်ငန်းဆောင်ရွက်မှုများကြောင့်……..၂၀၁၂ ခုနှစ် ဧပြီလ ၁၈ ရက်နေ့က မန္တလေးမြို့တွင် ၁၃၂ ကေဗွီ ဓာတ်အားလိုင်းအောက်ရှိ အမှိုက်ပုံပေါ်သို့ စည်ပင်အမှိုက်သိမ်းယာဉ်မှ အမှိုက်များသွန်ချရာ သန့်ရှင်းရေး အလုပ်သမားမှ အုန်းလက်အစိုကိုင်းကို အပေါ်ထောင်၍ ကိုင်ဆောင်ပြီး ပစ်ချရာတွင် ၁၃၂ ကေဗွီ ဓာတ်အားလိုင်း လျှပ်စစ်စက်ကွင်းအတွင်းကျရောက်၍ သန့်ရှင်းရေး အလုပ်သမား ဓာတ်လိုက်သေဆုံးမှု ဖြစ်ပွားခဲ့……
Read More...